Lotayamm

search
မာတိကာ

contents

သတင်းများ

တိုက်ပွဲ အရှိန်လျှော့ချရေး တပ်ချုပ်နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ ဆွေးနွေးမည်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
''ကျွန်တော်တို့ မြောက်ပိုင်းခုနစ်ဖွဲ့မှာ တိုက်ပွဲဖြစ်နေတဲ့ KIA/KIO နဲ့လဲ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ရှိတယ်။ နောက်ပြီးတော့ AA/ TNLA/ MNDAA သုံးဖွဲ့နဲ့လဲ တိုက်ပွဲ တွေ လျှော့ချရေး အဓိကထားပြီး ဆွေးနွေးဖို့ရှိတယ်။ ဝ၊ မိုင်းလား SSPP ကျရင်တော့ NCA ရေးထိုးဖို့ အဲဒါမျိုးဆွေးနွေးဖို့တော့ရှိတယ်''ဟု ၎င်းက ဆိုသည်။ ယင်းအပြင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၂ ရက်တွင် တွေ့ဆုံရန်ရှိကြောင်းလည်း သိရသည်။
''ပထမဆုံး အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဖို့ကို ၁၂ ရက်နေ့ စီစဉ်ထားပါတယ်။ အခု အသေးစိတ်တော့ မညှိနှိုင်းရသေးဘူး။ အကြမ်းဖျင်းကတော့ တွေ့ဖို့ သဘောတူထားပါတယ်။ ဒီညီလာခံကိုလာတဲ့အချိန်က ညီလာခံကို တက် ရောက်ရုံတင်မဟုတ်ဘူး။ နိုင်ငံတော်အကြီး အကဲတွေနဲ့ တွေ့မယ်။ နောက်ပြီး တပ်မတော် အကြီးအကဲတွေနဲ့ တွေ့မယ်။ တွေ့မှာဖြစ်တဲ့အတွက် ညီလာခံကို အကြောင်းပြုပြီးတော့ ဆွေးနွေးရေးပေါ့နော်။ အဓိကခေါင်းဆောင် တွေနဲ့ ဆွေးနွေးဖို့ အခွင့်အလမ်းကိုခေါ်တာ ဖြစ်တယ်''ဟု ဦးဇော်ဌေးက ပြောသည်။
ကျင်းပလျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့်ကဏ္ဍငါးခုကို အဓိကထားဆွေး နွေးကြမည်ဖြစ်သည်။ ယခုကျင်းပသည့်အစည်းအဝေးအတွင်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ရှမ်း ပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ပင်လုံစာချုပ်ချုပ်ဆိုစဉ်က ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များလည်း တက်ရောက်လျက်ရှိကြောင်း သိရသည်။
အာကာထက်
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။