Lotayamm

search
မာတိကာ

contents

သတင်းများ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပနိုင်ရေး မွန်ပြည်နယ်၌ဆွေးနွေး

နေ့ရက်:
Oct 11, 2017


အမျိုးအစား :
နိုင်ငံရေး
yangonmedia
 
''နိုင်ငံကိုတည်ဆောက်ဖို့ လက်ဆင့်ကမ်းသယ်ဆောင်သွားနိုင်မယ့် အသက် (၁၄)နှစ်နဲ့ အသက် (၃ဝ) နှစ်ကြားက ပဉ္စမမျိုးဆက်သစ် လူငယ်တွေကိုမွေးထုတ်ဖို့ ဒီကနေ့ တက်ရောက်လာတဲ့ကော်မရှင်အ ဆင့်ဆင့်မှာ တာဝန်ရှိပါတယ်။ ဒါ ကြောင့် မွန်ပြည်နယ်လူငယ်တွေထဲက နိုင်ငံအတွက် ပါတီအတွက် ရိုးသားတဲ့လူငယ်၊ သစ္စာရှိတဲ့လူငယ်၊ ပညာတတ်တဲ့လူငယ်၊ တိုင်းရင်းသားလူငယ်၊ အမျိုးသမီးလူငယ်များကိုရွေးထုတ်ပေးကြပါလို့ ပြောကြားလိုပါတယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေးဗဟို ကော်မရှင်နာယကနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်ဦးအောင်စိုး ကပြောကြားသည်။
 
လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌဦးမောင် မောင်ဦးက လူငယ်ညီလာခံကျင်း ပရေးလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာခင်ဆောင်က အမှာစကားပြောကြားသည်။ ''ဒီကနေ့လုပ်တဲ့တွေ့ဆုံဆွေး နွေးပွဲက အနာဂတ်မျိုးဆက်သစ် လူငယ်တွေကိုစုစည်းဖို့ တွေ့ဆုံ ဆွေးနွေးတာဖြစ်ပါတယ်။ မြန်မာ တစ်နိုင်ငံလုံးဒုတိယအကြိမ်လူငယ်ညီလာခံကို ၂ဝ၁၇ ခုနှစ်၊ ဒီ ဇင်ဘာ ၃၁ ရက်မှာလုပ်မယ်လို့ လျာထားပါတယ်''ဟု လူငယ်ညီ လာခံကျင်းပရေးဗဟိုကော်မရှင် အဖွဲ့ဝင်ကိုကျော်ခန့်ကပြောသည်။  ဆက်လက်၍ အခမ်းအနား သို့တက်ရောက်သော ကော်မရှင် အဖွဲ့များ၏မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပြီး မွန်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါ်မို့မို့ကြည်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။ 
 
 
AHO
#democracytoday