contents

သတင်းများ

သင်ရွေးချယ်လိုက်တဲ့ ပိရမစ်ပုံက သင့်ကို အုံ့ပုန်းလား၊ ပွင့်လင်းသူလား ခွဲခြားပေးနိုင်

နေ့ရက်:
Aug 11, 2018


အမျိုးအစား :
အခြား
Lotayamm

                ငယ်ငယ်တုန်းက ပိရမစ်ပုံမျဉ်းကြောင်းလေးတွေကို စိတ်ကြိုက်ဆွဲလို့ရတဲ့ ကတ်ကလေးတွေ ဆွဲဖူးကြမယ်ထင်ပါတယ်၊ ကဲ ဒါဆိုရင် အောက်မှာ ဖော်ပြထားတဲ့ ပိရမစ်ပုံ Pattern လေး ၈ ခုထဲက တစ်ခုကို ရွေးချယ်လိုက်ပါဦး။ ဒီပိရမစ်ပုံ မျဉ်းကြောင်းလေးတွေထဲက ကိုယ်ရွေးချယ်လိုက်တဲ့ပုံပေါ် မူတည်ပြီး ကိုယ်ဟာ အုံ့ပုန်းလား၊ ပွင့်လင်းသူလား၊ တီထွင်နိုင်စွမ်းရှိသူလား အစရှိသည်ဖြင့် သိရှိနိုင်မှာပါတဲ့။ ကဲ စမ်းကြည့်လိုက်ရအောင်ပါလား။



ပုံ နံပါတ် ၁



နံပါတ် ၁ ပုံကို ရွေးချယ်လိုက်တာ ဆိုရင်တော့ သင်ရွေးချယ်လိုက်တဲ့ ဒီဇိုင်းက အရမ်းကို ရိုးရှင်းတဲ့ အနေအထားပါပဲ။ သင့်ရဲ့ ရွေးချယ်မှုအရ သင်ဟာ ရိုးရှင်းပြီး ပြတ်သားမှုကို နှစ်သက်သူတစ်ဦးပါ။ တစ်ခြားသူတွေအပေါ် သင့်ရဲ့ရိုးသားမှုနဲ့ပဲ ဆွဲဆောင်နိုင်သူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ ဘယ်ကိစ္စကိုမဆို ရှုပ်ထွေးမှုတွေကနေ ဖောက်ထွက်ပြီး ရိုးရှင်းစွာဖြေရှင်းတဲ့ဘက်ကို ဦးတည်လေ့ရှိသူတစ်ဦးပါ။ ဒီစွမ်းရည်ကပဲ သင့်ကို ပြဿနာတွေဖြေရှင်းရာမှာ အကောင်းဆုံးအဖြေတွေ ရရှိစေပါလိမ့်မယ်။ သင့်အနေနဲ့ ကိစ္စတစ်ခုကို သေချာရှင်းရှင်းလင်းလင်းသိပြီးမှ ဖြေရှင်းရမယ့် နည်းလမ်းတွေ အဖြေတွေကို ရှာလေ့ရှိသူလို့လည်း ဆိုရပါမယ်။



ပုံ နံပါတ် ၂



            ပုံ နံပါတ် ၂ ကတော့ အတွင်းဘက်ကို ချိတ်ဆက်မှုများတဲ့အနေအထားပါပဲ။ ဒီတော့ သင်ဟာ ရှုပ်ထွေးမှုတွေကို နှစ်သက်သူဖြစ်ပြီး နားလည်ရခက်သူလို့လည်း ဆိုရမှာပါ။ ပြဿနာတစ်ရပ်ကို အသေးစိတ်အတွင်းကျကျ သိရှိအောင် ကြိုးစားလေ့ရှိပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြေရှင်းရတာကိုလည်း နှစ်သက်သူတစ်ဦးပါ။ ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကိုလည်း သေသေချာချာ ခွဲခြမ်းစိတ်ဖြာနိုင်သူ ဖြစ်ပါတယ်။ ဒီပုံကိုရွေးချယ်မှုအရ သင်ဟာ အတွေးအခေါ်မြင့်မားသူဖြစ်ပြီး ရှုပ်ထွေးမှုတွေကိုလည်း ကောင်းကောင်းဖြေရှင်းနိုင်သူလို့ ယူဆရပါတယ်။



