Lotayamm

search
မာတိကာ

contents

သတင်းများ

ပြည်သူလူထု ပါဝင်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးမှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးပြောကြား

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
နိုင်ငံရေး
yangonmedia
 
''ကျွန်တော်တို့က ဒီလိုလုပ်ငန်းကိုခဏလေးပဲလုပ်မှာမဟုတ်ဘူး။ စဉ်ဆက်မပြတ်လုပ်ဆောင် သွားမှာဖြစ်တဲ့အတွက် ကနဦးအဖြစ် ဒီလိုအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံရတာဖြစ်ပါတယ်။ လုံခြုံ ရေးဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုမပါလို့လုံးဝမဖြစ်ဘူး။ ဒီလိုလုပ်ဆောင်တာကလည်း အကွက်ကျကျနည်းလမ်းမှန်မှန် လုပ်ဆောင်ချင်လို့ဖြစ်ပါတယ်။ ကျွန်တော်တို့မန္တလေးမှာ ခိုးဆိုးလုယက်မဖြစ်တဲ့ရက်တစ်ရက်မှမရှိဘူး။ ဒီအမှုတွေလျော့နည်းစေချင်တယ်။ နောက်ပြီးပပျောက်သွား အောင်အထိလည်းလုပ်ချင်တယ်'' ဟု ၎င်းကပြောကြားသည်။ လုံခြုံရေးနှင့် နယ်မြေစိုးမိုးမှုလုပ်ငန်းလုပ်ဆောင်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူလူထု၊ မီးသတ်တပ်ဖွဲ့နှင့် မန္တလေးမြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် အဖွဲ့များစုပေါင်း၍ လုပ် ဆောင်သွားမည်ဖြစ်သည်။
''လူငယ်အများစုက ခိုးမှု တွေကျူးလွန်နေကြတာကိုတွေ့ရတယ်။ ခေတ်ကာလအရ ခေတ် ပေါ်ပစ္စည်းတွေလိုချင်တာတွေလည်းပါမယ်။ နောက်ပြီး အလုပ်အကိုင်အဆင်မပြေတာတွေကြောင့် ဒီလိုအမှုအခင်းတွေဖြစ်ပေါ်လာရတာ။ ပြစ်မှုကျူးလွန်သူအများစုက လက်လုပ်လက်စားတွေဖြစ်သလိုတစ်ခါတစ်ရံမှာ မူးယစ်ဆေးကိုသုံးစွဲတဲ့ လူငယ်တွေလည်းပါဝင်နေတယ်။ ဒါကြောင့် မန္တလေးမြို့ပေါ် နေရာတိုင်းမှာ အမှုအခင်းတွေဖြစ် ပေါ်နေတယ်''ဟု မန္တလေးခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုး အောင်က ပြောကြားခဲ့သည်။ မန္တလေးခရိုင်တွင် ၂ဝ၁၇ ခုနှစ်အတွင်းရဲကျင့်ထုံးဥပဒေ ၅၄ အရအရေးယူရသည့် ခိုးမှုများ ဖြစ်သော ရာဇသတ်ကြီးပုဒ်မ ၃၇၉/၃၈ဝ/၃၈၂ စသည်တို့ကို ကျူးလွန်သူစုစုပေါင်း ၁၂၄၄ ဦး ဖမ်းဆီးရမိထားကြောင်း သိရသည်။
MTK
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။