Lotayamm

search
မာတိကာ

contents

သတင်းများ

KNU အရေးပေါ် ဗဟို အမြဲတမ်းကော်မတီ အစည်းအဝေးမှ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်မှုအချို့ ချမှတ်ခဲ့ဟု ထုတ်ပြန်

နေ့ရက်:
Oct 10, 2017


အမျိုးအစား :
နိုင်ငံရေး
yangonmedia
ထို့အပြင် ကြားကာလဆိုင်ရာမူဝါဒများ၊ ဖွံ့ဖြိုးရေးဆိုင်ရာသဘောထားများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာကိစ္စရပ်များနှင့် လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်တည်ရှိနေသည့် နိုင်ငံရေးအခြေအ နေတို့ကိုဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။ အရေးပေါ်ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးမှ လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပိုမိုကောင်း မွန်သည့်နိုင်ငံရေးချဉ်းကပ်မှုများဖြင့် ဆောင်ရွက်သွားနိုင်ရေး၊ အဖွဲ့အစည်းအတွင်း တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ လက်တွေ့ရင်ဆိုင်နေရသည့် ကြားကာလဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် မူဝါဒလုပ်ငန်းစဉ်များကိုရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ထို့အပြင် အရေးပေါ်ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးတွင် စီးပွားရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းများကိုဆွေးနွေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို ကြီးကြီးမားမားထိခိုက်လာနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် အဆင့်မြင့်နည်းပညာအသုံးပြု စီးပွားရေးလုပ်ငန်းများ၏ ဘေးထွက်ဆိုးကျိုးများကို အကာကွယ်ပြု နိုင်သည့် ဥပဒေ၊ နည်းဥပဒေများမရှိသေး သောကာလတွင် ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်ရန် အချိန်မကျသေးဟုဆုံးဖြတ်ခဲ့သည်။
 
KNU အနေဖြင့် နယ်မြေအတွင်းရှိ သစ်တောကြိုးဝိုင်းများ၊ တိရစ္ဆာန်ဘေးမဲ့ တောများအတွင်းဝင်ရောက်ပြီး သစ်ထုတ် လုပ်ရေးလုပ်ငန်းများလုပ်ကိုင်မှုတို့ကို KNU သစ်တောဌာန၏မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ထိန်းသိမ်းခြင်းနှင့် ကာကွယ်စောင့် ရှောက်ခြင်းတို့ ပြုလုပ်သွားမည်ဟုဆိုသည်။ KNU တပ်မဟာနယ်မြေ (၄) မြိတ်၊ ထားဝယ်ခရိုင်၏နယ်မြေအတွင်း အမျိုးသားဥယျာဉ်၊ သစ်တောကြိုးဝိုင်းသတ်မှတ်ခြင်းနှင့်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဝင် ရောက်လုပ်ကိုင်မှုများသည် လက်ရှိငြိမ်းချမ်း ရေးတည်ဆောက်ဆဲကာလတွင် အခက်အခဲ ဖြစ်လာသောကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သက်ပြီး မိမိတို့၏မူဝါဒကို အခြေခံကာ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNU (၁၆)ကြိမ်မြောက် ကွန်ဂရက်မှ ချမှတ်ထားသောရှေ့လုပ်ငန်းစဉ်များနှင့်အညီ စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ဖော်ထုတ်ကာ သက်ဆိုင်သူများအကြားတွေ့ဆုံ ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ KNU (ကရင်အမျိုးသားအစည်းအရုံး)၏ (၁၆)ကြိမ်မြောက်ကွန်ဂရက်အပြီး ပထမအကြိမ်အရေးပေါ် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေးသို့ ဗဟိုအမြဲတမ်း ကော်မတီဝင် ၅၅ ဦးရှိသည့်အနက် ကော်မတီဝင် ၄၇ ဦးနှင့်အထူး ဖိတ်ကြားသူနှစ်ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။ 
 
YM
#democracytoday