contents

သတင်းများ

SNLD နှင့် NLD ပါတီ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် မဲဆွယ် စည်းရုံး

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
''ရှမ်းပြည်နယ် လဲချားမြို့နယ်မှာလစ်လပ်နေတဲ့ ပြည်သူ့လွှတ်aတ်ာကိုယ်စားလှယ်နေရာမှာ SNLD ပါတီကိုယ်စားပြုပြီး ဦးစိုင်းဥက္ကာက ဝင်ပြိုင်မှာဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး ရှမ်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ကိုတော့ SNLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်နန်းထွေးမှုံက ဝင်ပြိုင်မှာဖြစ်ပါတယ်။ လဲချားမြို့နယ်မှာ ရွေးကောက်ပွဲအနိုင်ရဖို့အတွက် ပါတီရဲ့ရည်မှန်းချက်တွေကိုရှင်းပြပြီး မဲဆွယ်စည်းရုံးရေးတွေလုပ်နေတယ်''ဟု SNLD ပါတီ ပြောခွင့် ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်နန်းထွေးမှုံကလည်း ရွေးကောက်ပွဲအနိုင်ရရန်အတွက် စက်တင်ဘာ ၃ ရက်ကတည်းက တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေးများလုပ် ဆောင်နေကြောင်း ဦးစိုင်းလိတ်က ပြောသည်။ ''ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာတော့ လစ်လပ်နေတဲ့ ပြည်နယ်အမှတ် (၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အတွက် ပါတီငါးခုနဲ့ တစ်သီးပုဂ္ဂလတစ်ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ခြောက်ဦးယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။ ပြည်နယ်အဖွဲ့ချုပ် အတွင်းရေးမှူး ဝိုင်းမော်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ပြောသည်။
CNB
 
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။