Lotayamm

search
မာတိကာ

contents

သတင်းများ

ဇန်န၀ါရီ ၁၀ ရက်မှ ၁၆ရက်နေ့အတွင်းမွေးဖွားသည့် ထင်ပေါ်ကျော်ကြားသူများ

နေ့ရက်:
Jan 11, 2018


အမျိုးအစား :
အခြား
Lotayamm

Hrithik Roshan (Jan 10)



             ပျိုမေတို့ရဲ့ အသည်းစွဲဘောလိဝုဒ်မင်းသားချော Hrithik Roshan ကိုတော့ ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ အသက် ၄၄ ပြည့်မြောက်ခဲ့ပါပြီ။  Agneepath ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Vijay Deenanath Chauhan နေရာကနေ သရုပ်ဆောင်ထားသူဖြစ်ပြီး သူ့ကို နာမည်ကြီးစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၂ကားကတော့ Kabhi Khushi Kabhie Gham နဲ့ Fiza ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ Dhoom 2 ရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် အကောင်းဆုံးမင်းသားဆုလည်း ရရှိခဲ့ပါသေးတယ်။ Sydenham College ကနေ Commerce မေဂျာနဲ့ကျောင်းပြီးထားသူဖြစ်ပြီး Just Dance ဆိုတဲ့ အပတ်စဉ် တီဗီအစီအစဉ်တစ်ခုမှာလည်း ဒိုင်အဖြစ်ပါဝင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ လက်ထပ်ခဲ့တဲ့ Sussane Khan နဲ့ ကလေး ၂ဦး မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ကွာရှင်းထားကြတယ်လို့ သိရပါတယ်။



Hyolyn (Jan 11)





             တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sistar အဖွဲ့ဝင် Hyolyn ကတော့ ၂၀၁၈ ဇန်န၀ါရီလ ၁၁ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ Sistar အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော်တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာလည်း သူမရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ် Love & Hate ကို ဖြန့်ချိခဲ့ပါသေးတယ်။ ဇာတ်ကားတစ်ချို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး JYPE ရဲ့ေ၇ွးချယ်ပွဲမှာ ဒုတိယအကြိမ်အဖြစ်ပါဝင်ယှဉ်ပြိုင်တာကနေ ပထမဆုရှင်အဖြစ်ေ၇ွးချယ်ခံရပြီး Sistar အဖွဲ့မှာ ပါဝင်ခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ မိခင်က သူမကို အချိန်မတိုင်ခင်စောမွေးခဲ့တာဖြစ်ပြီး သူမမှာ ညီမငယ်တစ်ယောက်ရှိပါတယ်။ အဆိုတော် Christina Aguilera ကို နှစ်သက်အားကျသူဖြစ်ပြီး သူမအဆိုတော်မဖြစ်ခင်က ပြိုင်ပွဲတွေမှာလည်း Christina Aguilera ရဲ့ သီချင်းတွေကို Cover ပြန်ဆိုပြီး ဒိုင်တွေကို သတိပြုမိစေခဲ့သူလည်း ဖြစ်ပါတယ်။



Mary J. Blige (Jan 11)





