contents

သတင်းများ

ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ကပ်လှူထားသည့် ရွှေပြားများတွင် ရွှေစင်ပါဝင်မှု နည်းပါးသည်ဟူသော သတင်း ရွှေတိဂုံ ဂေါပကအဖွဲ့ ငြင်းဆို  

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
အခြား
yangonmedia
လတ်တလောတွင် ရွှေတိဂုံ စေတီတော်ကြီးတွင် ကပ်လှူထားသော ရွှေပြားများမည်းသွားခြင်းသည် ရွှေစင်ပါဝင်မှုနည်းပါးလာခြင်းတို့ရှိလာကြောင်း စသဖြင့်ပြောဆိုဝေဖန်မှုများရှိနေကြောင်း သိရသည်။ ရွှေတိဂုံဂေါပကအဖွဲ့၊ ရုံးအဖွဲ့မှူးဦးထွန်းအောင်ငွေက''ရွှေတိဂုံ စေတီတော်မှာက ကျန်တဲ့စေတီ တော်ကြီးတစ်ခုလုံးကိုတော့ ရွှေသားအစစ်ကိုပြားပြီး ၁၆ ပဲရည် အပြည့်ကပ်လှူပါတယ်။ အလဲခံရတာလည်းမရှိပါဘူး။ လက်ရှိထွက်ရှိနေတဲ့ကောလာဟလတွေက မဟုတ်ပါဘူး'' ဟု စက်တင်ဘာ ၁၂ ရက်တွင်ပြောသည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ရွှေတိဂုံရှိ ရွှေသင်္ကန်းများမည်းလာသည်နှင့် ပတ်သက်၍ ရွှေရည်ပြန်လည်စစ် ဆေးသွားမည်ဖြစ်ကြောင်း ယခုရက်ပိုင်းက မီဒီယာတစ်ချို့ထံပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရွှေတိဂုံစေတီတော်ကြီးရှိ ကြာမှောက်ကြာလန်များကိုမူ လဲလှယ်သွားမည်ဖြစ်ပြီး ၎င်းကြာမောက်ကြာလန်များသည် ကြေးပြားရွှေအစစ်အရည်စိမ် Gold Coating  ဖြင့် ပြုလုပ်ထားခြင်းဖြစ် ပြီး ရောင်တော်ဖွင့်စဉ်ဓါတ်ပြုမှုဖြစ်ခဲ့သောကြောင့် ညိုမည်းသွားသဖြင့် ပြန်လည်ဖစ်ဆေးခြင်းနှင့် လဲလှယ်ခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါကြာမှောက်ကြာလှန်များညိုမည်းသည်နှင့်ပတ်သက်၍ ကြာမှောက်ကြာလန်များကို ပြုလုပ်ပေးသော ကန်ထရိုက်အားအလျော်တောင်းသွားမည်ဟုဆိုသည်။''ကြာမှောက် ကြာလန်နေရာမှာတော့ အရင်ကရွှေမျက်ပါးချတယ်။ နောက်ပိုင်းမှာ ကြေးပြားကို ရွှေအစစ်အရည်စိမ် Gold Coating နဲ့ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ပြုလုပ်ကာစမှာစမ်းသပ်ပြီးပြုလုပ်တာဆိုတော့ အရည်အသွေးတော့အရည်အသွေးတော့ သိပ်မကောင်းခဲ့ပါဘူး။
 
ဒါ့အပြင် ရောင်တော်ဖွင့်ဖို့လုပ်ခဲ့ရာက ဆိုင်ယာနိုက်ဓာတ်ပြုလို့ ကြာမှောက် ကြာလှန်မှာရှိတဲ့ ရွှေစင်ပြားတွေညိုမည်းသွားခြင်းဖြစ်ပါတယ်။ ဒါ့နဲ့ပတ်သက်လို့ စစ်ဆေးရေးအဖွဲ့(နည်းပညာတက္ကသိုလ်မှ သတ္တုပညာရှင် ပါဝင်သောအဖွဲ့)က ရွှေပါဝင်နှုန်းကိုစစ်ဆေးပြီး ဒါကိုအသုံးပြုလို့မရ တော့ဘူးဆိုရင် ကြာမှောက်ကြာ လန်တွေကို အသစ်ပြန်လဲသွားမှာ ဖြစ်ပါတယ်။ ပြုလုပ်ပေးတဲ့ ကန်ထရိုက်ဆီကနေလည်း အလျော်တောင်းသွားဖို့ရှိပါတယ်''ဟု ဦးထွန်းအောင်ငွေက ပြောသည်။ ရွှေပြားအစစ်ကို ကြာမှောက် ကြာလန်ပုံစံပုံဖော်ကပ်လှူရန်မှာ ကုန်ကျစရိတ်အလွန်များသလိုလုပ်နိုင်ရန်လည်း အရမ်းခက်ခဲမှုများရှိ သောကြောင့် ပိုမိုကောင်းမွန်သော စနစ်များဖြင့် ကြာမှောက်ကြာလန်ကို ၁၅ နှစ်ခံမည့် ကြေးပြားကိုရွှေ အစစ်အရည်စိမ် Gold Coating  ပြန်လုပ်မည်ဖြစ်ကြောင်းသိရသည်။
''လောလောဆယ်တော့ Gold Coating  ပြန်လုပ်ဖြစ်မယ်။ အခုကတော့ နည်းစနစ်တွေလည်းကောင်း လာပြီဆိုတော့ ၁၅ နှစ်ခံပါမယ်။ ရွှေအစစ်ကို ကြာမှောက်ကြာလန်ပုံစံလုပ်ဖို့ဆိုတာ ကုန်ကျစရိတ်ကြီးသလို လုပ်နိုင်ဖို့တပ်ဆင်နိုင်ဖို့လည်း ခက်ခဲပါတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။ ကြာမှောက်ကြာလန်နေရာအတွက် ရွှေစင်ပိဿာချိန် ၄၂ ပိဿာ ထုတ်ပေးခဲ့ကြောင်းနှင့် Gold Coating စနစ်ကို ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်မှစတင်ကာ အသုံးပြုခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင်လည်း ယင်း Gold Coating စနစ် ဖြင့် အသုံးပြုခဲ့ရာမှ ယင်းကဲ့သို့ရွှေသင်္ကန်းတော်များမည်း၍ ကွက်သွားခြင်းဖြစ် ကြောင်းသိရသည်။ ရွှေတိဂုံစေတီတော်ကြီးတွင် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှစတင်၍ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းများစတင် မည်ဖြစ်ပြီး အလှူရှင်များ လှူဒါန်းသည့် အလှူငွေများဖြင့် ၁၆ ပဲရည်ရှိသော ရွှေပြားများကိုပြုလုပ်လှူဒါန်းသွားမည်ဖြစ်သည်။
TTHL
#democracytoday
 
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။