contents

သတင်းများ

တာမွေတွင် ကလေးချင်းဖြစ်သည့် ကိစ္စအပေါ် ရန်ငြိုးထား အုပ်စုဖွဲ့တိုက်ခိုက်သူ ရှစ်ဦးကို ဖမ်းမိ

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
ယင်းကိစ္စနှင့် ပတ်သက်၍ ည ၁ဝ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဝင်းထွဋ်ဝင်းဆိုသူ အမျိုးသားမှ ဒေါ်ခင်ခင်ဌေး၏ ခင်ပွန်းဖြစ်သူ ဦးကြည်ဝင်းအား ဖုန်းဆက်၍ ''မင်းတို့ စောက်ချိုးမပြေဘူး၊ မင်းတို့ကို လာခုတ်မယ်''ဟု ပြောကြားခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန်စကားများခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့မိသားစုမှာ တိုက်အောက်သို့ ဆင်းလာစဉ် မျက်နှာချင်းဆိုင်လမ်း တစ်ဖက်တွင် ကားသုံးစီးမောင်းနှင်လာပြီး ရပ်တန့်၍ ကားပေါ်မှ လူတစ်စုဆင်းလာကာ ၎င်းတို့ လက်ထဲတွင် လှံ၊ ဓားများ ကိုင်ဆောင်ထားပြီး ပြေးဝင်ထိုးခုတ်ခဲ့ကြောင်း၊ ထိုစဉ် ဦးကြည်ဝင်းတွင် ယာလက်ထိုးသွင်းဒဏ်ရာဖြင့် လည်းကောင်း၊ အိမ်မှအလုပ်သမားဖြစ်သူ ဇော်လင်းဦး (၃၂)နှစ်တွင် ဝဲပခုံးထိုးသွင်းဒဏ်ရာ၊ ဝဲမျက်ရိုး ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ ကတုံးမ(ခ)ဇော်ဟိန်းသူတွင်လည်း ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ၊ ဝဲမျက်ခုံးဖူးရောင် ဒဏ်ရာ၊ ဝဲမျက်လုံးပြတ်ရှဒဏ် ရာ၊ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ကျောကုန်း ဝဲဘက်ထိုးသွင်းဒဏ်ရာ၊ ယာပေါင် ပြတ်ရှဒဏ်ရာတို့ရရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ကတုံးမ(ခ)ဇော်ဟိန်းသူမှာ လမ်း၌ သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ နှင့်အလုပ်သမားဖြစ်သူတို့မှာ ဆေးရုံတွင် ကုသလျက်ရှိသဖြင့် နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူနှင့်သမက်ဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူတို့အား အရေးယူပေးရန် တိုင်ကြားသဖြင့် တာမွေမြို့မရဲစခန်း(ပ)၈၈၃/၂ဝ၁၈၊ လူသတ်မှုပုဒ်မ ၃ဝ၂၊ အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၂၆၊ အားပေးကူညီမှုပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိ ရေးစုံစမ်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့မှ စစ်ဆေးရာ အခင်းဖြစ်နေရာတွင် ကျူးလွန်သူများ ကျန်ရှိခဲ့သည့် DD/-------- Toyota Succeed အပြာရောင် အငှားယာဉ်ပေါ်မှ ဓားရှည်ကိုးချောင်း၊ ဓားတိုနှစ်ချောင်း၊ လှံနှစ်ချောင်း၊ ပုဆိန်တစ်လက်၊ သံလက်သီးကွင်းတစ်ခုနှင့် တာမွေယာယီဈေးရှေ့အမှိုက်ပုံအနီးမှ ဓား ရှည်နှစ်ချောင်းနှင့် ဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်နှစ်ချောင်းတို့အား အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ည ၁၁ နာရီ ၂၅ မိနစ်တွင် ကျူးလွန်ရာတွင်ပါဝင်သည့် တောင်ဒဂုံမြို့နယ်၊ (၂၂) ရပ်ကွက်နေ ဖြူတုတ်(ခ)သိန်းထွေး (၄ဝ)နှစ်၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင် (၄၁)နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၂၂)ရပ်ကွက်နေ သီဟအောင် (၃၅)နှစ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၄) ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး (၄၁)နှစ်တို့အား တောင်ဒဂုံမြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမပေါ်တွင် Toyota Caldina  အငှားယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် တောင်ဒဂုံမြို့ နယ်၊ (၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ Toyota Alphard အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသွားကြောင်းသိရသဖြင့် လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီခွဲတွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင်ကားရပ်၍ ကားပေါ်မှဆင်းလာပြီး ပြန်လည်ခုခံသဖြင့် ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီတွင် ကျူးလွန်ရာတွင်ကျန်ရှိသည့် ပါဝင်သူများဖြစ်သည့် သာကေတမြို့နယ်၊ ၁ဝ/ မြောက်ရပ်ကွက်နေ သိန်းထိုက်အောင် (ခ)အန်းကုန်း (၂၉)နှစ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊(၁၆၈)ရပ်ကွက်နေ မင်းအောင်(၄၂)နှစ်တို့အား တောင်ဒဂုံမြို့နယ်၊ (၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်၌ လည်းကောင်း၊ နံနက် ၂ နာရီ ၅ မိနစ် သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေဝင်းထွဋ်ဝင်း (၄၂)နှစ်အား ဒဂုံဆိပ်ကမ်းမြို့ နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
တာမွေမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်က ''ကျူးလွန်သူတွေကို သတင်းထုတ်ပြန်ထားတဲ့အတိုင်း ဖမ်းဆီးခဲ့တာပါ။ တစ်ဦးကတော့ ခုခံလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်။ လက်ရှိမနေ့ညကထိ စစ်ဆေးပြီးတော့မှ ရှစ်ဦးထိ ဖမ်းဆီးပြီးပါပြီ။စစ်ဆေးပေါ်ပေါက်လို့ ပါတဲ့လူတွေ ကိုထပ်ဖမ်းမှာပါ။ အခုက ကလေးချင်းကိစ္စရန်ငြိုးဖွဲ့ရင်းနဲ့ဖြစ်သွားတာ ပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။ အမှုမှ ကျူးလွန်သူရှစ်ဦးကို တာမွေမြို့နယ်တရားရုံး၌ ချုပ်ရမန်ယူထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ ဖမ်းဆီးရမိသူများဖြစ်သည့် ဝင်းထွဋ်ဝင်းပါရှစ်ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းရမိပြီး ၎င်းတို့ အား ဥပဒေနှင့်အညီဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WYHW#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။