Lotayamm

search
မာတိကာ

contents

သတင်းများ

သမိုင်းထဲက စက်တင်ဘာလ ၁၂ ရက်နေ့

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
အခြား
Lotayamm

၁၉၄၀ စက်တင်ဘာလ ၁၂ရက်နေ့မှာတော့ ပြင်သစ်မှာရှိတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေက သူတို့ရဲ့ ခွေးလေးကို ရှာဖွေကြရင်း လွန်ခဲ့တဲ့နှစ် ၁၅၀၀၀ ၀န်းကျင်လောက်က ရှေးဟောင်း အနေအထားတွေကို ရေးဆွဲထားတဲ့ လှိုဏ်ဂူပန်းချီတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Lascaux prehistoric cave လို့အမည်ရတဲ့ ဒီလှိုဏ်ဂူကို အများပြည်သူ လေ့လာစရာနေရာအဖြစ်ဖန်တီးခဲ့ကြပါတယ်။



၁၉၅၃ ခုနှစ်စက်တင်ဘာ၁၂ရက်နေ့ဟာ အမေရိကန်သမ္မတဖြစ်လာမယ့် John F Kennedy နဲ့ Jacqueline Lee Bouvier တို့ လက်ထပ်ခဲ့တဲ့နေ့တစ်နေ့ပါ။



၁၉၆၀ စက်တင်ဘာလ ၁၂ရက်နေ့ကတော့ အမေရိကမှာ အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းဖြစ်တဲ့ Donna တိုက်ခတ်ခဲ့ပြီး ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် နေရာဒေသ အတော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပါတယ်။ ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရပြီး ဖလော်ရီဒါဒေသ နေရာတော်တော်များများမှာလည်း အရေးပေါ်အခြေအနေ ကြေငြာခဲ့ရပါသေးတယ်။ အိမ်ခြေသိန်းဂဏန်းလောက်ကလည်း လျှပ်စစ်မီး၊ရေနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး လူသေပျောက်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။



၁၉၆၂ စက်တင်ဘာ ၁၂ရက်နေ့မှာတော့ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့ John F. Kennedy က အမေရိက အနေနဲ့လည်း ၁၉၇၀ ခုနှစ်မတိုင်မီ လပေါ်ကို ခြေချနိုင်ရမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။



၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၂ရက်နေ့မှာတော့ အမေရိကန်သမ္မတ George W. Bush က စက်တင်ဘာ ၁၁ရက် 9/11 အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။



၂၀၀၆ စက်တင်ဘာ ၁၂ရက်နေ့ကတော့ ဆီးရီးယားနိုင်ငံ ၊ Damascus မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ကားဗုံးဖောက်ခွဲပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။



၂၀၁၃ စက်တင်ဘာလ ၁၂ရက်နေ့မှာတော့ အသံဖမ်းအင်ဂျင်နီယာ Dolby သေဆုံးခဲ့ပါတယ်။ သေဆုံးချိန်မှာ အသက် ၈၀ ရှိပြီဖြစ်ပြီး သူဟာ ဆူညံသံတွေကို လျော့ချနိုင်တဲ့ နည်းပညာကို တီထွင်ခဲ့ပြီး အသံပတ်လည်စနစ်ကို ဆန်းသစ်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။