Lotayamm

search
မာတိကာ

contents

သတင်းများ

ရခိုင်ပြည်နယ်မှ ကျောင်းသားကျောင်းသူ ၂ဝ ဦးကို အခမဲ့ ပညာသင်ယူနိုင်ရန် ရက္ခိတ ပညာရေးဖောင်ဒေးရှင်းက ထောက်ပံ့မည်

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
 
၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ်အတွက် ရက္ခိတပညာရေးဖောင်ဒေး ရှင်းမှ ရခိုင်ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခုမှ အဋ္ဌမတန်းကို အေ အဆင့်ဖြင့် အောင်မြင်သူ နှစ်ဦး၊ နဝမတန်းကို အေအဆင့်ဖြင့် အောင်မြင်သူနှစ်ဦး၊ စုစုပေါင်း ခရိုင်ငါးခုမှ အဋ္ဌမတန်းကျောင်းသား ကျောင်းသူ ၁ဝဦး၊ နဝမတန်း ကျောင်းသား ကျောင်းသူ၁ဝဦး စုစုပေါင်း၂ဝ ကို ဘော်ဒါဝင်ကြေး၊ ထမင်းစရိတ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်မည် ဖြစ်သည့်အတွက် ကျောင်းတစ် ကျောင်းမှ အဋ္ဌမတန်း ကျောင်းသား ကျောင်းသူသုံးဦးနှင့် နဝမတန်း ကျောင်းသား၊ ကျောင်းသူသုံးဦးစီ အရည်အချင်းစစ်စာမေးပွဲကို ဝင် ရောက်ဖြေဆိုနိုင်ကြောင်း ရခိုင်ပြည် နယ်ပညာရေးမှူးရုံးမှ သိရသည်။
''သူတို့ပေးတာကို ကျွန်တော်တို့ဘက်ကနေ ကျောင်းသား ကျောင်းသူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးတာပေါ့။ လျှောက်လိုတဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ မြို့နယ်ပညာရေးမှူးရုံးတွေမှာ စုံစမ်းပြီး လျှောက်နိုင်ပါတယ်။ ဒီအဖွဲ့က ရခိုင်ပြည်နယ် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ပါ။ သူတို့အဖွဲ့က ငွေကြေး အင်အား သိပ်မတောင့်တင်းတော့ သူတို့ထင်သလောက် မလုပ်ပေးနိုင် သေးဘူး။ ဒါကြောင့် အလှူရှင်တွေ လည်းဖိတ်ခေါ်ပါတယ်''ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ လက် ထောက်ညွှန်ကြားရေးမှူး ဖြစ်သူက ဖေဖော်ဝါရီ ၁၃ရက်တွင် ပြောသည်။
လျှောက်ထားလိုသော ကျောင်းသား ကျောင်းသူများသည် ရခိုင် ပြည်နယ်စစ်တွေမြို့၌ ဘော်ဒါတွင် ကျောင်းအိပ် ကျောင်းစား နေထိုင်နိုင်သူများဖြစ်ရန်လိုအပ်ပြီး မိဘနှစ်ပါးစလုံးသည် ရခိုင်တိုင်းရင်းသားများဖြစ်ရန်လိုအပ် ကြောင်း၊ အရည်အချင်းစစ်စာမေး ပွဲဖြေဆိုရန်အတွက် ခရိုင်မြို့များသို့သွားလာခြင်းနှင့်ရွေးချယ်ခြင်းခံရပါက ဘော်ဒါသို့သွားလာရသည့် စရိတ်များကို မိမိတို့ဘာသာကျခံရ မည်ဖြစ်ကြောင်းသိရသည်။
 
ATK
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။