         R&B အဆိုတော် Mary j.Blige ကတော့ ၁၉၇၁ ဇန်န၀ါရီ ၁၁ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် လက်ရှိအချိန်မှာ အသက် ၄၇ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ဂရမ်မီဆုရှင်တစ်ဦးဖြစ်ပြီး ပလက်တီနမ်ဓါတ်ပြားဆုကိုလည်း ၆ကြိမ်ကျော်အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။  "Be Without You" ၊ "Real Love" ၊ "My Life" နဲ့ "Not Gon' Cry" ဆိုတဲ့သီချင်းတွေက သူမရဲ့ နာမည်ကြီးသီချင်းတွေပဲ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်အတွင်း  ဘုရားကျောင်းမှာ နောက်ခံသီဆိုတဲ့သူတွေထဲက ပထမဆုံး အမျိုးသမီးအဆိုရှင်အဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရသူတစ်ဦးပါပဲ။ သူမနာမည်ကြီးခဲ့တဲ့ My Life ဆိုတဲ့ သီချင်းနာမည်ကို အစွဲပြုပြီး My Life အမည်နဲ့ပဲ ရေမွှေးထုတ်ခဲ့ပြီး စတင်ရောင်းချချိန်မှာပဲ ပုလင်းပေါင် ၆သောင်းခွဲနီးပါး ရောင်းချရတဲ့အထိ စံချိန်တင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမရဲ့ မန်နေဂျာဖြစ်သူ  Kendu Isaacs နဲ့ ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ လက်ထပ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု အကြာမှာတော့ လမ်းခွဲခဲ့ကြပါတယ်။



Zayn Malik (Jan 12)





            One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Zayn Malik ကိုတော့ ၁၉၉၃ ဇန်န၀ါရီ ၁၂ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်လို့ ၂၀၁၈ ဇန်န၀ါရီ ၁၂ရက်နေ့မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ One Direction အဖွဲ့က ပလက်တီနမ်ဓါတ်ပြားဆု အများအပြားပိုင်ဆိုင်ခဲ့ပြီး Live While We’re Young ဆိုတဲ့ အယ်လ်ဘမ်ကလည်း နိုင်ငံတကာ သီချင်းအယ်လ်ဘမ်တွေရဲ့ စာရင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၅ မတ်လမှာ One Direction အဖွဲ့ကနေ နှုတ်ထွက်လိုက်ပြီး သူ့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် Mind of Mine ကို ထုတ်ဝေခဲ့ပါတယ်။ ဒီအခွေထဲက Pillowtalk သီချင်းက လူသိများခဲ့ပြီး ဒီတစ်ကိုယ်တော်ခွေကို ၂၀၁၆ မတ်လထဲမှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ The X Factor ပြိုင်ပွဲကနေတဆင့် တစ်ကိုယ်တော်အဆိုတော်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့တာကြောင့် နောက်ပိုင်းမှာ သူ့ကို Simon Cowell က One Direction အဖွဲ့ထဲကို သွင်းပေးခဲ့တာလို့ သိရပါတယ်။ ၂၀၁၂ ကတော့ သူတို့ အဖွဲ့အတွက် အောင်မြင်မှုအရဆုံးနှစ်လို့ ပြော၇မှာပါပဲ ဘာလို့လည်းဆိုတော့ တေးဂီတဆုတွေများစွာ ဆွတ်ခူးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ X Factor ပြိုင်ပွဲမှာတုန်းက သိကျွမ်းခဲ့တဲ့ Rebecca Ferguson နဲ့ ၂၀၁၀ ခုနှစ်အတွင်း ချစ်သူတွေဖြစ်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ Little Mix အဖွဲ့ရဲ့ အဆိုတော် Perrie Edwards နဲ့ စေ့စပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂နှစ်အကြာမှာ Perrie နဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်မှာတော့ မော်ဒယ် Gigi Hadid နဲ့ ချစ်သူဖြစ်နေတယ်လို့ သိရပါတယ်။ သူမပါတော့တဲ့ One Direction အဖွဲ့ကတော့ ကျန်တဲ့အဖွဲ့သားတွေဖြစ်တဲ့ Harry Styles ၊  Liam Payne ၊  Louis Tomlinson နဲ့ Niall Horan တို့နဲ့ပဲ ဆက်ပြီး ရပ်တည်နေတာကို တွေ့ရပါတယ်။



Liam Hemsworth (Jan 13)





