Lotayamm

search
မာတိကာ

contents

သတင်းများ

စက်တင်ဘာ ၁၃မှာ မွေးဖွားခဲ့တဲ့ ထင်ပေါ်ကျော်ကြားသူတွေ

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
အခြား
Lotayamm

စက်တင်ဘာ ၁၃ရက်နေ့ကတော့ ဗြိတိန် အိုင်းရစ် Boy Band တစ်ခုဖြစ်တဲ့ One Direction အဖွဲ့ဝင် Niall Horan ရဲ့ မွေးနေ့ပါပဲ၊ ၁၉၉၃ ခုနှစ်မှာ မွေးဖွားခဲ့လို့ လက်ရှိအချိန်မှာ အသက် ၂၄နှစ်ပြည့်မြောက်ပြီပဲဖြစ်ပါတယ်။ Harry Styles ၊ Liam Payne ၊ Louis Tomlinson နဲ့ Zayn Malik အစရှိတဲ့ တစ်ခြားအဖွဲ့ဝင်လေးဦးနဲ့ ဖွဲ့စည်းထားခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ Zayn Malik က အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်သွားတာကြောင့် လက်ရှိမှာ ကျန်တဲ့ အဖွဲ့ဝင်လေးဦးနဲ့ပဲ ဆက်လက် ဖျော်ဖြေနေတာဖြစ်ပါတယ်။



စက်တင်ဘာ ၁၃ရက်နေ့မွေးဖွားတဲ့ နောက်ထပ် ထင်ပေါ်ကျော်ကြားသူတစ်ဦးကတော့ Bayern Munich အသင်းကို အောင်မြင်မှုတွေ ရယူပေးခဲ့ပြီး ကိုယ်တိုင်လည်းေ၇ွှဖိနပ်ဆုရှင်တစ်ဦးဖြစ်တဲ့ ဘောလုံးသမား Thomas Muller ပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ အခုအချိန်မှာတော့ အသက် ၂၈ နှစ်ပြည့်မြောက်ပြီပဲဖြစ်ပါတယ်။



နာမည်ကျော်မင်းသား ဂျွန်နီဒပ် ပါဝင်သရုပ်ဆောင်ထားတဲ့ Charlie And The Chocolate Factory ကိုတော့ ကလေးငယ်တွေက ပိုပြီး ကြိုက်နှစ်သက်ကြပါလိမ့်မယ်။ ဒီဇာတ်ကားတွေရဲ့ မူရင်းစာအုပ်နဲ့ ဇာတ်ညွှန်းရေးသားသူကတော့ ၁၉၁၆ စက်တင်ဘာ ၁၃ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Roald Dahl ပါပဲ။ သူဟာ ၁၉၉၀ နိုဝင်ဘာ ၂၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၄နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ကြီး ကလေးဝတ္ထုတွေဖြစ်တဲ့ James and the Giant Peach ၊ The BFG ၊ Matilda ၊ The Witches ၊ Charlie and the Chocolate Factory ၊ Fantastic Mr. Fox အစရှိတဲ့ထဲက တစ်ချို့ကို ရုပ်ရှင်ကားအဖြစ်ပြန်လည်ရိုက်ကူးပြီး နာမည်ကျော်ခဲ့ပါတယ်။


စက်တင်ဘာ ၁၃ရက် ၊ ၁၉၇၁ ခုနှစ်ဖွား ဖက်ရှင်ဒီဇိုင်နာ Stella McCartney ကတော့ ဒီနေ့မှာ အသက် ၄၆နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ Beatles အဖွဲ့ရဲ့ ပင်တိုင်အဆိုရှင် Paul McCartney ရဲ့ သမီးလည်းဖြစ်ပါတယ်။