contents

သတင်းများ

မျက်စိကောင်း၊ မကောင်း သိချင်ရင် ဒီပုံထဲက B ကို ၁ဝစက္ကန့်အတွင်းရှာကြည့်လိုက်ပါ

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

သင့်မျက်လုံးကို ဘယ်နကြိမ်လောက် လေ့ကျင့်ခန်းလုပ်ပေးဖူးလဲ? မလုပ်တာ ကြာပြီဆိုရင် အခုလုပ်ကြည့်လိုက်ပါဦး။



နံပါတ် 8 တွေကြားမှာ B အက္ခရာကို ထည့်ထားပါတယ်။ B အက္ခရာကို နှစ်ခုထက်မနည်းထည့်ထားပါတယ်။ အထဲမှာပါတဲ့ B တွေကို ၁ဝစက္ကန့်အတွင်း ရှာနိုင်ပါသလား ။



ကဲ … ရှာပြီးပြီဆိုရင် B ဘယ်နခုလောက်ကို ရှာတွေ့ထားလဲ? ဒီ testက အပျော်သဘောမဟုတ်ပါဘူး။ သင့်မျက်လုံးရဲ့အမြင်အာရုံအတွက် အကျိုးရှိစေတဲ့ test လေးတစ်ခုပါပဲ။ ဒီလို မျက်လုံးကိုလေ့ကျင့်ခန်းလုပ်ပေးရင် အမြင်အာရုံမှုန်ဝါးတာနဲ့ မျက်လုံးဆိုင်ရာ ပြဿနာတွေကို လျော့ကျစေပါတယ်။

ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းမဆို လှုပ်ရှားမှုရှိနေမှ လန်းဆန်းတက်ကြွနေမှာပါ။



အခုခေတ်မှာ ဖုန်းတွေ ၊ ကွန်ပျုတာတွေ အရမ်းအကြည့်များလာကြတော့ ကိုယ့်ရဲ့မျက်လုံးကို ဂရုစိုက်ဖို့မေ့လျော့လာကြပါတယ်။ မျက်လုံး ယာယံ၊ မျက်ရိုးကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်းနဲ့ ခေါင်းကိုက်တာတို့ဖြစ်လာပြီဆိုရင် မင်းရဲ့အာရုံကြောဆိုင်ရာကို ဂရုစိုက်ဖို့လိုနေပါပြီ။


ကိုယ်စိုက်ကြည့်နေရတဲ့ ကွန်ပျုတာဆီကနေ အကြည့်လွှဲလိုက်ပါ။ စက္ကန့် ၃၀လောက် မျက်လုံးမှိတ်ထားပြီး လက်လေးနဲ့ အသာယာနှိပ်ပေးပါ။ မျက်စင်းခတ်ဆေး ပုံမှန်သုံးပါ။ ဖုန်းအသုံးများရင် လျော့ချနိုင်အောင် ကြိုးစားပါ။



ခုနက ပုံထဲမှာ B ဘယ်နခုလောက်ရှာတွေ့လဲ ? ဒါဟာ သင့်မျက်လုံးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါ။ B တွေအကုန်ရှာတွေ့တယ်ဆိုရင် မင်းမျက်လုံးမခြေအနေ ကောင်းပါတယ်။ တကယ်လို့ ရှာမတွေ့ဘူးဆိုရင်တော့ မင်းမျက်လုံးကို သေချာဂရုစိုက်ဖို့ လိုနေပါပြီ။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။