Lotayamm

search
မာတိကာ

contents

သတင်းများ

အောက်တိုဘာ ၁၃ရက်နေ့မွေးဖွားတဲ့ ထင်ပေါ်ကျော်ကြားသူတွေ

နေ့ရက်:
Oct 13, 2017


အမျိုးအစား :
အခြား
Lotayamm

BTS အဖွဲ့ဝင်  Park Jimin ရဲ့ မွေးနေ့



           တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Bangtan Boys ( BTS ) အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Park Jimin ကို ၁၉၉၅ ခုနှစ် အောက်တိုဘာ ၁၃ရက်မှာ မွေးဖွားခဲ့တာဖြစ်လို့



ဒီနေ့အချိန်မှာ အသက် ၂၂နှစ်ရှိပြီပဲ ဖြစ်ပါတယ်။



            သီချင်းသီဆိုမှုအပြင် အကကိုပါ ကျွမ်းကျင်သူဖြစ်ပြီး BTS အဖွဲ့နဲ့ အတူ Dark & Wild နဲ့ Wake Up ဆိုတဲ့ တေးအယ်လ်ဘမ် ၂ခုကို ၂၀၁၇ ခုနှစ်အတွင်းဖြန့်ချိခဲ့ပါတယ်။ တောင်ကိုရီးယား Kpop အုပ်စုတွေထဲမှာ Billboard ရဲ့ထိပ်ဆုံးနေရာကိုပထမဆုံး ရရှိခဲ့တဲ့ အဖွဲ့လည်း ဖြစ်လာခဲ့ပြီး Justin Bieber နဲ့ Ariana Grande တို့ကိုပါ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။



           ဇာတိမြေဖြစ်တဲ့ ဘူဆန်မှာ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ Hit it (2010) ကနေတစ်ဆင့် နာမည်ကြီးလာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ Bangtan Boys အဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်လာခဲ့သူတစ်ဦးပါပဲ။



R&B အဆိုတော် Ashanti ရဲ့ မွေးနေ့         



            ၁၉၈၀ အောက်တိုဘာ ၁၃ရက်နေ့ဖွား Ashanti ကတော့ ဒီနေ့မှာ အသက် ၃၇ နှစ် ပြည့်ပြီ



ဖြစ်ပါတယ်။ R&B အဆိုတော်တစ်ဦးဖြစ်ပြီး သူမရဲ့ နာမည် Ashanti ဆိုတဲ့ နာမည်နဲ့ပဲ တေးအယ်လ်ဘမ် ထုတ်ခဲ့ပြီး ဒီထဲမှာ ပါဝင်တဲ့ Foolish ဆိုတဲ့ သီချင်းနဲ့



အရောင်းရဆုံး စာရင်းဝင် ဖြစ်ခဲ့ပါတယ်။



              အဆိုတော်အဖြစ် အခွေမထုတ်ခင်က ဘုရားကျောင်းတွေမှာ choir သီဆိုခဲ့သူဖြစ်ပြီး



အသက် ၃နှစ်အရွယ်မှာပဲ သီချင်းတွေ စရေးခဲ့သူလည်းဖြစ်ပါတယ်။ Jennifer Lopez ရဲ့  "I'm Real (Murder Remix) မှာ ပူးပေါင်းသီဆိုခဲ့ပြီး လက်ရှိမှာ Rapper တစ်ဦးဖြစ်တဲ့ Nelly နဲ့ ချစ်သူသက်တမ်း



၉နှစ်ရှိပြီလို့လည်း သိရပါတယ်။



13 Reasons Why မင်းသမီး  Kate Walsh ရဲ့ မွေးနေ့



           Netflix ရုပ်သံစီးရီး 13 Reasons Why မှာ Mrs. Baker အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Kate Walsh ကတော့ ဒီနေ့မှာ အသက် ၅၀ ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်အောက်တိုဘာ ၁၃



ရက်နေ့မှာ မွေးဖွားခဲ့တဲ့ 13 Reasons Why မင်းသမီးကြီးက Grey's Anatomy နဲ့ Private Practice ဆိုတဲ့ ရုပ်သံစီးရီးတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။



           Arizona တက္ကသိုလ်မှာ တက်ရောက်နေစဉ်မှာပဲ အနုပညာအလုပ်တွေကိုစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Alex Young နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၀ မှာတော့သူတို့နှစ်ဦး ကွာရှင်းခဲ့ကြပါတယ်။