                Hunger Games ရုပ်ရှင်မှာ Gale Hawthorne အဖြစ်ပါဝင်ထားပြီး အဆိုတော်မလေး မိုင်လီဆိုင်းရပ်စ်ရဲ့ ရည်းစားဖြစ်သူ Liam Hemsworth ကတော့ ၂၀၁၈ ဇန်န၀ါရီ ၁၃ရက်နေ့မှာ အသက် ၂၈ နှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်။ သြစတြေးလျ ပြဇာတ် Neighbours မှာ ပါဝင်ခဲ့သလို The Elephant Princess ဆိုတဲ့ ရုပ်သံစီးရီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မဖြစ်ခင်က ဆောက်လုပ်ရေးလုပ်သားအဖြစ်လုပ်ကိုင်ခဲ့ဘူးပြီး သစ်သားကြမ်းခင်းတဲ့ အလုပ်သမားအနေနဲ့လည်း ၆လနီးပါး လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ သရုပ်ဆောင်လောကထဲရောက်ပြီးနောက်ပိုင်း နေရာစုံကနေ ပါဝင်ခဲ့ရပြီး သူ့ရဲ့မှတ်တိုင်ဖြစ်လာမယ့် သိပ္ပံစိတ်နယ်လွန်ဇာတ်ကား Knowing ကနေစပြီး လူသိများလာခဲ့တာဖြစ်ပါတယ်။  အဆိုတော်မလေး မိုင်မီဆိုင်းရပ်စ်နဲ့ တွဲလိုက်ကွဲလိုက်ဖြစ်နေတာကနေ လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦး လက်ထပ်တော့မယ်ဆိုတဲ့ အသံတွေ ပြန်ကြားနေရပြန်ပါတယ်။ Liam ရဲ့အစ်ကို ၂ဦးဖြစ်တဲ့ Luke နဲ့ Chris တို့ကလည်း သရုပ်ဆောင်အဖြစ် အောင်မြင်နေသူတွေပဲ ဖြစ်ပါတယ်။



Orlando Bloom (Jan 13)





              ဇန်န၀ါရီ ၁၃ရက်နေ့ဖွား နောက်ထပ်ထင်ပေါ်ကျော်ကြားသူတစ်ဦးကတော့ The Lord of the Rings ဇာတ်ကားစီးရီးတွေမှာ နတ်သူငယ်အဖြစ် မိန်းကလေးပရိတ်သတ်တွေ အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသား Orlando Bloom ပါပဲ။ ၁၉၇၇ ခုနှစ်ဖွားဖြစ်တာကြောင့် ၂၀၁၈ ဇန်န၀ါရီ ၁၃ရက်နေ့မှာ အသက် ၄၁ နှစ်ပြည့်မှာပဲ ဖြစ်ပါတယ်။ Lord of the Rings နဲ့  Hobbit ရုပ်ရှင်စီးရီးတွေမှာ Legolas အဖြစ်နာမည်ကြီးခဲ့ပြီး Pirates of the Caribbean ရုပ်ရှင်စီးရီးမှာလည်း Will Turner အဖြစ် ထပ်မံနာမည်ကြီးခဲ့သူတစ်ဦးပါပဲ။ Troy လို ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်ခဲ့သလို Kingdom of Heaven ၊  New York နဲ့ I Love You လိုဇာတ်ကားတွေမှာလည်း ပါဝင်ဖြစ်ခဲ့ပါသေးတယ်။ ၂၀၀၉ ခုနှစ်အတွက် UNICEF ရဲ့ သံတမန်အဖြစ်ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ မင်းသမီး Kirsten Dunst နဲ့ ၂၀၀၅ ခုနှစ်အတွင်းမှာ ချစ်သူဖြစ်ခဲ့ကြပေမယ့် ၂၀၁၀ ခုနှစ်မှာတော့ မော်ဒယ် Miranda Kerr နဲ့ လက်ထပ်ခဲ့ပြီး Flynn ဆိုတဲ့ သားတစ်ဦး မွေးဖွားခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ Miranda နဲ့ လမ်းခွဲခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းကိုတော့ အဆိုတော် katy Perry နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။



