contents

သတင်းများ

အာဖန်တီးတို့ လျှာဝင်ချောင်မယ့် လက်ဖက်ရည်ဝိုင်း

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
အခြား
Weekly Headline

အခုတလော အာဖန်တီးတို့ နိုင်ငံရေးရပ်ဝန်းမှာ စကားဝိုင်းတွေ အတော်ခေတ်စားလာတာ တွေ့ရသဗျ။ ဇရပ်ကွင်းစကားဝိုင်း အဲ ဟုတ်ပါဘူး ယောမင်းကြီးဇရပ် စကားဝိုင်းတို့ ရေနွေးကြမ်းစကားဝိုင်းတို့၊ ငြိမ်းချမ်း ရေး စကားဝိုင်းတို့ အတော်တော့ များသဗျ။ စကားဝိုင်းအတော်များများ ကို နားထောင်ကြည့်လိုက်တော့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် တွေကို အပြုသဘောဝေဖန်တဲ့ စကား ၀ိုင်းတွေပါသလို အစိုးရရဲ့လုပ်ဆောင် ချက်တွေကို အားမလိုအားမရဖြစ်ပြီး လွန်လွန်ကျူးကျူး တိုက်ခိုက်ကြတဲ့ စကားဝိုင်းတွေလည်း ပါတယ်ဆိုတာ တွေ့ရတယ်။ အာဖန်တီးတို့ အဲဒီ စကားဝိုင်းတွေအကြောင်း ဘယ်လို သိသလဲမမေးနဲ့။ ဒီစကားဝိုင်းတွေက သူတို့ပြောတဲ့ ဆွေးနွေးတဲ့စကားတွေ အသံတွေကို ပြည်သူတွေ သိပ်ကြား စေချင်တယ်ထင်ပါရဲ့။ လူမှုကွန်ရက် ပေါ်ကနေ Live လွှင့်ကြတာကိုး။ သူတို့လိုစကားဝိုင်းတွေနား အာဖန်တီး တို့လို ကမြောက်ကချောက်ကောင် တွေ ဘယ်ဖိတ်လိမ့်မတုန်း။ သူတို့နဲ့ အပေါက်အလမ်း တည့်လောက်မယ့် သူတွေချည်း ရွေးဖိတ်တာထင်ပါရဲ့။ ဟို နာမည်ကြီး မီဒီယာတစ်ခုက လုပ် တဲ့ BCB ဒဗိတ်ဆိုလား၊ ဘာဆိုလား အဲဒီမှာလည်း ပရိသတ်ထဲက မေးခွန်း မေးမယ့်သူကိုတောင် ကြိုရွေးထား သတဲ့။ ဟုတ်မဟုတ်တော့သိပါဘူး။ ဟုတ်လည်း အာဖန်တီးတို့လို ဉဏ် တစ်ထွာတစ်မိုက်နဲ့ ကောင်မျိုးက တော့ မေးခွန်းတောင် ထမမေးရဲဘူး။ ဟုတ်တယ်လေ တော်ကြာ စာဆိုရှိ တယ်မဟုတ်လား အမေး နွားကျောင်း သား အဖြေဘုရားလောင်းတဲ့။ သူတို့ ကတော့ အတော်တော်တဲ့သူတွေ ဆိုတော့ ဘုရားလောင်းနဲ့ နှိုင်းတာ ဘာမှမဖြစ်ပေမယ့် ကိုယ့်လိုကောင်ကျ နွားကျောင်းသားအဆင့်တောင် မရှိ တာ လူသိမှာစိုးတာနဲ့ မေးပါဆိုရင် တောင် ထပြေးမှာ။