ပုံ နံပါတ် ၃



             ပုံ နံပါတ် ၃ မှာတော့ မျဉ်းကြောင်းအရေအတွက် နည်းပြီး တစ်ခုချင်းစီက ထင်ရှားနေတာ တွေ့ရမှာပါ။ ဒီပုံကိုရွေးချယ်လိုက်တဲ့သင်က ရိုးရှင်းမှုနဲ့ ထင်ပေါ်ကျော်ကြားမှုနှစ်ခုစလုံးကို နှစ်သက်သူပါတဲ့။ သင်ဟာပွင့်လင်းပြီး ရဲရင့်သူတစ်ဦးဖြစ်သလို၊ ဘယ်ကိစ္စကိုမဆို ရိုးရိုးရှင်းရှင်း စဉ်းစားလေ့ရှိပြီး မလိုအပ်ပဲ ခေါင်းရှုပ်မခံသူလည်းဖြစ်ပါတယ်။ ရိုးရှင်းမှုတွေကိုပဲ ဦးတည်လေ့ရှိတာဖြစ်လို့ သင့်ကိုမြင်ရသူတိုင်းကလည်း ရိုးရှင်းတဲ့အလှတစ်ခုကို မြင်ရသလို ခံစားရပါလိမ့်မယ်။



ပုံ နံပါတ် ၎



            နံပါတ် ၄ပုံကို ရွေးချယ်လိုက်တဲ့သင်က ရှုပ်ထွေးပြီး လှပတဲ့ပုံစံကို နှစ်သက်သူပါပဲ။ ဒီအတွက် သင့်ရဲ့ ဦးနှောက်ထဲမှာ အကန့်တွေ အလွှာတွေ အများကြီး ရှိနေပါလိမ့်မယ်။ ဘေးလူတွေမြင်နေရတာထက်တောင် သင်ရဲ့အတွင်းစိတ်ထဲမှာ အရှုပ်တွေများနေတတ်သူပါ။ စိတ်မြန်လက်မြန်ရှိပြီး အပြောင်းအလဲမြန်တတ်သူလည်း ဖြစ်တာကြောင့် သင့်အနားကလူတွေက သင့်ကိုထူးဆန်းသူတစ်ဦးအနေနဲ့ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကပဲ သင့်ကို ဆွဲဆောင်မှုရှိစေသူ၊ စမတ်ကျစေသူတစ်ဦး ဖြစ်စေပြန်တာပါ။



ပုံ နံပါတ် ၅



            သင်ဟာ ပုံနံပါတ် ၅ ကိုရွေးချယ်လိုက်တာဆိုရင်တော့ ပုံက ရှုပ်ထွေးနေသယောင်ရှိပေမယ့် အနားသတ်တွေကိုတော့ သေချာမြင်နိုင်တာဖြစ်လို့ သင်ဟာ ဖုံးကွယ်ထားတာမျိုး လုံးဝမရှိသူတစ်ယောက်ပါပဲ။ ကိစ္စရပ်တွေ၊ ပြဿနာတွေကို အဖြေရှာတဲ့အခါမှာ ဘယ်လိုပဲ ခက်ခဲသည်ဖြစ်စေ ဖြေရှင်းနိုင်တဲ့စွမ်းအား သင့်မှာရှိနေပါတယ်။ သင်ဟာ အရမ်းကို ရှုပ်ထွေးနေတယ်လို့ လူအများတွေးထင်ထားတဲ့ ကိစ္စတွေကိုတောင် အသာလေးပဲ ဖြေရှင်းချက်ပေးတတ်သူပါ။ သင့်ရဲ့အဖြေကလည်း ဖြစ်သလိုဖြေရှင်းတာမျိုးမဟုတ်ပဲ ပြဿနာကို တကယ်ဖြေရှင်းနိုင်မယ့် အဖြေဖြစ်နေတတ်ပါတယ်။



