contents

သတင်းများ

ကျိုက်မရော ခရုံဂူကျောက်မိုင်းအနီးတွင် လိုင်းကားတစ်စီး ရေမြောင်းထဲ ထိုးကျတိမ်းမှောက်၊ နှစ်ဦးသေဆုံး

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
အခြား
yangonmedia
ဖြစ်စဉ်မှာ မွန်ပြည်နယ် ကျိုက် မရောမြို့နယ် ခရုံကျေးရွာ ခရုံဂူ ကျောက်မိုင်းအနီး မော်လမြိုင်-ဘားအံကားလမ်း မိုင်တိုင်အမှတ် (၁၁/၂)နှင့် (၁၁/၃)ကြားတွင် ဇွန် ၁၃ ရက်၊ နံနက် ၅ နာရီခွဲက မော်လမြိုင်မှ ဘားအံသို့ ကျိုက်မ ရောမြို့နယ် ရန်မျိုးအောင်ရပ်ကွက် (၄)နေ ယာဉ်မောင်း အောင်စိုး (၅၄)နှစ် မောင်းနှင်လာသော လိုက် ထရပ် အဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် လမ်း ချော်၍ အရှိန်မထိန်းနိုင်ဘဲ ဝဲဘက် လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုက် မရောမြို့နယ် တရနာ ရဲကင်းစခန်း ထံမှ စုံစမ်းသိရသည်။
ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ခရီးသည် ၁၂ ဦးခန့်ပါရှိကြောင်း၊ တိမ်းမှောက်မှုကြောင့် ကျိုက်မရော မြို့နယ် ရှင်စောပု (၁) ရပ်ကွက်နေ ယာဉ်နောက်လိုက် ဦးသန်းဦး(၅၂) နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီး ယာဉ်ပေါ်ပါသူ အသက်(၆ဝ)ကျော်အရွယ် ခရီးသည်အမျိုးသမီး တစ်ဦးလည်း ဒဏ်ရာများရရှိပြီး ဆေးရုံအရောက် ထပ်မံသေဆုံးခဲ့ ကြောင်း၊ ယာဉ်မောင်း အပါအဝင် ခရီးသည် ခုနစ်ဦးမှာ ဒဏ်ရာရခဲ့ ကြောင်း တရနာ ရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်းအောင်က ဒီမိုကရေစီ တူဒေးသို့ ဇွန် ၁၃ ရက်က ပြော သည်။
သေဆုံးသူနှင့် ဒဏ်ရာရသူ များကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ထားကြောင်း၊ တိမ်းမှောက်ခဲ့သည့် ယာဉ်မှာ ပျက်စီးမှုများရှိခဲ့ပြီး ကျပ် သုံးသိန်းခန့် ဆုံးရှုံးခဲ့ကြောင်း ¤င်း က ဆက်လက် ပြောသည်။
ကျိုက်မရောမြို့နယ် တရနာ ရဲကင်းစခန်းမှူး ရဲအုပ်မင်းမင်း အောင်က ''ခရုံကျေးရွာအဝင် လမ်းနားမှာဖြစ်တာ။ လိုက်ထရပ် က ခရီးသည်တင်လိုင်းကား။ကျိုက်မရော-မော်လမြိုင်လိုင်းကား။ အခင်းဖြစ်နေရာမှာ လမ်းချော်ပြီး တော့ ဘေးမြောင်းထဲ ထိုးကျသွား တာ။ ခရီးသည်တွေက အမျိုးသမီး တွေ များတယ်။ ဈေးသည်တွေ။ဈေးရောင်းသွားဆင်းတာ။ ယာဉ် နောက်လိုက်နဲ့ ခရီးသည်တစ်ဦး သေဆုံးခဲ့တယ်။ ခုနစ်ဦး ဒဏ်ရာ ရတယ်''ဟု ¤င်းက ဆက်လက် ပြောသည်။
ယင်းယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ကျိုက်မရောမြို့မ ရဲစခန်းမှ ယာဉ်(ပ)၂၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/၃၃၈/ ၃ဝ၄-ကဖြင့် ယာဉ်မောင်း အောင်စိုး ကို အမှုဖွင့်အရေးယူထားသည်။
WYHW
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။