အဲဒီလို စကားဝိုင်းတွေ ခေတ်စားလာတဲ့အကြောင်း လက်ဖက် ရည်ဝိုင်းမှာ အာဖန်တီးတို့သူငယ်ချင်း တွေ ပြောမိဆိုမိကြတာပေါ့။ အဲလို ပြောမိတော့ သူငယ်ချင်းတစ်ယောက် က ထအကြံပေးတယ်။ ဟေ့ကောင် တွေ ငါတို့လည်း နေ့တိုင်းမနက်မနက် ဆို လက်ဖက်ရည်ဆိုင်မှာ အာရိုက်နေ ကျပဲ။ အဲဒါကို စကားဝိုင်းဆိုပြီး facebook မှာ live လွှင့်ရအောင်တဲ့။ အကြံပေးတဲ့ကောင်ရဲ့ နာမည်က ဘောမတဲ့။ သူ့နာမည် အရင်းပျောက် ပြီး ဘောမလို့ သူငယ်ချင်းတွေကြားထဲ တွင်သွားတာ အကြောင်းရှိတယ်။ ဒီကောင်က လွန်ခဲ့တဲ့(၅)နှစ်လောက် တုန်းက မရိုသေ့စကား အူကျရောဂါ ဖြစ်ခဲ့ဖူးတယ်။ အဲဒီရောဂါ ဖြစ်နေ တုန်း ကုနေတုန်းမှာကို ငြိမ်ငြိမ်မနေ နိုင်ဘူး။ အာဖန်တီးတို့ လက်ဖက်ရည် ၀ိုင်းကို လာလာထိုင်တာ။ အူကျနေ တော့ သူ့ဘောကလေး မကာ၊ မကာ နဲ့ ထိုင်ရတာကို အမြင်မတော်တဲ့ သူငယ်ချင်းတစ်ယောက်က သူ့ကို နာမည်ပေးလိုက်တော့တာပဲ။ ကိုဘောမ လို့လေ။ အာဖန်တီးတို့အုပ်စုက ကျန် တာသာ မညီရှိရမယ်။ အဲဒီလိုမျိုး သူများကို နာမည်ဖျက်ရမယ့် ကိစ်္စ ဆိုရင် တစ်စိတ်တစ်ဝမ်းညီတဲ့ကောင် တွေ။ အံမာ အဲဒီလို ကိုဘောမလို့ နာမည်ပြောင်ပေးတာ ဒီကောင် စိတ် ဆိုးသလားမေးကြည့်။ စိတ်မဆိုးတဲ့ အပြင် သူက ဗန်းမော်ဆရာတော်ကြီး စကားကိုတောင် ကိုးကားလိုက်သေး တယ်။ ဘာတဲ့ ငယ်ပါလိုနေတတ်ရင် ဘယ်နားမှ မညပ်ဘူးဆိုပဲ။ အဲဒါ တော့ ဒီကောင့်စကားကိုထောက်ခံ တယ်။ ဒီကောင်က အာဖန်တီးတို့ ပြဿနာတစ်ရပ်ကို ငြင်းပြီ၊ ခုံပြီဟေ့ ဆို ဒီကောင်က ဟိုဘက်ကအုပ်စုကို လည်း ထောက်ခံတယ်။ ဒီဘက်က အုပ်စုကိုလည်း ထောက်ခံတယ်။ ပွဲပြီးသွားလို့ ကျန်တဲ့သူတွေအချင်း ချင်းသာ ခပ်တန်းတန်းဖြစ်ကုန်တာ။ ဒီကောင်က ဘယ်တော့မှမဖြစ်ဘူး။ ဘယ်ဖြစ်မလဲ သူက အကုန်လုံးကို ထောက်ခံခဲ့တာကိုး။ အဲဒီ ကိုဘောမ က ငါတို့ လက်ဖက်ရည်ဝိုင်းကိုလည်း နာမည်တစ်ခုတပ်ပြီး facebook ပေါ် မှာလွှင့်ရအောင်ဆိုပြီး အကြံထပေး တော့ ကျန်တဲ့ကောင်တွေ စပ်ဖျင်းဖျင်း ဖြစ်သွားပုံရတယ်။ ဟေ့ကောင် ဘောမ မင်းက ငါတို့က ဘာကောင်မို့လို့ ပြည်သူတွေက ငါတို့စကားဝိုင်းကို စိတ်ဝင်စားမှာလဲလို့ ထမေးရော။ အံ့မယ် ဒီကောင်က အဲဒီ စကားဝိုင်း တွေကို ဘယ်လောက်တောင်လေ့လာ ထားသလဲမသိဘူး။ လွယ်ပါတယ်ကွာ တဲ့ ပိုက်ဆံရှိပြီး လူရာဝင်ချင်တဲ့ ဘောစိတစ်ယောက်ကို ရှာမကွာ။ ပြီးတော့ ငါတို့ကိုယ်ငါတို့ စီးပွားရေး အကဲဖြတ်သူတွေ၊ နိုင်ငံရေး စောင့် ကြည့်သူတွေအဖြစ် အမည်ပေးမကွာ။ ပြီးတော့ ငါတို့စကားဝိုင်းကို facebook ပေါ်မှာ boost လုပ်ရင် လူကြည့်လာမှာပဲကွ။ ဒါ သိပ်မခက် ဘူး။ ပြီးရင် အစိုးရလုပ်ဆောင်ချက် တို့၊ ငြိမ်းချမ်းရေးတို့အကြောင်း လျှောက်ပြောမယ်ကွာ။

