Lotayamm

search
မာတိကာ

contents

သတင်းများ

ကမ္ဘာအေးမှာ အဆာပြေစားရင်း တစ်ထောက်နားလို့ရမဲ့ ဈေးသက်သာပြီး တစ်မူထူးတဲ့ Snack World ဆိုတဲ့ဆိုင်ကလေး

နေ့ရက်:
Mar 12, 2018


အမျိုးအစား :
အခြား
Lotayamm

ကမ္ဘာအေးဘုရား ဖူးရင်းပဲဖြစ်ဖြစ်၊ နဝဒေးမှာ ရုပ်ရှင်ကြည့်ရင်းပဲဖြစ်ဖြစ်၊ ကမ္ဘာအေးဂမုန်းပွင့်မှာ Shopping ထွက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ နောက်ဆုံးကမ္ဘာအေးတစ်ဝိုက်မှာ သွားရင်းလာရင် အချိန်တွေပိုနေလို့ ပျင်းလာရင်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလာရင်ပဲဖြစ်ဖြစ် တစ်ထောက်ခိုနားပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်မျိုးစုံကို ဈေးသက်သက်သာသာနဲ့ အဝတွယ်နိုင်မဲ့ အဆာပြေမုန့်ဆိုင်လေး အသစ်ဖွင့်ထားတယ်ဆိုရင် သင်စိတ်ဝင်စားမှာပါ။



ဆိုင်လေးနာမည်ကတော့ ရိုးရိုးလေးပဲ။ Snack World တဲ့။ နာမည်နဲ့လိုက်အောင် အဆာပြေမုန့် တွေရော နေ့လည်စာတွေရောအပါအဝင် အစားအသောက်အမျိုးစားပေါင်း ၅၀ နီးပါးရှိသတဲ့။



ဆိုင်နေရာလေးကတော့ ကမ္ဘာအေးဘုရားမျက်စောင်းထိုး ဂမုန်းပွင့်ကနေ လေးငါးဆိုင်လောက်အကျော် (ချော်တွင်းကုန်းဘက်) နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် နဲ့ မျက်နှာချင်းဆိုင်မှာဖွင့်ထားတာပါ။        



ဆိုင်ဖွင့်ချိန်ကတော့



ဟာ.. မနက် ၉း၀၀ နာရီမှ ည ၈း၃၀ အထိဆိုတော့ Breakfast, Lunch, Dinner အကုန်အကျူံးဝင်တာပေါ့။



ဆိုင်ထဲကိုဝင်လိုက်တာနဲ့ တခြားဆိုင်တွေနဲ့မတူပဲထူးခြားတာကတော့ ထင်းရူးသားစားပွဲနှင့်ထိုင်ခုံလေးတွေကိုသုံးထားတာပါပဲ။ ထင်းရူးနံ့လေးမွှေးပြီးတစ်မျိုး တစ်မည်စိတ်ကိုလန်းဆန်းစေမှာတော့အမှန်ပဲ။



ဆိုင်လေးက ကျဉ်းတယ်ဆိုပေမဲ့အထင်မသေးလေနဲ့။ လူ ၃၀ စာ တစ်ပြိုင်နက်ဧည့်ခံလို့ ရတယ်ဗျာ။



ကဲ.. ဆိုင်အကြောင်းချည်းပြောပြနေတာပျင်းရောပေါ့။ Snack World ရဲ့ Signature dish လေးတွေကိုပြောပြမဲ့ အစားအသောက်အကြောင်းဘက်လှည့်ကြရအောင်။



ပထမဆုံး မြည်းစမ်းစေချင်မိတာတော့ ကြက်တောင်ပံအစာသွပ်ကြော်ပါ။ ထူးခြားချက်ကတော့ အရိုးထုတ်ထားပြီး အရိုးနေရာမှာ အသားနဲ့ အစာပလာတွေကိုထည့်သွင်းပြီး အပြင်ခွံကိုကြွပ်ရွနေအောင်ကြော်ထားတာပါ။ ကြက်သားမကြိုက်ဖူး ဆိုတဲ့သူတွေအတွက်လဲ ကြက်ဥအစာသွပ်ကြော် ကအသင့်စောင့်ကြိုလျက်ပါဗျာ။



