Lotayamm

search
မာတိကာ

contents

သတင်းများ

အနံ့ဆိုးကြောင့် ဒေသခံများ ဆန္ဒဖော်ထုတ်သည့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ငါးပေါင်းမှုန့်စက်ရုံကို ဌာနဆိုင်ရာများရှေ့တွင် အနံ့ဆိုး ရှိ၊ မရှိ လည်ပတ်ပြသမည်

နေ့ရက်:
May 17, 2018


အမျိုးအစား :
အခြား
yangonmedia
''နောက်တစ်ကြိမ် လည်ပတ်မယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်ရော၊ ဌာနဆိုင်ရာတွေရော၊ ပြည်သူလူထုရောလာပြီး အားလုံးရှေ့မှာပဲ ပြန်လည်ပတ်ကြည့်ပြီး နံတယ်ဆိုရင် အဆင့်ပြန်မြှင့်တင်ရမှာပါ။ တောက်လျှောက်လည်နေတာမဟုတ်ဘူး။ ပြန်လည်ဖို့ဆိုရင် သူတို့က ဌာနကို ခွင့်ပြုချက်တောင်းတယ်။ ဌာနကနေ စမ်းပြီးလည်ပတ်ကြည့်ပြောပြီး ပြန်လည်တယ်။ ဒီလိုနဲ့ လည်လိုက်၊ ပြန်ရပ်နားလိုက်နဲ့ တော်တော်ကြာပြီ။ အခုတော့ ရပ်နားထားပါတယ်''ဟု ၎င်းက ပြောသည်။
 
အဆိုပါဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းစီမံကိန်း၊ ဇုန်(၁)တွင် ဖွင့်လှစ်ထားသည့် ငါးပေါင်းမှုန့်စက်ရုံမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ယာယီစမ်းသပ်ကာလအနေဖြင့် လည်ပတ်ခွင့်ပြုခဲ့သည်မှာ ခုနစ်လခန့်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့ အနံ့ဆိုးများ ထွက်ရှိခြင်းကြောင့် ပြန်လည်အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် မကြာခဏ ရပ်နားခဲ့ရပြီး ယခုလ ၁၄ ရက်တွင် နောက်ဆုံးရပ်နားထားကြောင်း သိရသည်။
''သူတို့ကို လေးလပိုင်း သင်္ကြန်မကျခင်ကနေ ငါးလပိုင်း၊ ခြောက်လပိုင်းအထိ အဲဒီစက်ရုံကို ယာယီစမ်းသပ်ဖို့ ခွင့်ပြုခဲ့ပေမယ့် ၁၄ ရက်ကစပြီး အနံ့နံတဲ့အတွက် ရပ်နားခဲ့တာပါ။ အဆင့်မြှင့်လိုက် ပြန်လည်ပတ်လိုက်နဲ့ လုပ်လာတာနှစ်ကြိမ်လောက်ရှိပြီ။ ကျွန်တော်တို့ကလဲ ဒီလိုနံတယ်လို့ပြောတိုင်း ဌာနတွေကို ပြောပြလို့ ဌာနတွေက ဆင်းစစ်ပါတယ်။ ဒေါ်သန်းမြင့်အောင်တို့ ပတ်ဝန်းကျင်ဌာနတို့ ဆင်းစစ်ပြီးလို့ ညွှန်ကြားပြီးသွားပြီ''ဟု ဦးဇင်မင်းထွေးက ထပ်မံပြောကြားသည်။ အဆိုပါငါးပေါင်းမှုန့်စက်ရုံမှာ ငါးခေါင်းများနှင့် ငါးများအား စုပေါင်းကာ ရောကြိတ်၍ အမှုန့်ထုတ်လုပ်ခြင်းဖြစ်ပြီး ကြက်အစာနှင့် တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်သော စက်ရုံတစ်ရုံဖြစ်ကြောင်း သိရသည်။
ဌေးဌေး
#theyangontimes
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။