Lee Seung-gi (Jan 13)





             ဇန်န၀ါရီလ ၁၃ရက်နေ့မှာပဲ မွေးဖွားခဲ့တဲ့ တောင်ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင် Lee Seung-gi ကတော့ ၂၀၁၈ ဇန်န၀ါရီ ၁၃ရက်နေ့မှာ အသက် ၃၁နှစ်ပြည့်ပြီိလို့ သိရပါတယ်။ တောင်ကိုရီးယားမှာ Hit ဖြစ်ခဲ့တဲ့ သူ့ရဲ့ ဆင်ဂယ်သီချင်း Will You Merry Me ကြောင့် ဂျပန်မှာပါ နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။ Strong Heart ဆိုတဲ့ Talk Show အစီအစဉ်ရဲ့ ပင်တိုင် တင်ဆက်သူအဖြစ်တာဝန်ယူထားပြီး သူ့ရဲ့ တေးစီးရီး Because You’re My Girl မထွက်ခင် ၂နှစ်အလိုအထိ အသံပိုင်းဆိုင်ရာ လေ့ကျင့်ခဲ့တယ်လို့လည်း သိရပါတယ်။ အကောင်းဆုံးအဆိုတော်ဆုတွေကိုလည်း ရရှိထားပြီး Girls' Generation's အဖွဲ့ရဲ့ အဆိုတော်မလေး Im Yoona နဲ့လည်း ချစ်သူဖြစ်ခဲ့ပါသေးတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲများစွာကလည်း အောင်မြင်ခဲ့ပြီး မြေခွေးမလေးကိုယ့်ချစ်သူလို့ ပြည်တွင်းမှာ လူသိများတဲ့ ဇာတ်လမ်းတွဲကလည်း သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။



 Kai (Jan 14)



            ကိုရီးယားနဲ့ တရုတ်အဖွဲ့သားတွေပါဝင်ထားတဲ့ အမျိုးသားအဆိုတော်အဖွဲ့ EXO ထဲက အဖွဲ့ဝင် Kai ကတော့ ၂၀၁၈ ဇန်န၀ါရီလ ၁၄ရက်နေ့မှာ အသက် ၂၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အကခေါင်းဆောင်အဖြစ်လူသိများပြီး EXO အဖွဲ့ကို ဒုတိယမြောက် အဖွဲ့သားအနေနဲ့ ၀င်ရောက်ခဲ့သူလည်း ဖြစ်တယ်လို့ S.M Entertainment က ဆိုထားပါတယ်။ ၂၀၀၇ ခုနှစ် သူ့ရဲ့ အသက် ၁၃နှစ်အရွယ်မှာပဲ S.M ရဲ့ Youth Best Contest မှာ အနိုင်ရပြီး အဆိုတော်ဖြစ်လာခဲ့တာပါ။ ဒီမတိုင်ခင် အသက် ၈နှစ်လောက်ကတည်းက Jazz နဲ့ ဘဲလေးအကတွေကို ကျွမ်းကျင်စွာကနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ EXO အဖွဲ့ဝင်တွေကိုစတင်မိတ်ဆက်တဲ့ အစီအစဉ်မှာ စတင်ပေါ်ထွက်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ်လည်း နာမည်ကျော်ကြားနေပြီပဲ ဖြစ်ပါတယ်။ EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Chanyeol ၊ Suho တို့နဲ့ တွဲဖက်ပြီး TVXQ အဖွဲ့ရဲ့ HaHaha Song မှာလည်း ပါဝင်သရုပ်ဆောင်ပေးထားကြပါသေးတယ်။ မင်းသမီး Krystal Jung နဲ့ ချစ်သူတွေဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။



Pitbull (Jan 15)





