Lotayamm

search
မာတိကာ

contents

သတင်းများ

စက်တင်ဘာ ၁၄ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ထင်ပေါ်ကျော်ကြားသူတွေ

နေ့ရက်:
Sep 14, 2017


အမျိုးအစား :
အခြား
Lotayamm

ဒီနေ့ စက်တင်ဘာ ၁၄ ရက်နေ့က မြန်မာ Idol ရဲ့ presenter တစ်ဦးဖြစ်တဲ့ ကျော်ထက်အောင်ရဲ့ မွေးနေ့ဖြစ်ပြီး မီးလေးခဏပိတ်ပါ့မယ် ပြီးရင် ကျွန်တော်ပြန်လာခဲ့ပါ့မယ်ဆိုတဲ့ လက်သုံးစကားနဲ့ ပရိသတ်သိခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ မွေးနေ့အတွက် ၂၀၁၇ စက်တင်ဘာ ၉ရက်နေ့က မန္တလေးမြို့၊နန်းတော်ရှေ့၊မင်္ဂလာရာမရွှေဘိုတိုက်၊ထေရဝါဒကျောင်း နဲ့ 

သုခရိပ်မြုံ HIV မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာ တို့မှာ လှူဒါန်းခဲ့ပါတယ်။ ရန်ကုန်မှာတော့ စက်တင်ဘာ ၁၇ရက် တနင်္ဂ​နွေနေ့မှာ နန်းဦးတိုင်းရင်းသားပေါင်းစုံဖွံ့ဖြိုးရေးဂေဟာရှိ သံဃာတော်တွေနဲ့ ကျောင်းသားတွေကို တနေ့တာအာဟာရလှူဒါန်းမှု ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။



ကျော်ထက်အောင်ရဲ့ မွေးနေ့ပြီး နောက်နေ့ဖြစ်တဲ့  စက်တင်ဘာလ ၁၅ ရက်မှာတော့ ဒီမိုကရေစီရက်သတ္တပတ် ရုပ်ရှင်ပွဲတော်မှာ သူပါဝင်သရုပ်ဆောင်ထားတဲ့ နေခြည်မှာရွှေရည်လောင်း ရုပ်ရှင်ဇာတ်ကားစတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို Mingalar Cinemas Groups မှ မြန်မာ့ဒီမိုကရေစီ် ရက်သတ္တပတ်  ရုပ်ရှင်ပွဲတော်အတွက်

ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး လယ်တွင်းသားစောချစ် ရဲ့ ပန်းမြိုင်လယ်ကဥယျာဉ်မှူး ဝတ္ထုကို

ကျော်ထက်အောင်၊ အေးမြတ်သူ၊ ကျော်ကျော်၊ နန်းမြတ်ဖြိုးသင်း၊ ချမ်းမေမြတ်နိုး စသဖြင့်ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကျော်ထက်အောင်က ဆရာလယ်တွင်းသားစောချစ်ရဲ့ ငယ်ဘဝနေရာမှာ သရုပ်ဆောင်ထားတာလို့ သိရပါတယ်။

ဆယ်လီရုပ်ရှင်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကျော်ထက်အောင်က မင်းဦးက ဒါရိုက်တာအဖြစ် ပထမဆုံးပွဲဦးထွက် ရိုက်ကူးမယ့် ချူဆီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။



Amy Winehouse - သူမကတော့ အဆိုတော်နဲ့ တေးရေးဆရာမတစ်ဦးဖြစ်ပြီး ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့သူပဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Back to Black album အတွက် ဂရမ်မီဆု ၅ခု ရရှိခဲ့ပြီး Best British Female Artist (2007) ဆုကိုလည်းရရှိထားပါတယ်။



၂၀၁၁ ဇူလိုင် ၂၃ ရက်နေ့ အသက် ၂၇ နှစ်အရွယ်မှာပဲ အရက်မူးလွန်ပြီး သေဆုံးခဲ့ပါတယ်။



စက်တင်ဘာ ၁၄ရက်နေ့ဖွား ထင်ပေါ်ကျော်ကြားသူ နောက်တစ်ဦးကတော့ အသက် ၂၈နှစ်ပြည့်ပြီဖြစ်တဲ့ တောင်ကိုရီးယား သရုပ်ဆောင်Lee Jong-suk ပဲဖြစ်ပါတယ်။ Doctor Stranger ၊၊  I Can Hear Your Voice ၊ ၊ School 2013 နဲ့  Pinocchio အစရှိတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးသူဖြစ်ပြီး တောင်ကိုရီးယားမှာရှိတဲ့ Konkuk University မှာ ရုပ်ရှင်သရုပ်ဆောင်ပညာ အထူးပြုနဲ့ တက်ရောက်ခဲ့သူဖြစ်ပါတယ်။



တောင်ကိုရီးယား မိန်းကလေး အဆိုတော် အဖွဲ့ After School ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့  Nana ကလည်း ၁၉၉၁ စက်တင်ဘာလ ၁၄ရက်နေ့ဖွားဖြစ်တာကြောင့် လက်ရှိအချိန်မှာ အသက် ၂၆ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။ Seoul တက္ကသိုလ်မှာ အနုပညာဘာသာရပ် တက်ရောက်ခဲ့ပါတယ်။



နောက်တစ်ဦးကတော့ ၁၉၈၆  စက်တင်ဘာ ၁၄ရက်မွေးဖွားသူတစ်ဦးဖြစ်တဲ့ အသက် ၃၁နှစ်အရွယ် Facebook star Officer Daniels ပါပဲ။ အလုပ်နဲ့ဆက်စပ်နေတဲ့ ဟာသဗီဒိုယိုလေးတွေတင်ပြီး နာမည်ကျော်ကြားလာသူတစ်ဦးဖြစ်သလို Follower တွေများလွန်းလို့ App တွေတောင် Shut down ဖြစ်ခဲ့တယ်လို့ သိရပါတယ်။





MK