Lotayamm

search
မာတိကာ

contents

သတင်းများ

သမိုင်းထဲက စက်တင်ဘာလ ၁၃ရက်

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
အခြား
Lotayamm

၁၉၅၆ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့က ကမ္ဘာ့ပထမဆုံး Hard Disk ဖြစ်လာမယ့် IBM 305 ကို IBM ကုမ္ပဏီက မိတ်ဆက်ခဲ့ပြီး ဒီ Hard Disk မှာ ဒေတာပမာဏ five megabytes သိုလှောင်နိုင်တာဖြစ်ပါတယ်။ အလေးချိန်အားဖြင့်လည်း တန်ချိန်တော်တော်လေးခဲ့ပြီး နှစ်ပေါင်း ၅၀ အကြာ ယနေ့ခေတ်မှာတော့ Hard disk တွေက Key chain အရွယ်အစားသာ ရှိတော့တာဖြစ်ပါတယ်။


၁၉၇၀ စက်တင်ဘာလ ၁၃ရက်နေ့မှာ နယူးယောက်မြို့ရဲ့ ပထမဆုံး မာရသွန်ပြိုင်ပွဲ ကျင်းပခဲ့ပြီး ပြိုင်ပွဲကို ပါဝင်လာအောင် ဆွဲဆောင်တဲ့အနေနဲ့ ပြီးဆုံးအောင် ပြေးခဲ့သူတွေကို တစ်ဦးလျှင် အမေရိကန် ၁ဒေါ်လာ ပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မီးသတ်သမား Gary Muhrucke က Winner ဆုကို ရရှိခဲ့ပါတယ်။


၁၉၉၃ စက်တင်ဘာ ၁၃ရက်ကတော့ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ နေ့တစ်နေ့ပါပဲ။


၁၉၉၇ ခုနှစ် စက်တင်ဘာ ၁၃ရက်နေ့မှာ ဝေလမင်းသမီးဒိုင်ယာနာအတွက် ရည်ရွယ်ရေးစပ်ထားတဲ့ "Candle in the Wind " သီချင်းကို UK မှာ ဖြန့်ချီခဲ့ပါတယ်။


၁၉၉၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ရုရှားနိုင်ငံ မော်စကို မြို့တော်မှာဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အနည်းဆုံး လူ ၁၁၈ ဦးသေဆုံးခဲ့ပါတယ်။


၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့မှာ အမေရိကန်အစိုးရက စက်တင်ဘာ ၁၁ ရက် 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဟာ အိုစမာဘင်လာဒင်လက်ချက်ဖြစ်တယ်လို့ သံသယရှိကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ရက်နေ့မှာတော့ အမေရိကမှာ အ၀လွန်ရောဂါနဲ့ တစ်ခြား ကျန်းမာရေး ပြဿနာတွေကြောင့် Soft drink ဗူးကြီးတွေရောင်းချမှုကို ပိတ်ပင်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်မတူသူတွေက တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့တဲ့အထိ လုပ်ဆောင်ခဲ့ကြပါတယ်။