Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင်ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်သော ဘင်္ဂလီခန့်မှန်းလူဦးရေ တစ်သန်းကျော်ကို စာရင်းကောက်ယူရာတွင် ၄ ရာခိုင်နှုန်း တိုးလာဟုဆို

နေ့ရက်:
Jun 15, 2018


အမျိုးအစား :
နိုင်ငံရေး
Akonthi

ရခိုင်ပြည်နယ်တွင် စာရင်းမကောက်ယူနိုင်သော ဘင်္ဂလီခန့်မှန်းလူဦးရေ ၁၀၉၀၀၀၀ ဦးကို စာရင်းကောက်ယူရာတွင် ၄ ရာခိုင်နှုန်း တိုးလာကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။



ဇွန်လ ၁၃ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ရခိုင်ပြည်နယ် အတွင်းရှိ စာရင်းမကောက်ယူနိုင်သေးသော ဘင်္ဂလီခန့်မှန်းလူဦးရေ ၁၀၉၀၀၀၀ ဦး စာရမ်းကို မည်သို့တွက်ချက် ရယူခဲ့ပြီး မည်မျှတိကျမှန်ကန်မှု ရှိပါသနည်း၊ လူဦးရေ စာရင်းကို အတိအကျရရှိအောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်နှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးနိုင်ရန် မည်သို့ အရေးယူဆောင်ရွက် သွားမည်တို့ကို သိလိုခြင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။



“ သန်းခေါင်စာရင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်မှ စတင်၍ စီမံချက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ ကြိုတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်းထုတ်ပြန်ခြင်းဟူသည့် အဆင့်လေးဆင့်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပုံရေးဆွဲခြင်း လုပ်ငန်းမှ ရရှိသည့် လူဦးရေနှင့် သန်းခေါင်စာရင်းကို ကောက်ယူပြီး ရရှိလာသည့် လူဦးရေနှင့် နှိုင်းယှဉ်သည့်အခါ လူဦးရေ ၄ ရာခိုင်နှုန်း တိုးလာသည့်အတွက် ရခိုင်ပြည်နယ်တွင် စာရင်း မကောက်ယူနိုင်သည့် ဒေသများအတွက် မြေပုံရေးဆွဲခြင်း လုပ်ငန်းမှ ရရှိခဲ့သည့် လူဦးရေကို ၄ ရာခိုင်နှုန်း တိုးမြှင့်ပြီး ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။



နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ အောင်မြင်စွာ ပြီးစီးနိုင်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီတွင် ဝန်ကြီးသည် ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ပါဝင်ပြီး ၄င်းဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ တိကျစွာ ဆောင်ရွက်လျှက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေးလုပ်ငန်းများနှင့် နိုင်ငံသား စိစစ်ခံရမည့် လူများ၏ သက်သေခံ NV Carrd ထုတ်ပေးရေးလုပ်ငန်းများနှင့် လိုအပ်သည့် အစည်းအဝေးများ ကွင်းဆင်းစစ်ဆေးမှုများနှင့် လုပ်ဆေဆာင်မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲရေး နည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်းနှင့် အမျိုးသား အကျိုးစီးပွားကို အမြင့်မားဆုံး ဖော်ဆောင်နိုင်မည့် နည်းလမ်းများဖြင့် တည်ဆဲဥပဒေများနှင့် အညီ ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့သည်။ 





  • အောင်သူရိန် (အကုန်သိသတင်းဌာန) 



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။