Lotayamm

search
မာတိကာ

contents

သတင်းများ

ကျပ်သိန်းနှစ်သောင်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မူဆယ်တွင် ဖမ်းမိ

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
အခြား
yangonmedia
စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး သတင်းအရ မူဆယ်မြို့နယ် (၁ဝ၅) မိုင်ကျေးရွာ (၁ဝ၅)မိုင် နမ်ဖတ် ကာသွားလမ်း၊ Oriental High Way တိုးဂိတ်အနီး လမ်းမပေါ် တွင် စောင့်ဆိုင်းနေစဉ် မူဆယ်မြို့ နယ် နမ့်အွန်ကျေးရွာဘက်မှ မူ ဆယ်ဘက်သို့ ကွတ်ခိုင်မြို့နယ် ကာ လိုင်ကျေးရွာနေ ယာဉ်မောင်း ရန်ဝေဖန်း မောင်းနှင်ပြီး ကွတ်ခိုင် မြို့နယ် မော်ဟေ့ကျေးရွာနေ ဟွမ် အားကွေ့ လိုက်ပါလာသည့် Toyota Hilux အမျိုးအစား အနီရောင် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ယင်းသို့ စစ် ဆေးစဉ် ယာဉ်အလယ်ခန်းရှိ အစိမ်း ရောင် ပီနံအိတ်အတွင်း စပါးခွံ များ ဖုံးအုပ်လျက် အဖြူရောင်တိပ်၊ မိုင်းကိုင်စက္ကူတို့ဖြင့် ထုပ် ထားသည့် အပြာရောင်ပလတ် စတစ် ကပ်ခွာအိတ်အတွင်းမျွှ့ စာတန်းပါ နီညိုရောင် စိတ်ကြွရူး သွပ်ဆေးပြား ၃ ဒသမ ၁၆၈ သိန်း ပါပီနံအိတ် တစ်အိတ်၊ ယာဉ် နောက်ခန်းအတွင်း သိုဝှက်သယ် ဆောင်လာသည့် အပြာရောင်ပလတ် စတစ် ကပ်ခွာအိတ်အတွင်းမှ WY စာတန်းပါ နီညိုရောင် စိတ်ကြွရူး သွပ်ဆေးပြား ၃ ဒသမ ၅ဝ၄၆ သိန်းပါ ပီနံအိတ်တစ်အိတ်နှင့် ၃ ဒသမ ၂၆၇ သိန်းပါ ပီနံအိတ်တစ် အိတ်၊ စုစုပေါင်း ပီနံအိတ် သုံး အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြားပေါင်း ၉၉၃၉၆ဝ(ကာလ တန်ဖိုး ငွေကျပ် ၁၉၈၇၉ သိန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း မူ ဆယ်မြို့မရဲစခန်းထံမှ သိရသည်။
မူဆယ်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ''တရုတ်လူမျိုးနှစ်ဦး ကို ဖမ်းမိတယ်။ ပိုင်ရှင်ကတော့ ကျန်သေးတယ်။ ငွေကြေးလိုအပ် ချက်အရ မူးယစ်ဆေးဝါးတွေ တရား မဝင်သယ်ဆောင်တာပါ။လက်ရှိ မှာတော့ မူဆယ်ကနေ ကြယ်ခေါင်၊ ရွှေလီဘက်ကို ပို့မယ်လို့ ယူဆ တယ်။ အဓိကကတော့ တရုတ်နိုင်ငံ ဘက်ကိုပို့မယ်လို့ ယူဆရတာပေါ့'' ဟု ဒီမိုကရေစီတူဒေးသို့ စက် တင်ဘာ ၁၁ ရက်က ပြောသည်။
ယင်းမူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုနှင့်ပတ်သက်ပြီး မူဆယ်မြို့မ ရဲစခန်းမှ မယ(ပ) ၁၄၈/၂ဝ၁၇၊ မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် ရန်ဝေဖန်းနှင့် ဟွမ်အားကွေ့ တို့ကို အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတစ်ဦးကို ဖမ်း ဆီးရမိရေး စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
WYHW/PS