Lotayamm

search
မာတိကာ

contents

သတင်းများ

International Day for Disaster Reduction (Oct 13)

နေ့ရက်:
Oct 13, 2017


အမျိုးအစား :
အခြား
Lotayamm

နှစ်စဉ်တိုင်းရဲ့ အောက်တိုဘာလ ၁၃ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်



လျှော့ချရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလမှာ



မုန်တိုင်းနဲ့ အခြား သဘာဝဘေးအန္တရာယ်တွေ အများဆုံးဖြစ်လေ့ရှိတာကြောင့် အခုလို သတ်မှတ်ဆောင်ရွက်ကြတာလို့ သိရပါတယ်။



           သဘာဝဘေးအန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေနဲ့ အသိပညာပေး လုပ်ငန်းစဉ်တွေကို စုပေါင်းလုပ်ဆောင်ကြတဲ့နေ့လည်း ဖြစ်ပြီး လတ်တလော ကြုံတွေ့နေရတဲ့ နေရာဒေသတွေ ရှိတယ်ဆိုရင်လည်း စုပေါင်း ကူညီကြပါတယ်။ ၂၀၁၇ အတွက်လည်း UN အပါအ၀င် အဖွဲ့အစည်းပေါင်းစုံကနေ Campaign မျိုးစုံ လုပ်ဆောင်နေပြီး



သဘာဝဘေးအန္တရာယ်ဖြစ်လာရင် ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းထက် မဖြစ်အောင် ဘယ်လိုပြုမူ နေထိုင်ရင် ရနိုင်တယ်ဆိုတဲ့ အသိပညာပေးမှုကို အလေးထား လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။