contents

သတင်းများ

ပလတ်စတစ် ဗူးခွံအဟောင်းတွေကို ပြန်လည်အသုံးချပြီး ကျွန်းဆောက် နေထိုင်သူ

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ပလတ်စတစ်ဗူးအခွံတွေဟာ ပြန်ပြီး အသုံးချလို့ရတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် ဒါတွေကို အသုံးချပြီး ကျွန်းမျောတစ်ခု တည်ဆောက်လို့ရတာကို သင်သိခဲ့ပါသလား။


Richart Sowa ဆိုတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလည်းဖြစ် ဗိသုကာ ပညာရှင်လည်းဖြစ်တဲ့သူက ရေဗူးခွံ၊ (၁၅၀,oo၀) လောက်ကို ပြန်လည်အသုံးချပြီး ဂေဟစနစ်နဲ့ အံဝင်ခွင်ကျရှိတဲ့ ကိုယ်ပိုင် ဗိမာန်ငယ်လေးတစ်ခုကို  Mexico နိုင်ငံမှာ ဖန်ဆင်းထားပါတယ်။  ဒီ (၆၁) နှစ်အရွယ် ဆရာသမားက လွန်ခဲ့တဲ့ (၂၀၀၈) ခုနှစ်ကတည်းက အခုလို  စိတ်လက်ချမ်းသာစွာ နေခဲ့တာပါ။


Chris Maluszynski

ဒီ ဗြိတိန် အနုပညာသမားက သူရဲ့ ပထမဆုံး ရေပေါ်အိမ်ကို (၂၀၀၅) ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တယ်။ အဲ့ဒီနောက်မှတော့  ဒုတိယ ကျွန်းငယ်လေးဖြစ်တဲ့ Spiral Islet ကို ဆက်လက်တည်ဆောက်တယ်။ ဒါပေမယ့် အဲ့ဒီ့ ကျွန်းငယ်လေးကတော့ ရေရှင်မှာ ပြင်းထန်တဲ့ ရာသီဥတု ဒဏ်ကြောင့် ပျက်စီးသွားခဲ့တယ်။ ဒါတွေကြောင့်နဲ့ စိတ်မပျက်ဘဲ တတိယအကြိမ်အဖြစ် ထုံးအိုင်ထဲမှာ ဆောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။


Sobify

Sowa ဟာ လက်သမားတစ်ချို့ရဲ့ အကူအညီယူပြီး ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံနိုင်ပြီး အခြေခိုင်ခိုင်နဲ့ (၂၅) မီတာရှည်တဲ့ ကျွန်းကို တည်ဆောက်တယ်။ ၀ါးဖရိန်တွေဆင်ပြီး အဲ့ဒီထဲမှာ သစ်စေ့တွေ သဲတွေဖြည့်တယ်။ အဲ့ဒီ့နောက် အလေးဒဏ်ခံနိုင်ပြီး ရေပေါ်မှာ ပေါ်နိုင်အောင် လေဖြည့်ထားတဲ့ ပလတ်စတစ်အိတ်ပေါင်းထောင်ချီကို ထပ်ထည့်တယ်။


Chris Maluszynski

Chris Maluszynski

ဒီလိုနဲ့ (၇) နှစ်ကြာတဲ့နောက်မှာတော့ Joyxee Island ဆိုပြီး ဖြစ်လာခဲ့ပါပြီ။ ခရုခွံ ကမာခွံတွေနဲ့ ဆောက်ထားတဲ့ (၃) ထပ်အိမ်တစ်လုံးပါတယ်။ အိမ်ထဲမှာ အိပ်ခန်း (၂) ခန်၊ မီးဖိုချောင်၊ ရေချိုးခန်း (၃) ခန်းနဲ့ လှိုင်းအားကို အသုံးချတဲ့ လျှော်စက်တစ်စက်လည်း တပ်ဆင်ထားတယ်။  ဆိုလာလျှပ်စစ်စွမ်းအင်၊ ရေနဲ့ အင်တာနက်တို့ကို အသုံးပြုနိုင်အောင် ပေ (၁၀၀) ရှိတဲ့ ကေဘယ်လ်ကြိုးနဲ့ ကမ်းပေါ်ကို ချိတ်ဆက်ထားတယ်။