ပုံ နံပါတ် ၆



             သင်ဟာ ပုံနံပါတ် ၆ ကိုရွေးချယ်လိုက်တာဆိုရင်တော့ ဒီပုံက ကန့်သတ်ထားတဲ့ဘောင် အနားသတ်ရယ်လို့ မရှိပဲ တီထွင်မှုလည်း ပြည့်ဝတဲ့ပုံကို ရွေးချယ်လိုက်တာပါပဲ။ ဒီပုံကိုရွေးချယ်လိုက်တဲ့ သင်က ပွင့်ပွင့်လင်းလင်းသမားဖြစ်ပြီး ပျော်ပျော်နေတတ်သူတစ်ဦးလို့ ဆိုရမှာပါ။ တစ်ခြားသူတွေကိုချစ်တတ်သလို၊ သင့်ပတ်ဝန်းကျင်ကလူတွေဆီမှာ အလှတရားကို ရှာဖွေတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာအမြဲလိုလို တစ်ခြားသူတွေရဲ့ အမြင်ကို တလေးတစား လက်ခံတွေးပေးတတ်သူဖြစ်ပြီး လျှို့ဝှက်ချက်မထားတတ်တဲ့သင်က တစ်ခြားသူတွေနဲ့အတူ တိုးတက်မှုရရှိအောင် ပူးပေါင်းလုပ်ဆောင်တတ်သူလည်း ဖြစ်နေပြန်ပါတယ်။



ပုံ နံပါတ် ၇



              ပုံ နံပါတ် ၇ မှာဆိုရင် မျဉ်းကြောင်းတွေက အတွင်းဆီကို ဦးတည်တာများနေတာကို သတိပြုမိကြမှာပါ။ ဒီပုံကို နှစ်သက်တဲ့သင်က အုံ့ပုန်းသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပြီး  သင့်ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာပဲ ကိုယ့်ဘာသာတွေးနေရတာကို နှစ်သက်သူတစ်ဦးပါ။ ကိုယ့်အားကိုယ်ကိုး တတ်ပြီး ဘယ်လိုကိစ္စကိုမဆို ကိုယ့်ရဲ့ အသိပညာဗဟုသုတတွေပေါ် အခြေခံပြီး လုပ်ဆောင်ဖြေရှင်းတတ်သူလည်း ဖြစ်ပါတယ်။ လူအုပ်စုနဲ့ ပူးတွဲနေရတာကို မနှစ်သက်ပဲ သင့်ရဲ့ သီးခြားဆန်မှုအပေါ် စိတ်ဝင်စားသူများပြားတတ်ပါတယ်။ သင်ဟာအုံ့ပုန်းဆန်ပေမယ့် စိတ်ကောင်းတော့ ရှိသူပါတဲ့။



ပုံ နံပါတ် ၈



                 ပုံနံပါတ် ၈ ကတော့ အလှအပကိုနှစ်သက်သူတွေ ရွေးချယ်ကြတာများပါတယ်တဲ့။ ဒီပုံကို ရွေးချယ်လိုက်တဲ့သင်က တီထွင်စွမ်းအားမြင့်မားပြီး လက်ရှိဘဝအနေအထားကို ပိုကောင်းတဲ့အခြေအနေ ရရှိဖို့ အမြဲကြိုးစားနေသူတစ်ဦးပါ။ အလှအပတရားကို နှစ်သက်တတ်ပြီး လူတိုင်းမှာ မရှိနိုင်တဲ့စွမ်းအားတွေ၊ ပြီးပြည့်စုံမှုတွေ သင့်မှာတွေ့ရပါလိမ့်မယ်။ တီထွင်လိုစိတ်များပြီး ကိစ္စတိုင်းလိုလိုကို အမြဲတမ်း အသစ်အဆန်းလုပ်ဆောင်နိုင်ဖို့ စဉ်းစားနေလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။



 



 



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။