Lotayamm

search
မာတိကာ

contents

သတင်းများ

ကယ်ရီမောင်းအား လုယက်သတ်ဖြတ်သူသုံးဦးကိုဖမ်းမိ၊ ငွေလို၍ ကျူးလွန်ခြင်းဖြစ်ဟု ဆို

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
အခြား
yangonmedia
ယင်းဖြစ်စဉ်မှာ ဇွန် ၁၁ ရက် ညနေ ၃ နာရီက ရန်ကုန်တိုင်းဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် မြို့၊ ရွှေနံ့သာကျေးရွာ၊ နှင်းဆီ လမ်းမပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာအမည်နှင့် နေရပ်လိပ်စာ(စိစစ်ဆဲ)အသက်(၂၅) နှစ်ခန့်ရှိ အမျိုးသားမှာ ယာဘက် ရင်ညွန့်တွင် လက်မဝက်ခန့် ထိုးသွင်း ဒဏ်ရာတစ်ချက်၊ ဦးခေါင်းငယ်ထိပ် ဘေး တစ်လက်မခန့်ပေါက်ပြဲဒဏ် ရာတစ်ချက်၊ အပေါ်နှုတ်ခမ်းအ ထက်ယာဘက်တစ်လက်မခန့်ပြတ် ရှဒဏ်ရာတစ်ချက်တို့ရရှိကာ သေ ဆုံးနေခြင်းဖြစ်သည်။
ယင်းသေဆုံးမှုနှင့် ပတ်သက် ပြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းမှ (ပ) ၆၂၂/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ -၃ဝ၂ (လူ သတ်မှု)ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူ ကိုဖမ်းမိရေးဆောင်ရွက်ခဲ့သည်။
သေဆုံးသူမှာ မည်သူ၊ မည်ဝါ ဖြစ်ကြောင်း သိနိုင်ရေး Yangon Police Facebook လူမှုကွန်ရက် မှတစ်ဆင့် သတင်းပေးနိုင်ရေးဖော် ပြခဲ့ရာ အခင်းဖြစ်နေ့ည ၁၁ နာရီ တွင် သေဆုံးသူဇနီး၏ အတည်ပြု ချက်အရ မင်္ဂလာဒုံမြို့နယ်၊ ပလရ ရပ်ကွက်၊ Mec ဝန်ထမ်းလိုင်းနေ ကိုသီဟကျော်(ခ)ဖိုးသာထူး(၂၆)နှစ်ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာအနီး၌ တိပ် အမည်းပတ်လျက်အရိုးအသွား ရှစ် လက်မခန့်ရှိ စတီးတူချွန်တစ် ချောင်းအားတွေ့ရပြီး ရဲနိုင်လင်း(ခ)ကရင်၊ နိုင်လင်းထွန်း၊ ဖိုးလပြည့် (ခ)လပြည့်တို့ သုံးဦးမှာ ယင်း စတီးတူအား ချွန်ထားသည့် ပိုက် ချွန်လက်နက်ကို ကိုင်ဆောင်သွား လာတတ်သည်ဟု သတင်းအစ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဇွန် ၁၂ ရက် နေ့လယ်ပိုင်း တွင် မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေး ရွာအုပ်စု၊ ပုလဲ(၂)ရပ်ကွက်၊ ဂန္ဓမာ လမ်းရှိ လက်ဖက်ရည်ဆိုင်၌ ဖိုးလ ပြည့်(ခ)လပြည့်(၂၇)နှစ် ရဲနိုင်လင်း (ခ)ကရင်(၂၄)နှစ်နှင့် နိုင်လင်းထွန်း (၂၁)နှစ်တို့သုံးဦးကိုဖမ်းမိခဲ့သည်။
ဖမ်းမိသူသုံးဦးအား စစ်ဆေး ရာ ဇွန် ၁၁ ရက် နံနက်ပိုင်းက ဖိုးလပြည့်(ခ)လပြည့်မှ ဆိုင်ကယ် ဝယ်ရန်ငွေလိုကြောင်း ပြောသဖြင့် ¤င်းတို့သုံးဦး ဆိုင်ကယ်လုယက်ရန် တိုင်ပင်ခဲ့ကြပြီး Canda CZI-125 ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ရာ ကျိုက္ကလဲ့ဘုရားရှေ့ဆိုင်ကယ်ကယ် ရီဂိတ်အရောက်တွင် ဖိုးလပြည့်(ခ) လပြည့်မှ သေဆုံးသူ၏ ဆိုင်ကယ် အား ငွေကျပ် ၃ဝဝဝ ဖြင့် တိုက် ဂါးဘီယာစက်ရုံဘက်သို့လိုက်ပို့ ပေးရန် ငှားရမ်းခဲ့ပြီး ယင်းဆိုင်ကယ် နောက်မှ နိုင်လင်းထွန်းနှင့်ရဲနိုင် လင်း(ခ)ကရင်တို့က ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ကြောင်း သိရသည်။
တိုက်ဂါးဘီယာစက်ရုံလမ်း ကြားအရောက် ဖိုးလပြည့်မှ ပိုက် ဆံမပါသေးကြောင်း၊ ရဲနိုင်လင်းထံ လိုက်ယူမည်ပြောဆို၍ ထောက် ကြန့်၊ ရွှေနံ့သာကျေးရွာရှိ လူပြတ် သည့်လမ်းကြားအရောက်၌ နိုင်လင်း ထွန်းနှင့် ရဲနိုင်လင်းတို့နှစ်ဦးရောက် ရှိလာပြီး ဆိုင်ကယ်အားလုယူပြီး နိုင်လင်းထွန်းက စတီးရိုးတပ်ကတ် ကြေးဖြင့်ထိုးခဲ့ကြောင်း၊ ထို့နောက် သေဆုံးသူ၏ Honda wave-125 ဆိုက်ကယ်အားလုယူကာ မောင်း နှင်လာခဲ့ပြီး ဆိုင်ကယ်အား ရဲနိုင် လင်း (ခ) ကရင်၏ နေအိမ်နောက် ဘက်တွင် ဝှက်သိမ်းထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
ပေါ်ပေါက်ချက်အရ လုယက် ယူဆောင်သွားသည့် Honda wave-125 ဆိုက်ကယ်အပါအဝင် သက်သေခံပစ္စည်းများကို အသီးသီး သိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူ နိုင်လင်း ထွန်းပါသုံးဦးတို့ကို အခြားအမှု များကျူးလွန်ခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့် အညီ ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ထောက်ကြန့်နယ်မြေ ရဲစခန်း မှူးဒုရဲမှူးမြင့်လွင်က ''သေဆုံးသူ က ကယ်ရီမောင်းတယ်။ လုံခြုံရေး ဝန်ထမ်းလည်းလုပ်တယ်။ ကျူးလွန် သူသုံးဦးကကျပန်းလုပ်တယ်။ သုံး ယောက်စလုံးက သူငယ်ချင်းတွေ။လုယက်မှုက ပေါ်ပေါက်ချက်အရ ထပ်ဖွင့်သွားမှာပါ။ ဒီဖြစ်စဉ်အပေါ် မှာပုဒ်မထပ်တပ်ပြီး အရေးယူမှာ ပါ။ သူတို့ကိုတော့ ရမန်ယူထားပါ တယ်။ ကျူးလွန်ရတာကတော့ ဆိုင် ကယ်လိုချင်လို့ပေါ့။ ဆိုင်ကယ်လု တာပေါ့။ ပိုက်ဆံလိုအပ်နေလို့'' ဟု ဒီမိုကရေစီတူဒေးသို့ ဇွန် ၁၃ရက် ကပြောသည်။

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။