Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင်ပြည်နယ်တွင် နယ်စပ်ခြံစည်းရိုးကာရန် ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက ကျပ်သိန်းပေါင်း သုံးသောင်းကျော် လှူဒါန်း

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
ပြည်တွင်း
yangonmedia
အဆိုပါလှူဒါန်းခြင်းအခမ်းအနားကို စက်တင်ဘာ ၁ဝ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာချုပ်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား ခဲ့ကြောင်း လည်းသိရသည်။
''အနောက်တံခါးလုံခြုံရေးအတွက် လှူဒါန်းတာပါ''ဟု ဖောင် ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၂ ရက်က ပြောသည်။
ထို့ပြင် နယ်စပ်ခြံစည်းရိုးကာရံခြင်းအတွက် Gate Ways Group of Co.,Ltd က ငွေကျပ် ၆၃၃၈ သိန်း၊ ရန်ကုန်မြို့တိပိဋကရမ်းဗြဲဆရာတော်နှင့်အဖွဲ့က ငွေကျပ်သိန်း ၃ဝဝ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်(ရုံးချုပ်)က ငွေကျပ်သိန်း ၂ဝဝ၊ မြန်မာစီးပွားရေး  ကော်ပိုရေးရှင်းနှင့် မိတ်ဖက်ကုမ္ပဏီများက ငွေကျပ် ၁၈၂ သိန်းနှင့် တစ်ဦး ချင်းအလှူရှင်နှစ်ဦးတို့က အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။
MTZ