Lotayamm

search
မာတိကာ

contents

သတင်းများ

မြင်းဘယ်နှစ်ကောင်မြင်မိပါသလဲ

နေ့ရက်:
Jul 9, 2018


အမျိုးအစား :
အခြား
Lotayamm

                 ဒီပုံလေးကို ရုတ်တရက်ကြည့်လိုက်ချိန်မှာ မြင်းပုံဆိုတာကို သိရှိခံစားနိုင်မှာ အမှန်ပါပဲ၊ ဒါဆိုရင် ဒီပုံလေးမှာ မြင်းဘယ်နှစ်ကောင်မြင်တယ်ဆိုတဲ့ အမြင်လေးက သင့်ရဲ့ လတ်တလော စိတ်ခံစားချက်နဲ့ သင့်ရဲ့ နေ့စဉ် လုပ်ဆောင်မှုတွေကို ဖော်ညွှန်းပေးနေတယ်ဆိုရင် အံ့သြမိမလားပဲနော်။ မအံ့သြပါနဲ့ ဒါဟာ အမှန်တရားပါပဲ။ လူတွေဟာ ကိုယ့်ရဲ့ စိတ်ရှည်သည်းခံမှု လတ်တလော စိတ်နေစိတ်ထားပေါ်မူတည်ပြီး ဒီပုံမှာ မြင်းဘယ်နှစ်ကောင်ရှိနေတယ် ဆိုတာကို မြင်မိကြပါတယ်တဲ့။ ကဲဒါဆိုရင် သင်ရော ဒီပုံလေးကိုကြည့်ပြီး မြင်းဘယ်နှစ်ကောင်လို့ မြင်လိုက်တာပါလဲ၊ ကိုယ်ရွေးချယ်လိုက်တဲ့ မြင်းကောင်ရေက ဘယ်လိုစိတ်နေစိတ်ထားကို ဖော်ပြနေတယ်ဆိုတာကိုတော့ မှန်ကန်မှုရှိမရှိ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါဦးနော်။



မြင်း ၁ကောင်



           မြင်း ၁ကောင်လို့ မြင်မိတယ်ဆိုရင်တော့ သင်ဟာ အမြင်ကျယ်သူတစ်ဦးပါပဲတဲ့။ သင့်ရဲ့ အမြင်က သင့်ရဲ့လုပ်ဆောင်ချက်တွေပေါ်မှာပဲ မူတည်နေလေ့ရှိပါတယ်။ တစ်ခြားသူတွေက သူတို့ရဲ့ တစ်ကိုယ်ရည်အမြင်ပေါ်မှာ အစွဲကြီးလေ့ရှိတတ်ကြပေမယ့် သင်ကတော့ ဘယ်ကိစ္စကိုမဆို အမြင်ကျယ်ကျယ်နဲ့ နားလည်ဆုံးဖြတ်ပေးလေ့ရှိတာဖြစ်ပါတယ်။ တစ်ခြားသူတွေရဲ့ အမြင်ကို အလွယ်တကူ နားလည်လွယ်လေ့ရှိပြီး ကိစ္စရပ်တစ်ခုအပေါ် ရှုထောင့်ပေါင်းစုံကနေ မြင်လေ့ရှိသူတစ်ဦးပါပဲ။ ကိစ္စတစ်ခု ဖြစ်လာရင် အကျယ်ချဲ့လေ့ရှိသူမဟုတ်ပေမယ့် ဒီကိစ္စအပေါ် တကယ့် ဖြစ်သင့်တဲ့ အမြင်မျိုးနဲ့ သုံးသပ်တတ်သူဖြစ်ပါတယ်။ လူတွေက ဘယ်လိုကိစ္စမဆို သင့်ရဲ့ဆုံးဖြတ်ချက်အပေါ် အလေးအနက်ထားကြမှာဖြစ်ပြီး ဒီလိုသမာသမတ်ကျမှုတွေကပဲ သင့်ကို ခေါင်းဆောင်ပိုင်းနေရာတွေမှာ ရရှိစေမှာဖြစ်ပါတယ်။ သင်ဟာ မျက်စိနဲ့နားကို အမြဲဖွင့်ထားပြီး ပုံမှန်သမားရိုးကျ ဆုံးဖြတ်ချက်တွေကနေ ခွဲထွက်တဲ့ အမြင်တွေကို နှစ်သက်လေ့ရှိသူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ အလုပ်နဲ့ပတ်သက်လာရင်လည်း ဘယ်အရာကအရေးပါတယ်၊ ဘယ်အရာကတော့ အရေးမပါလို့ အာရုံစိုက်ဖို့မလိုအပ်ဘူးဆိုတာကို ကွဲကွဲပြားပြားသိသူလို့ ဆိုရမှာပါ။