           ၂၀၀၉ ခုနှစ်ကနေစပြီး ၂၀၁၂ နဲ့ ၂၀၁၃  ခုနှစ်တွေအထိ  Billboard Hit သီချင်းတွေကို နေရာယူထားခဲ့တာကတော့ Pitbull ဆိုတဲ့ အဆိုတော်ပါပဲ ။ သူကတော့ ဇန်န၀ါရီ ၁၅ရက်နေ့မွေးဖွားသူတစ်ဦးဖြစ်ပြီး ၂၀၁၈ မှာ အသက် ၃၇ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Rebelution ဆိုတဲ့ အယ်လ်ဘမ်ကလည်း Top ဖြစ်ခဲ့သလို ၂၀၁၂ ခုနှစ်မှာလည်း သူ့ရဲ့ ရေဒီယိုသီချင်း Give Me Everything ကလည်း တေးဂီတဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အတွက်လည်း သူ့ရဲ့ Timber ဆိုတဲ့သီချင်းက Billboard Hot 100 list မှာ သုံးပတ်တိတိ ရပ်တည်နိုင်ခဲ့ပါတယ်။ သူ့အသက် ၁၆နှစ်အရွယ်မှာ သူ့ဖခင်ကဲ့သို့ပဲ မူးယစ်ဆေးသုံးစွဲခဲ့တာကြောင့် မိခင်ဖြစ်သူက အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ Pitbull ဆိုတဲ့နာမည်ကိုလည်း သူကိုယ်သူ ပေးခဲ့တာဖြစ်ပြီး ရန်ဖြစ်တဲ့အခါမှာ တစ်ဖက်လူကို ကိုက်လေ့ရှိတဲ့သူက ရှုံးနိမ့်မှာကို ကြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။ "I Know You Want Me" ဆိုတဲ့ သီချင်းက ၂၀၀၉ ခုနှစ် European Hot 100 list ရဲ့ နံပါတ် ၁နေရာ ရရှိခဲ့ပါတယ်။ Barbara Alba နဲ့ လက်ထပ်ခဲ့ပြီး ကလေး ၂ဦး ထွန်းကားခဲ့ပါတယ်။ သူနဲ့ Diddy တို့ပူးပေါင်းပြီး လက်တင်တေးဂီတအတွက်ဦးတည်တဲ့ Bad Boy Latino အဖွဲ့ကို တည်ထောင်ထားပါသေးတယ်။



Jennie Kim (Jan 16)





            Black Pink ဆိုတဲ့ တောင်ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ဝင် Jennie Kim က ဇန်န၀ါရီ ၁၆ရက်နေ့မွေးဖွားသူတစ်ဦးဖြစ်ပြီး ၂၀၁၈ ဇန်န၀ါရီ ၁၆ရက်နေ့မှာ အသက် ၂၂နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း YG Entertainment က တည်ထောင်လိုက်တဲ့ Black Pink ဆိုတဲ့ မိန်းကလေး အဆိုတော်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး သူတို့အဖွဲ့ရဲ့ ပထမဆုံးတေးအယ်လ်ဘမ် Square One ကို ၂၀၁၆ သြဂုတ်လ ၈ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ Black Pink အဖွဲ့ဝင်မဖြစ်လာခင်က သူမရဲ့ ပထမဆုံး သရုပ်ဆောင်မှုအဖြစ် G-Dragon ရဲ့ ဆင်ဂယ်တေးသီချင်း That XX မှာ တွေ့မြင်ခဲ့ကြရပြီး Black ဆိုတဲ့ သီချင်းမှာလည်း ပါဝင်ပံ့ပိုးခဲ့တာ တွေ့ရပါတယ်။ တောင်ကိုရီးယားမှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် နယူးဇီလန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားခဲ့တဲ့ သူမက ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။ သူမရဲ့ မိခင်က CJ E&M ဆိုတဲ့ မီဒီယာ ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားပြီး သူမရဲ့ ဖခင်ဖြစ်သူကလည်း ဆေးရုံပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။



                                                                                                                                                                              MK


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။