Sobify

Yorkshire ပြည်နယ်၊ Middleborough မြို့ဇာတိဖြစ်တဲ့ Sowa ဟာ မိုးရေတွေကို ခံထားပြီး တစ်ချို့သောနေရာအတွက် အသုံးချတယ်။ အမိုးအကာတပ်ဆင်ထားတဲ့ ရေကူးကန်နဲ့ ရေပူချိုးလို့ရအောင် နောက်ထပ် ကန်တစ်ကန်လည်း ထပ်ဖြည့်ထားတယ်။


ကျွန်းမျောပေါ်မှာ အသီးပင်တစ်ချို့၊ အရွက်တစ်ချို့ကို စိုက်ပျိုးထားပြီး တစ်ကိုယ်စာတော့ ဖူလုံအောင် အားထုတ်ထားတယ်။ Sowa က သက်သက်လွတ်စားတဲ့ သူတစ်ယောက်ဖြစ်တယ်၊ ကျန်တဲ့ လိုအပ်ချက်တွေအတွက်တော့ နီးစပ်ရာဆိုင်တွေကို စက်ဘီးလေးနင်းပြီးသွားဝယ်တယ်လို့ သိရတယ်။ နောက်ပြီးတော့ အလည်လာတဲ့ သူတွေကို ခေါ်ဖို့အတွက် (၈) ယောက်လောက်တင်နိုင်တဲ့ ကယ်ရီလေးကိုတစ်ခုကိုလည်း ပလတ်စတစ်ဗူးတွေနဲ့ လုပ်ထားပါသေးတယ်။


Sobify

ဒါပေမယ့် “No man is an island” ဆိုတဲ့အတိုင်း သူရဲ့ ဗိမာန်လေးထဲမှာ တစ်ကိုယ်တည်းနေဖို့ကလည်း မပြည့်စုံပြန်ဘူး။ အခုလို တစ်ကိုယ်တည်း မနေခင်ကတည်းက သူဟာ အိမ်ထောင် နှစ်ဆက်ရှိခဲ့တယ်၊ သားသမီး (၄) ယောက်နဲ့ မြေး (၆) ယောက်ရှိတယ်။


Media Drum World

(၂၀၁၄) ခုနှစ်မှာတော့ Sowa ဟာ ဂျပန်စူပါမော်ဒယ်ဟောင်းတစ်ဦးဖြစ်ခဲ့တယ် Jodi Bowlin (၄၇ နှစ်) နဲ့ Facebook ပေါ်မှာတွေ့ခဲ့ကြတယ်။ Sowa ဟာ သူမကို ကျွန်းပေါ်မှာ အတူလာရောက်နေထိုင်ဖို့ ဖိတ်ကြားခဲ့ပြီး သူမကလည်း ဒီလို ဘ၀ရှင်သန်မှုကို ချက်ချင်းပဲ ရွေးချယ်ခဲ့တယ်။ သူမက သူရဲ့ ကျွန်းလေး ပိုပြည့်စုံလာစေဖို့နဲ့ တိုးတက်မှုတွေရှိဖို့ လိုအပ်တာတွေအတွက် အနုစိတ်မွမ်းမံကာ အားပေးကူညီပေးခဲ့တယ်။


Media Drum World

အခုဆိုရင် သူတို့နှစ်ယောက်ဟာ အချစ်တော်ခွေးလေးတစ်ကောင်နဲ့အတူ ကျွန်းလေးပေါ်မှာ နေထိုင်နေကြပါပြီ။ အလည်အပတ်လာရောက်ချင်သူတွေအတွက်လည်း စေတနာရှိသလောက် လှူဒါန်းပြီး လာရောက် ခွင့်ပြုထားပါတယ်။ Sowa ကလည်း ဂီတ အနုပညာတွေကို ဆက်လက်ဖန်တီးပြီး နေထိုင်နေပါတယ်။


မက္ကဆီကို နိုင်ငံရဲ့ အာဏာပိုင်တွေကလည်း ကျွန်းဟာ အမှန်မှာ လှေတစ်စီးပဲဖြစ်တဲ့အတွက် တစ်ချို့သော ရေယာဉ်ဆိုင်ရာ ဥပဒေတစ်ချို့ကို လိုက်နာပြီး ကိုက်ညီမှုရှိအောင် နေထိုင်ရမယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။


Source: Elite Reader


Matthew (ShweMOM)

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။