Lotayamm

search
မာတိကာ

contents

သတင်းများ

ရင်သားကင်ဆာရောဂါကို သတိပြုမိစေချင်တဲ့ No Bra Day

နေ့ရက်:
Oct 13, 2017


အမျိုးအစား :
အခြား
Lotayamm

ဒီနေ့ အောက်တိုဘာလ ၁၃ရက်နေ့က No Bra Day ဖြစ်ပြီး ရင်သားကင်ဆာရောဂါ လျော့ကျစေရေး အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ နေ့ရက်တစ်ရက်ပါပဲ။



         ၂၀၁၁ ခုနှစ်မှာစတင်ပြီး လူမှုကွန်ရက်မီဒီယာတွေမှာ #nobraday ဆိုတဲ့ Hashtag နဲ့ ရင်သားကင်ဆာ လျော့ပါးစေရေး Campaign ပြုလုပ်ခဲ့ကြရာကနေ  နှစ်တိုင်းရဲ့ အောက်တိုဘာလ ၁၃ရက် မှာ ကျင်းပလာကြတာဖြစ်ပါတယ်။ ဒီနေ့မှာ ပါဝင်တဲ့ အမျိုးသမီးအချို့က သူမတို့ရဲ့ အပေါ်ပိုင်း ဗလာပုံကို ဖေ့ဘုတ်နဲ့ တစ်ခြား ဆိုရှယ်မီဒီယာတွေမှာ Share ပြီး သတိပေးကြတာဖြစ်တယ်လို့ သိရပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး သတိပြုမိလာစေဖို့ ရည်၇ွယ်တဲ့ ဒီ Campaign လေးက  နှစ်စဉ်တိုင်းမှာ ရင်သားကင်ဆာ ခံစားနေရသူပေါင်း ၅၀၀၀၀ နီးပါး အတွက် တိုက်ရိုက်မထိရောက်ရင်တောင် ရင်သားကင်ဆာဆိုတဲ့ ရောဂါကို အမှတ်ရမိစေမှာဖြစ်ပါတယ်။



            American Cancer Society ရဲ့ စစ်တမ်းတွေမှာတော့ ၂၀၁၇ ခုနှစ်မှာ ရင်သားကင်ဆာ ခံစားနေရသူပေါင်း ၂သိန်းခွဲနီးပါး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ တစ်ချို့တွေကတော့ No Bra Day နဲ့ ပတ်သက်တဲ့ အပေါ်ပိုင်းဗလာ Selfie ပုံတွေတင်နေတာက ရင်သားကင်ဆာကို ဘယ်လိုမှ အထောက်အကူမဖြစ်ဘူးလို့ ယူဆပြီး သဘောထားကွဲလွဲနေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။        



         ဒါပေမယ့် အပေါ်ပိုင်း ဗလာနဲ့ပုံတွေကို လူမှုကွန်ရက်မှာ တင်တဲ့ အလေ့အထက ဆက်လက်ရှိနေဆဲ ဖြစ်ပြီး No Bra Day ရဲ့ မူလအစရည်ရွယ်ချက်ကတော့ ဒီနေ့မှာ ရင်သားကင်ဆာ ရှိမရှိ စစ်ဆေးနိုင်ဖို့ သတိပေးတာ သက်သက်ပဲလို့ ဆိုထားပါတယ်။



                                                                             MK