contents

သတင်းများ

ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘ၀တွက်တာဗေဒင်

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
အခြား
Lotayamm

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘ၀တွက်တာ ဗေဒင်ကို အခု ၂၀၁၈ ဖေဖော်ဝါရီ ၁၄ရက် ချစ်သူများနေ့အတွက် အထူး ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပြီး ဆရာမရဲ့ ချစ်ရေးချစ်ရာ နေ့စဉ်ဟောစာတမ်းတွေကိုတော့ လာမယ့် မတ်လ ၁ရက်နေ့ကနေစတင်ပြီး လိုတရ ၀က်ဘ်ဆိုက် ပရိသတ်ကြီးအတွက် ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။



(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ) ရက်မွေးဖွားသူများ



         အချစ်ရေးနဲ့ပတ်သက်ပြီး ပျိုရွယ်သူများအဖို့ အိပ်မက်ထဲမှာ ချစ်သူနဲ့ မကြာခဏတွေ့ဆုံနေမယ့် နေ့ရက်ပါပဲ။ ပျော်၇ွှင်စရာကိစ္စရပ်များလည်း တွေ့ကြုံရပါလိမ့်မယ်။ ဒီနေ့မှာ အလုပ်အကိုင်ကောင်းတွေလည်း လုပ်ရတတ်ပါတယ်။ ငွေရှာရလွယ်တဲ့အချိန်လည်း ဖြစ်ပါတယ်။



ကံကောင်းသောအရောင်-ပန်းရောင်



ကံကောင်းသောနံပါတ် - (၆၊ ၈ ၊ ၄)



ယတြာ - မိတ်ဆွေတစ်ဦးဦးကို ဘယာကြော် ၀ယ်ကျွေးလိုက်ပါ။



(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေ အချစ်ရေးမှာ လသာသလို ၀င်းပနေပါလိမ့်မယ်၊ အိမ်ထောင်ရှိသူတွေ အထူးပျော်ရွှင်ရမယ့် ကာလတစ်ခုပါပဲ။ ဒီနေ့မှာ မိတ်ဆွေတွေရဲ့ အကူအညီပေးမှုကြောင့် စိတ်ချမ်းသာစရာတွေ ကြုံတွေ့ရနိုင်ပါတယ်။



ကံကောင်းသောအရောင်- အ၀ါရောင်



ကံကောင်းသောနံပါတ် - (၇ ၊ ၈ ၊ ၂ )



ယတြာ - မိတ်ဆွေများကို ဖာလူဒါ ၀ယ်တိုက်လိုက်ပါ။



(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ) ရက်နေ့မွေးဖွားသူများ



          ပျိုရွယ်သူတွေ ချစ်သူဝိုင်းဝိုင်းလည်နေပါလိမ့်မယ်။ အိမ်ထောင်သည်တွေကတော့ တစ်ဦးကိုတစ်ဦး စိတ်မချဖြစ်နေတတ်တဲ့ အချိန်ပါပဲ။ ဒီနေ့မှာ ကံဇာတာ အထူးပွင့်လန်းနေတယ်လို့ ဆိုရမှာဖြစ်ပြီး မျက်နှာပွင့်လန်းနေတာကြောင့်လည်း ခေါ်ချင်ပြောချင်သူတွေ အထူးများပြားနေတတ်ပါတယ်။



ကံကောင်းသောအရောင်- အကွက်ပြောက်ရောင်



ကံကောင်းသောနံပါတ် - (၅ ၊ ၈ ၊ ၇ )



ယတြာ - ကလေးငယ်တစ်ဦးကို ချော့ကလက် ၀ယ်ကျွေးလိုက်ပါ။



(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁) ရက်မွေးဖွားသူများ



         ပျိုရွယ်သူတွေရဲ့ အချစ်ရေးက ကြားလေသွေးလို့ ဝေးနေရမယ့်ကိန်း ရှိပါတယ်။ အိမ်ထောင်သည်တွေအနေနဲ့ ရန်ဖြစ်တတ်ပေမယ့် သိပ်မကြာခင်မှာတော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားပါလိမ့်မယ်။



ကံကောင်းသောအရောင် - အဖြူရောင်



ကံကောင်းသောနံပါတ် - (၉ ၊ ၈ ၊ ၄ )



