contents

သတင်းများ

မိုက်ကယ်ကျော်မြင့်၏ ဇနီး ပြည်သူ့ဘဝ မြှင့်တင်ရေး အမည်ဖြင့် ပါတီထောင်မည်

နေ့ရက်:
Sep 12, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
''ဒီလထဲမှာပဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်မယ်။ ပါတီတည်ထောင်ခွင့်ကျပြီဆိုမှ အစ်မတို့ ကျန်တာဆက်လုပ်မယ်''ဟု ၎င်းက ပြောသည်။ ယင်းပါတီကို အခြေခံလူတန်းစား တောင်သူလယ်သမားများဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ၎င်း၏အမျိုးသားဖြစ်သူ မိုက်ကယ်ကျော် မြင့် ထောင်မှထွက်လာပါက ၎င်းက ဦးဆောင်သူဖြစ်လာမည်ဖြစ်ကြောင်း ဒေါ်အေးအေးသင်းက ပြောသည်။ ''ပြည်သူတွေ အခုခံစားနေရ တဲ့ဘဝကို မြှင့်တင်ချင်တဲ့အတွက် တည်ထောင်တာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ပါတီတည်ထောင်လိုသူ ၁၅ ဦးစာရင်းနှင့်တကွ ယခုလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလျှောက်ထားမည် ဖြစ်ပြီး ယင်း ၁၅ ဦးစာရင်းတွင် ၎င်း၏ဆွေမျိုးများနှင့် လယ်သမား များပါဝင်မည်ဖြစ်ကြောင်း ဒေါ်သင်းသင်းအေးက ပြောသည်။ ယင်းပါတီအနေဖြင့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 
HWA
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။