contents

သတင်းများ

ဒီပုံလေးမှာ ရုတ်တရက်မြင်လိုက်ရတာက သင့်ရဲ့လတ်တလောအချစ်ရေးကို ဖော်ညွှန်းနေ

နေ့ရက်:
Aug 8, 2018


အမျိုးအစား :
အခြား
Lotayamm

ဒီပုံလေးမှာ ရုတ်တရက်မြင်လိုက်ရတာက သင့်ရဲ့လတ်တလောအချစ်ရေးကို ဖော်ညွှန်းနေ



                   လိုတရရဲ့ ပရိသတ်ကြီးအနေနဲ့ ဒီပုံလေးကို ရုတ်တရက်မြင်လိုက်ရချိန်မှာ ဘာကိုများအရင်ဆုံး မြင်မိကြလဲ မသိဘူးနော်။ ဒီပုံလေးထဲမှာ မြင်တွေ့ရမယ့်အရာလေး ၄ခု ရှိနေပါတယ်။ ကဲ ဒီပုံလေးပုံက သင့်ရဲ့ လတ်တလော အချစ်ရေးနဲ့ ပတ်သက်တဲ့စိတ်ခံစားချက်တွေကို ကိုယ်စားပြုဖော်ပြပေးနေတယ်ဆိုတဲ့အတွက် သင်ဟာ ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်ပါနော်။





၁ - အဘိုးအိုတစ်ဦးရဲ့ မျက်နှာ



             ဒီပုံမှာ အဘိုးအိုတစ်ဦးရဲ့ မျက်နှာကို အရင်ဆုံးမြင်မိတယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးယဉ်ဆန်တဲ့ ချစ်ခြင်းတရားကို လိုလားသူတစ်ဦးပါပဲ။ Romantic ဆန်တဲ့ အပြုအမူတွေ၊ လုပ်ဆောင်ချက်တွေနဲ့ အပြောအဆိုတွေကို နှစ်သက်သူတစ်ဦးဖြစ်ပြီး Romance ရုပ်ရှင်ဇာတ်ကားတွေထဲကအတိုင်း အပြင်မှာလည်း တကယ်တမ်း ရှိလိမ့်မယ်လို့ မျှော်လင့်စောင့်စားနေသူလည်းဖြစ်ပါတယ်။ ချစ်သူရရှိလာချိန်မှာတောင် သင့်ချစ်သူရဲ့ လုပ်ဆောင်ချက်တွေ၊ သင့်အတွက်ကြိုးပမ်းမှုတွေကို စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ အချစ်ရေးကို သေချာအချိန်ယူစဉ်းစားတတ်သူဖြစ်ပြီး သင်တကယ်တမ်းလိုလားတာက သင့်အပေါ်မှာ လက်တွေ့ကျကျ ပြသနိုင်တဲ့ ချစ်ခင်ကြင်နာမှုပါပဲ။ အကယ်၍ သင့်ရဲ့ ချစ်သူကသာ သင့်အပေါ် ဂရုစိုက်မှုတွေ၊ ကူညီကြင်နာမှုတွေနဲ့ ဆက်ဆံပေးတတ်သူဆိုရင် သင်ဟာ သင့်ချစ်သူအပေါ်မှာ သူကောင်းတာရဲ့ ၂ဆ ပြန်ကောင်းပေးတတ်သူလည်း ဖြစ်နေပြန်ပါတယ်။





၂ - မြင်းရဲ့ကျောပေါ်ကလူ



                အကယ်၍သင်ဟာ ဒီပုံကို ရုတ်တရက်ကြည့်လိုက်ချိန် မြင်းရဲ့ကျောပေါ်ကလူကို အရင်ဦးဆုံး မြင်မိလိုက်တယ် ဆိုရင်တော့ သင့်ကို မိန်းကလေးပီသပြီး သိမ်မွေ့သူတစ်ဦးဖြစ်အောင် ပြုလုပ်ဖို့ ခက်ခဲပါလိမ့်မယ်တဲ့။ မိဘ၊ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်အပေါ်ကောင်းစေချင်သူတွေက သင့်ကိုဘယ်လိုပဲ ယဉ်ကျေးသိမ်မွေ့သူဖြစ်လာအောင် ပြုပြင်ပေမယ့် ဖြစ်လာမှာမဟုတ်ပါဘူး။ အချစ်ရေးနဲ့ ပတ်သက်ရင်လည်း သင်ရှာဖွေနေတဲ့သူက ခြောက်ပစ်ကင်း သဲလဲစင်တဲ့သူဖြစ်နေပါလိမ့်မယ်။ သင့်အပေါ်မှာ ချစ်ခင်သူတွေ အများကြီးရှိနေပေမယ့် သင်က သူတို့ကို အကောင်းမမြင်နိုင်ပါဘူး။ သင့်အနေနဲ့ Perfect ဖြစ်တဲ့သူကို ရှာလေလေ ဝေးလေလေဖြစ်နေမှာပါပဲ။ သင့်ကိုတကယ်ချစ်ခင်ပြီး သင်နဲ့ လိုက်ဖက်တဲ့သူက သင့်အနီးအနားမှာပဲ ရှိနေတာဖြစ်လို့ သင့်ရဲ့ မျက်စိတွေကို ကျယ်ကျယ်ဖွင့်ပြီး လေ့လာဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။





