contents

သတင်းများ

ကော့ကရိတ်ရွှေဆိုင် အနုကြမ်းစီးသူ ဖမ်းဆီးရမိ ၊ ပုဒ်မ ၃၉၄ နှင့် အမှုဖွင့်ထား

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
အခြား
yangonmedia
အဆိုပါအနုကြမ်းစီးနင်းသူကို သတင်း အရ ကော့ကမာကျေးရွာရှိ တရားခံ ဦးလေး တော်သူ ဦးထွန်းလွင်နေအိမ်သို့ သွားရောက် ချိန်၌ ပြစ်မှုကျူးလွန်သူ အောင်ကျင်သိန်း(ခ) ကျင်ဦးအား သက်သေခံ ဒသမ ၂၂ ဆုံလည် ခြောက်လုံးပြူးတစ်လက်၊ ကျည် ၈၅ တောင့် ကျည်ခွံတစ်ခု၊ ဆိုင်ကယ်၊ ဆိုင်ကယ်ဦးထုပ်၊ အဝါရောင်မိုးကာ၊ အနက်ရောင်ဂျင်းဘောင်း ဘီ၊ ဓားမြောင်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကျင်သိန်း(ခ)ကျင်ဦး ၃၁ နှစ်၊ (ဘ)ဦးသောင်းကြိုင်ကို ကော့ကရိတ်မြို့နယ် ရဲစခန်းမှ (ပ)၂၆၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ် တွင် ကော့ကရိတ်မြို့ အမှတ်(၅)ရပ်ကွက် ဗိုလ် ချုပ်လမ်းရှိ ဖြူစင်သန့်ရတနာရွှေဆိုင်သို့ ယာဉ် နံပါတ် တပ်ဆင်ထားခြင်းမရှိသော Wave 110 (အပြာရောင်ဆိုင်ကယ်၊ ဆိုင်ကယ်စီးဦးထုပ် အနက်)၊ မိုးကာအင်္ကျီအဝါရောင်၊ ဘောင်းဘီ ဂျင်း(နက်ပြာ)ရောင်၊ ကွင်းထိုးဖိနပ်(အနက် ရောင်)စီးထားသူတစ်ဦး ရောက်ရှိလာပြီး ဆိုင် အတွင်းသို့ ဝင်ရောက်လာကာ ဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုအေး(၅၅ နှစ်)အား ၄င်း က မိုးကာကျောပိုးအိတ်အသေးထဲမှ သေနတ် အတုဖြင့် ထုတ်ချိန်ပြီး ရွှေထည်ပစ္စည်းများအား အိတ်အတွင်းသို့ထည့်ရန် ပြောဆိုရာ ဒေါ်ချို ချိုအေးက ငွေကျပ်တစ်သိန်း ထုတ်ပေးသည် ကိုမယူဘဲ သေနတ်ဖြင့် တစ်ချက်ပစ်ဖောက် လိုက်၍ ဒေါ်ချိုချိုအေး၏ ရင်ညွန့်တည့်တည့် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။Õ
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။