contents

သတင်းများ

အထောက်အပံ့ နည်းပါးသည့် စာသင်ကျောင်းများကို ရေးမြို့မိသားစု ပရဟိတအဖွဲ့ ကူညီပံ့ပိုးသွားမည်

နေ့ရက်:
Jan 16, 2018


အမျိုးအစား :
အခြား
yangonmedia
 
၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၂၅ ဦးရှိသော အဆိုပါပရဟိတအဖွဲ့အနေဖြင့် ယမန်နှစ်ကုန်ပိုင်းအတွင်း ရေးမြို့တွင်အွန်လိုင်းမှတစ်ဆင့် လူသိများလာခဲ့ကာ လှူဒါန်း ထောက်ပံ့မှုမပြုမီ လိုအပ်နေသောကျောင်းများကို ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည်များကို ရှာဖွေစုဆောင်း၍ အဖွဲ့အပြင် စိတ်ပါဝင်စားသူများကပါ ထောက်ပံ့ကူညီပေးကြသည်။  ''အရင်ဆုံးချို့တဲ့တယ်လို့ သတင်းကြားတဲ့ကျေးရွာတွေကို အဖွဲ့ ကိုယ်တိုင် ကွင်းဆင်းကြည့်ရှုလေ့လာတယ်။ ပြီးရင်လိုအပ်တာတွေကို လှူဒါန်းထောက်ပံ့နိုင်ဖို့အတွက်ရန်ပုံငွေ၊ ပစ္စည်းစုဆောင်းတယ်။ သွားရောက်လှူဒါန်းတယ်။ နောက်ပြီးတော့ ကျန်းမာရေးအပါအဝင် လိုအပ်တဲ့ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်တယ်။ စိတ်ဓာတ်ခွန် အားပေးတာ။ ဥပမာ-ကလေးတွေနဲ့အတူ ကစားတာအပါအဝင် အိမ်သာဆေးတာတွေကိုလည်း ဆောင်ရွက်ပေးတယ်''ဟု အဖွဲ့ ဥက္ကဋ္ဌ ကိုအောင်ခန့်ဟိန်းက ပြောကြားသည်။
အဆိုပါအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည်မှ ယနေ့အထိ ငွေကျပ်သိန်းတစ်ရာကျော်ဖိုး လှူဒါန်းခဲ့ပြီး ရေးမြို့နယ်အစွန်အဖျား ကျေးရွာများဖြစ်သော ချဲတိုက်ကျေးရွာကျောင်း၊ ချောထကျောင်း၊ ကျောက်သင်္ဘော၊ ရမ်းရယ်၊ ငါးကလေးချောင်း၊ မင်းလှအေး၊ ဝရဟိုင်း၊ လော့သိုင်းနှင့် ၁၄ မိုင်ရှိ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများကို ကူညီထောက်ပံ့ခြင်း၊ ကင်းဘုရား၊ ပဒေါင်း၊ ဘဲလမု၊ ဝါးပသဲ၊ ထပ ထော်၊ ချောင်းနှစ်ခွစသည့်ကျေးရွာများသို့ ကူညီထောက်ပံ့လှူဒါန်းမှုများဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 
 
WNT
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။