၃ - မြစ်ဘေးမှာ လဲလျောင်းနေတဲ့ မိန်းကလေး



                  ဒီပုံကို သင်ရုတ်တရက်ကြည့်လိုက်ချိန် မြစ်ဘေးနားမှာ လဲလျောင်းနေတဲ့ မိန်းကလေးကို မြင်မိတယ်ဆိုရင်တော့ သင်ဟာ အရင်တုန်းက အချစ်ရေးနဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွားနာကျင်ခံစားချက်တစ်ခု ရှိခဲ့ဖူးသူပါပဲ။ ဒီခံစားချက်ကပဲ သင့်ကို နောက်ထပ် အချစ်သစ်ဆိုတာကို လက်ခံဖို့ ခက်ခဲစေပါလိမ့်မယ်။ ဒါပေမယ့် သင့်ကိုယ်သင် အတိတ်ဖြစ်ရပ်ထဲမှာပဲ ပိတ်လှောင်ထားတာမျိုးမဖြစ်သင့်ပါဘူး။ ဘာလို့လည်းဆိုတော့ အချစ်ရေးမှာ ခဲမှန်ဖူးတဲ့ စာသူငယ်လို ကြောက်လန့်ပြီး ချစ်သူရည်းစားလုံးဝမထားတော့ပဲ အပျိုကြီး၊ လူပျိုကြီးလုပ်တာမျိုးထက် သင့်အပေါ်ကို တကယ်ချစ်ခင်နှစ်သက်သူကို မြင်အောင်ကြည့်တာက သင့်ဘဝရှေ့ရေးအတွက် ပိုမိုကောင်းမွန်သင့်တော်တာဖြစ်လို့ပါပဲ။ တစ်နေ့နေ့မှာ သင့်အပေါ်တကယ်ချစ်သူတစ်ဦး ပေါ်ပေါက်လာမှာဖြစ်ပြီး အဲဒီနေ့မှာ သင်ဟာ အချစ်စစ် ဆိုတာကို ယုံကြည်လာပါလိမ့်မယ်တဲ့။





၎ - မြစ်ကြောင်းတစ်လျှောက်မြင်ကွင်း



                     သင်ဟာ မြစ်ကိုလည်းမြင်မယ်၊ မြစ်ကြောင်းတစ်လျှောက်စီးဆင်းနေတဲ့ မြင်ကွင်းကိုလည်း မြင်မယ်ဆိုရင်တော့ သင်ဟာ အချစ်ရေးမှာပဲ အချိန်ကုန်လေ့ရှိသူမဟုတ်ပါဘူး။ သင့်အတွက် အကျိုးအမြတ်များမယ့် အချစ်ရေးမျိုးဆိုရင်တော့ သင်အချိန်ပေးကောင်းပေးနိုင်ပါတယ်။ အချစ်ရေးထက်သင့်ကို စိတ်ဝင်စားစေတာက ပေါ့ပေါ့ပါးပါး ခရီးထွက်တာနဲ့ စွန့်စားရတဲ့ တောင်တက်ခရီးစဉ်တွေလိုမျိုးပါပဲ။ ဒါပေမယ့် သင့်ကို အကြံပေးချင်တာကတော့ တစ်ခါတစ်ရံမှာ တစ်ဦးတည်း ခရီးထွက်နေတာတွေကို ခဏနားလိုက်ပြီးသင့်ကိုချစ်တဲ့သူ သင်ကချစ်ဖို့ ထိုက်တန်သူတွေနဲ့ ဒီအတွေ့အကြုံတွေကို ဝေမျှပေးတဲ့ အားလပ်ချိန်လေး ရှိသင့်တယ်ဆိုတာပါပဲ။ သင့်ချစ်သူနဲ့အတူ သင့်ရဲ့ စွန့်စားခန်းတွေကို အတူတကွပြန်လည်ပြောဆိုတာကလည်း သင့်ရဲ့ နောက်ခရီးစဉ်အတွက် အားအင်တွေ ပိုမိုရရှိလာစေပါလိမ့်မယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။