Lotayamm

search
မာတိကာ

contents

သတင်းများ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊ လူမှု အသိုင်းအဝိုင်းများ အကြား သဟဇာတဖြစ်ရေးတို့ အတွက် ကမ္ဘာ့ဘဏ်မှ ကူညီမည် ဟုဆို

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
အခြား
yangonmedia
၎င်းအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်အ နေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လူမှုရေးနှင့် စီးပွားရေးကဏ္ဍ အသွင်ကူးပြောင်းမှုများအတွက် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် နည်းပညာအထောက်အပံ့များကိုလည်း ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
''ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အား ပံ့ပိုးကူညီရာတွင် မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းသာယာစည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်းကဲ့သို့ ပံ့ပိုးကူညီမှု အသစ်များဖြင့် ရခိုင်ပြည်နယ် အပါအဝင် ပဋိပက္ခဖြစ်ပွားမှုရဲ့အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ လူမှုအသိုင်း အဝိုင်းများအကြား သဟဇာတဖြစ်နိုင်ဖို့ ဆက် လက်ကူညီသွားမှာ ဖြစ်ပါတယ်''ဟု ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက ပြောသည်။
ထို့အပြင် တတိယအကြိမ် ပင်လုံညီလာခံကျင်းပသည့် အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၏ အရေးပါမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထို့အပြင် အမေရိကန်ဒေါ်လာ သန်း၂ဝဝ နှင့် ၂၅ဝ အထိ ကနဦးကာလ ဘဏ္ဍာရေးအကူအညီရရှိနိုင်မည့် ငြိမ်းချမ်းသာယာစည် ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည် ဆောက်ရေး စီမံကိန်းအား အကောင်အထည် ဖော်နိုင်ရန် ပြင်ဆင်မှုများအား စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းအပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေး၊ နေ ရာချထားရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍လည်းကောင်း၊ ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခ အခြေအနေများကြောင့် ထိခိုက်ခံစားရသူများ အားလုံးနှင့် အသိုက်အဝန်းအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး အခွင့်အရေးများ ဖန်တီးရေး စသည်တို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် UN-HCR, UNDP စသည်တို့အကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုနိုင်ခဲ့သည့် အခြေအနေများ၊ ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်သည့်တိုးတက်မှု အစီရင်ခံစာအား ထုတ်ပြန်နိုင်ခဲ့ခြင်း အခြေအနေများအပြင် သဘောတူညီချက်များအား လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တစ်ဖက်နိုင်ငံသို့ သွား ရောက်သူများအတွက် ၎င်းတို့ သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိနှင့် လုံခြုံရေးဘေး ကင်းစွာ ပြန်လည်ဝင်ရောက်နိုင်မည့် အခြေအနေများ ဖန်တီးပေးရေးအတွက် ကုလသမဂ္ဂအပါအဝင် အခြားအဖွဲ့အစည်းများနှင့် ပူး ပေါင်းကာ ကမ္ဘာ့ဘဏ်အနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီမှုများပေးသွားရန် ကမ်းလှမ်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ပြန် လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ပံ့ပိုးမည့်အစီအစဉ်ကိုလည်း ဒုတိယဥက္ကဋ္ဌက ကြေညာခဲ့သည်။
 
ယင်းအစီအစဉ်တွင် ရခိုင် ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများအားလုံးအတွက် အလုပ်အကိုင်ရရှိရေး၊ စီးပွားရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးနှင့် အခြေခံကျသည့် လူမှုဝန်ဆောင်မှုများ ရရှိနိုင်ရေးအား အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတစ်ခုအနေ ဖြင့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံနှင့် ညီမျှသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကူအညီပေးအပ်ထားပြီ ဖြစ်သည်။
 
မင်းဗညား
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။