နောက်ထပ် မိတ်ဆက်ပေးမဲ့ Signature snack လေးတစ်ခုကတော့ ကန်စွန်းဥကတ်တလိတ် ပါတဲ့။ အကုန်လုံးနီးပါး အားလူးကတ်တလိတ်တော့စားဖူးကြမှာဆိုပေမဲ့ ငချိတ် ကန်စွန်းဥနဲ့ကြော်ထားတဲ့ တစ်ကိုက်ကိုက်တိုင်းမှာ ချိုပြီးမွှေးတေးတေးလေးခံစားရစေမဲ့ ကန်းစွန်းဥကတ်တလိတ်ကိုလည်းမြည်းစမ်းကြည့်စေချင်မိတယ်။



တခြား Signature snack တွေဖြစ်တဲ့ သီးရွက်စုံတန်ပူရာကြော်၊ ကြက်ဟင်းခါးသီးသုပ်၊ ထမင်းသုပ်နှင့်ကြက်ကင်၊ ကြက်သားချောင်းကြော်၊ နှင့် ဝက်နံရိုးကြော်လေးတွေလဲ မြည်းစမ်းခဲ့ဖို့မမေ့နဲ့နော်။



ဆီကြော်ဆိုပေမဲ့ ဆီကိုသေချာစစ်ထားတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ကြောင်းလဲပြောပါရစေ။



ငါးကြိုက်သူတွေအတွက် အကောင်ကြီးကြီး လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ ငါးကင်နှင့် ငါးဆားငံစေ့ပေါင်းလဲ တစ်ကောင်ကို ၄၀၀၀ နှင့် မှာလို့ရနိုင်ပါသေးတယ်။ လူ ၃ ယောက် ဝိုင်းစားတာတောင်မကုန်ဖူးဆိုတဲ့ ငါးရဲ့ဆိုဒ်ကိုမျက်လုံးထဲမြင်အောင်သာကြည့်ပေတော့။



အချိုပွဲတွေမှာ ကော်ဖီ၊ အအေးတွေရနိုင်ပေမဲ့ Snack World ကိုရောက်ခဲ့ရင် Coconut Sago နှင့် သင်္ဘောသီးဂျယ်လီကိတ် ကိုလည်းမြည်းစမ်းခဲ့ဖို့မမေ့နဲ့ဦးနော်။



ပြီးတော့ မွေးနေ့တွေ ပါတီတွေလုပ်ချင်တယ်ဆိုရင်လဲ ကူညီပေးဖို့အစီစဉ်ရှိတဲ့အတွက် အသေးစိတ်ကို ဖုန်း ၀၉၇၇၂၆၀၂၆၈၈ ကိုဆက်မေးနိုင်တယ်လို့ ဆိုင်ရှင်အမကြီးကပြောပါတယ်။



ဆိုင်လိပ်စာကတော့ အမှတ်(၃၀၂/ခ) မြေညီထပ်ကမ္ဘာအေးဘုရားလမ်း မရမ်းကုန်း ..ဖုန်း ၀၉၇၇၂၆၀၂၆၈၈ ပါဗျ။



https://www.facebook.com/snackworldmm



Photos



ကြက်ဥအစာသွပ်ကြော်

ကန်စွန်းဥကတ်တလိတ်

ကြက်တောင်ပံအစာသွပ်ကြော်

သီးရွက်စုံတန်ပူရာကြော်

ကြက်ဟင်းခါးသီးသုပ်

ထမင်းသုပ်နှင့်ကြက်ကင်

ကြက်သားချောင်းကြော်

Signature ငါးကင်

ငါးဆားငံစေ့ပေါင်း

Coconut Sago

ဝက်နံရိုးကြော်

သင်္ဘောသီးဂျယ်လီကိတ်

ဆိုင်ထဲဝင်ဝင်ခြင်းဆိုင်အတွင်းမြင်ကွင်း

ဆိုင်အပြင်အဆင်



Snack World ရဲ့မျက်နှာစာ

ဆိုင်ထဲက တမူထူးခြားတဲ့ချစ်စရာခုံလေးတွေ

ဆိုင်အပြင်ဖက်ကိုလှမ်းကြည့်နိုင်တဲ့မြင်ကွင်း

ဆိုင်ထဲက တမူထူးခြားတဲ့ချစ်စရာခုံလေးတွေ


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။