contents

သတင်းများ

ပြင်သစ်နိုင်ငံက ကိန်းရုပ်ရှင်ပွဲတော်ပုံစံကျင်းပတဲ့ L’Oréal Paris ရဲ့ Red Carpet Event ၂၀၁၈

နေ့ရက်:
Jul 9, 2018


အမျိုးအစား :
အခြား
Lotayamm

                 နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်တဲ့ L’Oréal Paris ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ Red Carpet Event

ပွဲကြီးကိုတော့ ၂၀၁၈ ဇူလိုင်လ ၇ရက်နေ့က Melia Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ၊ ကိန်းရုပ်ရှင်ပွဲတော်ကိုInspire ယူပြီး ကျင်းပမြဲဖြစ်တဲ့ L’ORÉAL Paris Red Carpet Event ပွဲကြီးကို ဒီနှစ်မှာလည်း နိုင်ငံကျော် အနုပညာရှင်တွေ၊ Blogger တွေနဲ့ Model တွေ၊  Designer တွေ၊  Make-up ပညာရှင်များစွာနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေပါဝင်ပြီး စည်စည်ကားကား၊ ပျော်ပျော်ရွှင်ရွှင် ကျင်းပသွားခဲ့တာဖြစ်ပါတယ်။



                L’Oréal Paris ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ Red Carpet Event ပွဲကြီးကို ၂၀၁၄ ခုနှစ်က စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ၅ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ ဒီပွဲမှာ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်၊ ဒီဇိုင်နာ SHARTRA ၊ AHLATT LUMYANG ၊ မိတ်ကပ်မေဦး အစရှိသူတွေက ပါဝင်အားဖြည့်ခဲ့ကြတာဖြစ်ပြီး ပွဲတက်ရောက်မယ့်သူတွေအနေနဲ့ I'm Glamorous ၊ I'm Maximalist ၊ Because I'm Worth it ဆိုတဲ့ Dress Theme တွေထဲက နှစ်သက်ရာရွေးချယ်ဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။



               ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တွေ၊ ဧည့်သည်တော်တွေထဲက အကောင်းဆုံး၊ အလှဆုံးဝတ်စုံပိုင်ရှင်တွေကိုလည်း ဆုချီးမြှင့်ခဲ့ပြီး ပွဲတက်ရောက်လာတဲ့ပုံတင်ထားသူတွေထဲက Facebook Like နဲ့ Share အများဆုံးဆုတို့ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသေးတယ်။



               The best special beauty award dresses winner  အဖြစ် အကယ်ဒမီဝတ်မှုန်ရွှေရည်၊ နေခြည်ဦး၊ မြနှင်းရည်လွင်၊ အကယ်ဒမီ မယ်လိုဒီ၊ အကယ်ဒမီပိုင်ဖြိုးသု၊ မိတ်ကပ် လင်းလင်း ၊ မထက် Pop Soul ၊ သန္တာလှိုင်၊ ဧရီရယ်သုတ၊ ပိုးမမှီသာ အစရှိတဲ့သူတွေက ရရှိခဲ့ကြတာဖြစ်ပြီး Facebook မှာ like နဲ့ share အများဆုံးဆုကိုတော့ အဆိုတော် ဘီလီလမင်းအေးက ရရှိခဲ့တာဖြစ်ပါတယ်။

              ကဲ L’Oréal Paris ရဲ့ ကော်ဇော်နီပေါ်မှာ ဘယ်အနုပညာရှင်တွေနဲ့ ဧည့်သည်တော်တွေက ခမ်းနားခဲ့ကြတယ်ဆိုတာကို ပုံလေးတွေကြည့်ပြီး အကဲဖြတ်လိုက်ရအောင်နော်။



 





 ဝတ်စုံအလှဆုံးဆု ရရှိကြသူများ





အကယ်ဒမီ ဝတ်မှုန်ရွှေရည်





 အကယ်ဒမီ မယ်လိုဒီ





 မော်ဒယ်နှင့်သရုပ်ဆောင် သန္တာလှိုင်





Beauty Blogger နေခြည်ဦး





 Facebook တွင် Like နှင့် share အများဆုံးဆု ရရှိသူ ဘီလီလမင်းအေး





L’Oréal Paris Red Carpet အဖွဲ့သားများ





L’Oréal Paris ၏ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ချိုသက်နွယ် (ခ) ဘုတ်ဘုတ် နှင့် ပွဲတက်ရောက်လာသူများ





ပွဲဖြစ်မြောက်ရေးပါဝင်ကူညီကြသူများ





 မော်ဒယ် အဲလစ်အုန်း





ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်၏ တူမ မေတိုးခိုင်





 အဆိုတော် R ဇာနည်နှင့် ဝမ်း





 သရုပ်ဆောင်ဖြိုးငွေစိုးနှင့် မိသားစု





ပွဲတက်ရောက်လာသည့် သရုပ်ဆောင်များ





 သရုပ်ဆောင် ချစ်စနိုးဦး





 စင်မြင့်ပေါ်မှ မော်ဒယ်များ





 မော်ဒယ် အမ်ဆိုင်းလု





 ထွန်းကိုကို နှင့် သရုပ်ဆောင်၊ မော်ဒယ်များ





အလှမယ် မေမြတ်နိုး





 အလှမယ် နန်းခင်ဇေယျာ



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။