မြင်း ၄ကောင်ကနေ ၉ကောင်အတွင်းမြင်သူ



             ဒီပုံကိုကြည့်ပြီး မြင်း ၄ကောင်ကနေ ၉ကောင်အတွင်းမြင်တယ်ဆိုရင်တော့ သင်ဟာ အလုပ်ကြိုးစားသူတစ်ဦးပါတဲ့။ ကိစ္စတစ်ခုအပေါ် အတွင်းကျကျ တွေးခေါ်တတ်သူတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်သူဖြစ်သလို လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းကောင်းမွန်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တကိုယ်ကောင်းတော့ ဆန်တတ်ပါတယ်တဲ့။ လုပ်ငန်း ကိစ္စရပ်တစ်ခုရှိလာပြီဆိုရင် တစ်ခြားသူတွေထက် ပိုပြီး စိတ်ဓါတ်ပြင်းပြင်းထန်ထန်အောင်မြင်လိုစိတ်ရှိသူဖြစ်ပြီး သင့်ရဲ့အောင်မြင်မှုတိုင်းကလည်း သင်ကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်တွေပဲ ဖြစ်နေမှာပါ။ ကျဆုံးမှုဆိုတာကို မလိုချင်တဲ့သူဖြစ်လို့လည်း ဘယ်အရာကိုမဆို အောင်မြင်အောင်ပဲ လုပ်ဆောင်လေ့ရှိသူ တစ်ဦးပါပဲ။ good ဆိုတဲ့ အနေအထားမှာ ဘယ်တော့မှ ကျေနပ်လေ့ရှိသူမဟုတ်ပဲ Perfect ဆိုတဲ့အရာအထိ ရအောင်လုပ်ဆောင်တတ်သူလည်းဖြစ်နေပြန်ပါတယ်။ ဒါကြောင့် သင့်ရဲ့အချိန်တွေအားလုံးလိုလိုက အရာတိုင်းကို Perfect ဖြစ်ဖို့လုပ်ဆောင်နေတာနဲ့ပဲ အားလပ်ချိန်၊ အားလပ်ရက်မရှိသလောက်ဖြစ်နေပါလိမ့်မယ်။ အလုပ်ရှင်က 100% လုပ်ခိုင်းရင်တောင် သင်က 110% လုပ်ပေးလေ့ရှိသူပါပဲ။



မြင်း ၁၀ ကောင်နဲ့အထက်မြင်သူ



             သင်ဟာ ဒီပုံမှာ မြင်း ၁၀ ကောင်နဲ့အထက် ပါဝင်တယ်လို့ မြင်မိတယ်ဆိုရင်တော့ သင်ဟာ လုံးဝကိုပြီးပြည့်စုံသူတစ်ဦးပါပဲ။ ဘယ်အရာကိုမဆို ပြည့်စုံနေရင်တောင် သင်က လိုအပ်ချက်ရှိတယ်လို့ မြင်နေမယ့် လူစားဖြစ်ပါတယ်။ သူများတွေက အကောင်းဆုံးပြုမူလုပ်ဆောင်ထားတဲ့ ကိစ္စရပ်မျိုးကိုတောင် သင်က မပြည့်စုံဘူးလို့ ထင်ပါလိမ့်မယ်။ Critical Thinking ပိုင်း အားသန်သူဖြစ်ပြီး သူများတွေ မထင်မှတ်ထား၊ မမြင်ထားတဲ့ အားနည်းချက်၊ ဟာကွက်တွေကို မြင်နိုင်သူ၊ ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်တွေကို ချပြပေးနိုင်သူလည်း ဖြစ်ပါတယ်။ အုပ်စုတစ်စုမှာ သင်ပါဝင်နေတယ်ဆိုရင် ကျန်တဲ့သူတွေ အလုပ်တောင်လုပ်နေစရာမလိုအောင် သင်ကပဲ အရာရာကို အကောင်းဆုံးဖြစ်အောင် ဦးဆောင်သွားမယ့်သူပါပဲ။ စိတ်ကူးယဉ်ဆန်သူလို့ ဆိုနိုင်ပေမယ့် စိတ်ကူးယဉ်အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် စွမ်းဆောင်နိုင်သူတစ်ဦးဖြစ်နေပြန်ပါတယ်။ အတိတ်ကဖြစ်ရပ်တွေကို ပြန်လည်တွေးတောလေ့ရှိသူဖြစ်ပြီး အတိတ်ထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရဖို့ အမြဲကြိုးစားနေသူတစ်ဦးပါ။ ပုံမှန်လူတစ်ဦးလုပ်ဖို့ မဖြစ်နိုင်တဲ့ ကိစ္စရပ်တွေကို အံသြဖွယ်ဖြစ်လောက်တဲ့အထိ သင်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။