အခုလုပ်နေတဲ့ စကားဝိုင်း တွေကို ငါလေ့လာတော့ ဟိုတယ်တွေ ပေါ်မှာလုပ်တဲ့ စကားဝိုင်းတွေဆိုတော့ ကုန်ကျစရိတ် အတော်များတာကို တွေ့ရတယ်။ ငါတို့ ဒီလက်ဖက်ရည် ဆိုင်မှာ မနက်မနက်ရှင်းရတဲ့ ပိုက်ဆံ ဆိုတာ သူတို့ကုန်ကျစရိတ်ရဲ့ အဖျား အနားလောက် ရှိတာတွေ့တယ်။ ဒီတော့ ငါတို့စကားဝိုင်းအတွက် စပွန်ဆာရှာဖို့ မခက်လောက်ဘူးလို့ ငါထင်တယ်။ အရေးကြီးတာ တစ်ခု ကတော့ တကယ်လို့ အဲဒီလို စကား ၀ိုင်းလုပ်ရင် တစ်အချက် ငါတို့တစ်လ တစ်ရက်ပဲလုပ်ဦး တစ်ရက်စာ လက် ဖက်ရည်ဖိုးသက်သာမကွာ။ ကံကောင်း ရင် ငါတို့က နာမည်လည်းကြီးဦးမယ်။ အဲဒီလိုနာမည်ကြီးလာရင် ပြောခ လည်း ရနိုင်သေးတယ်ကွ။ မင်းတို့ စဉ်းစားဖို့ပါဆိုပဲ။ သူငယ်ချင်းတစ် ယောက်ကထမေးတယ်။ အင်း ဟုတ် ပါပြီ ငါတို့က ဘာတွေပြောမှာတုန်း ဆိုတော့ ဒီကောင်က ဒီလိုဖြေတယ်။ လွယ်ပါတယ်ကွာ အစိုးရလုပ်ဆောင် ချက်တွေကောင်းကြောင်း နည်းနည်း မကောင်းကြောင်း များများပြောမှာ ပေါ့ဟ။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်း ရေး ဘလာဘလာပေါ့ ပြောစရာ ကုန်ပါဘူးကွာ။ ဒီလို မီးကျိုးမောင်း ပျက်လူတွေနဲ့ လည်ပတ်နေတဲ့ ရွှေ နိုင်ငံကြီးပဲဟာဆိုပဲ။ သူကတော့ သူ့အတွေးနဲ့သူ ဟုတ်လို့။ အာဖန်တီး လည်း စဉ်းစားမိတယ်။ မကောင်းတာ တွေပြောရင် ဝေဖန်ထောက်ပြတာလို့ နာမည်ခံလို့ရတယ်။ ကောင်းတာတွေ ပြောရင် လော်ဘီလုပ်တယ်လို့ ယူဆ နိုင်တယ်။ ဘာပဲဖြစ်ဖြစ် အလုပ်တော့ ဖြစ်နိုင်သားလို့ တွေးမိပေမယ့် သူ ငယ်ချင်း နောက်တစ်ယောက်က ဒီကိစ်္စဟာ အရေးကြီးတဲ့အတွက် သေသေချာချာ ပြန်လည်ဆွေးနွေး သုံးသပ်ဖို့ လိုအပ်မှာဖြစ်ကြောင်း အဆိုတင်သွင်းလာတဲ့အတွက် နောက် တစ်ပတ်မှာ ဒီစကားဝိုင်း လုပ်သင့်၊ မလုပ်သင့်ကြောင်း၊ သုံးသပ်ရေးကော် မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ် ကြောင်း အတည်ပြုပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း၊ အဲ ဟုတ်ပါဘူး အာဖန်တီးတို့လည်း လက်ဖက်ရည်ဆိုင်မှ ထပြန်လာခဲ့ပါ ကြောင်း။


အာဖန်တီး


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။