ယတြာ - ကလေးမိခင်တစ်ဦးကို နို့မှုန့်တစ်ဘူး ၀ယ်ပေးလိုက်ပါ။



(၅ ၊ ၁၄ ၊ ၂၃ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေရဲ့ အချစ်ရေးမှာ ယာယီအဆင်မပြေမှုတွေရှိတတ်ပေမယ့် အချစ်ရေး ကံကောင်းနေတဲ့ အချိန်ပါပဲ။ အိမ်ထောင်သည်တွေအဖို့တော့ သားသမီးကြောင့် သောကဖြစ်ရတတ်ပါတယ်။ ငွေကြေး ကိစ္စအဆင်ပြေပြီး ရတနာပစ္စည်းတွေလည်း ၀င်တတ်ပါတယ်။



ကံကောင်းသောအရောင်- နီကယ်ရောင်



ကံကောင်းသောနံပါတ် - (၅ ၊ ၈ ၊ ၄)



ယတြာ - ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ကြာဇံကြော်လှူဒါန်းပေးပါ။



(၆ ၊ ၁၅ ၊ ၂၄ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူတွေအတွက် ရင်ခုန်သံချင်းနီးစပ်ဖို့ အကြောင်းဖန်လာမယ့် ကာလပါပဲ။ အိမ်ထောင်သည်တွေအတွက်ကတော့ သ၀န်တိုမှုတွေကြောင့် ယာယီသောက ရောက်ရတတ်ပါတယ်။ ဒီနေ့ရက်မှာ မိမိလုပ်သမျှက အကောင်းတွေပဲ ဖြစ်နေပါလိမ့်မယ်။



ကံကောင်းသောအရောင် - အစိမ်းရောင်



ကံကောင်းသောနံပါတ် - (၉ ၊ ၆ ၊ ၄ )



ယတြာ - သက်ကြီးရွယ်အိုတစ်ဦးကို ဆေးဝါးလှူဒါန်းလိုက်ပါ။



(၇ ၊ ၁၆ ၊ ၂၅ ) ရက်မွေးဖွားသူများ



             ပျိုရွယ်သူများအတွက် အချစ်ရေးသာယာနေပြီး အိမ်ထောင်သည်တွေကတော့ အရာရာကို စိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဒါက ခဏတာပဲဖြစ်ပြီး သိပ်မကြာခင်မှာ မျှော်လင့်ထားတာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။



ကံကောင်းသောအရောင် -  အနီရောင်



ကံကောင်းသောနံပါတ် - (၈ ၊ ၂ ၊ ၄ )



ယတြာ - အိမ်ရှိဘုရားတွင် အုန်းထမင်း ကပ်လှူပေးပါ။



(၈ ၊ ၁၇ ၊ ၂၆) ရက်မွေးဖွားသူများ



            ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာ မတင်မကျဖြစ်နေတတ်ပါတယ်။ အိမ်ထောင်သည်တွေကတော့ ဆွေမျိုးတွေနဲ့ ပတ်သက်ပြီး ကိစ္စတစ်ခုဖြေရှင်းရကိန်းရှိပါတယ်။ ၀န်ထမ်းတွေအတွက်ကတော့ အကြီးအကဲ တစ်ယောက်ယောက်ရဲ့ အကူအညီ ရရှိတတ်ပါတယ်။



ကံကောင်းသောအရောင် - လိမ္မော်ရောင်



ကံကောင်းသောနံပါတ် - (၂ ၊ ၈ ၊ ၇ )



ယတြာ - အိမ်ရှိဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။



( ၉ ၊ ၁၈ ၊ ၂၇ ) ရက်မွေးဖွားသူများ



          ပျိုရွယ်သူတွေအဖို့ အချစ်ရေးမှာ ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ရမယ့် နေ့ရက်ပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ဘာမဟုတ်တဲ့ ကိစ္စနဲ့ ချစ်သူက စိတ်ကောက်တတ်လို့ အနည်းငယ် စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်သည်တွေ အိမ်ထောင်ရေး သာယာနေပြီး မမျှော်လင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိနိုင်ပါသေးတယ်။



ကံကောင်းသောအရောင် - နီညိုရောင်



ကံကောင်းသောနံပါတ် - ( ၉ ၊ ၂၊ ၈ )



ယတြာ - အိမ်ရှိဘုရားတွင် ကော်ဖီနှင့် မုန့်ကပ်လှူပေးပါ။



                                                                             ဆရာမဒေါက်တာ စောယုနွယ်၊ Ph.D(Tantra)


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။