Lotayamm

search
မာတိကာ

contents

သတင်းများ

စိတ်ဖိစီးမှုကင်းကင်းနဲ့ ဒီလိုဝိတ်ချကြရအောင် …

နေ့ရက်:
Aug 11, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

ဝိတ်ချတယ်ဆိုတာလည်း စိတ်ဖိစီးမှုအရမ်းခံပြီး ချတာနဲ့ စိတ်ချမ်းသာစွာ ဝိတ်ချရတဲ့အထဲမှာ ဘယ်ဟာကပိုပြီး အကျိုးရှိမယ်ထင်လဲ .. အဖြေက အသိသာကြီးပါ။ ကဲ ဒါဆို ဒီလိုလေး ပျော်ပျော်ကြီး

ဝိတ်ချကြမယ်နော်။


အကြိုက်ဆုံး မုန့်သရေစာထက် အခြားအရာအစားထိုးကြည့်




မုန့်တစ်ခုကို စားတော့မယ်ဆိုရင် ကြိုက်နှစ်သက်တဲ့ စာအုပ်ကောက်ဖတ်လိုက်တာ ၊ ဗီဒီယိုဂိမ်းအသစ်ဆော့လိုက်တာမျိုး ၊ အရမ်းမိုက်တဲ့ ရုပ်ရှင်ကြည့်လိုက်တာမျိုးက စိတ်ကိုအပြောင်းလဲဖြစ်စေမှာပါ။ ယောဂသင်တန်း (သို့) Gym တစ်ခုခုနဲ့ join ထားပါ။ ကိုယ်ပိုင် တိတ်တဆိတ်လေးနေတာဖြစ်ဖြစ် ၊တစ်ရေးတစ်မောအိပ်တာဖြစ်ဖြစ် ပြုလုပ်ကြည့်ပါ။


ဘာက အရေးကြီးဆုံးလဲဆိုတာ ကိုယ့်ကိုကိုယ် သတိပေးနေပါ




ကိုယ်လိုချင်တဲ့အရာတစ်ခုအတွက် ထက်သန်တဲ့ စိတ်ခွန်အားတစ်ခုရှိနေဖို့လည်း လိုအပ်ပါတယ်။

ဒီလိုဆို သင့်ရဲ့diet plan ကိုလုပ်ဖို့လည်း ပိုလွယ်ကူသွားသလို ဘာက အရေးကြီးဆုံးလဲဆိုတာ ကိုယ်တိုင်သိနေရင် အိုခေပါပြီ။ တစ်နေ့တာ note လေးတွေ မှတ်ထားပြီး ဒီနေ့ ငါဘာလုပ်မယ် ဆိုပြီးရေးထားတာကလည်း စိတ်ကို တစ်မျိုးအပြောင်းလဲဖြစ်စေပါတယ်။


စိတ်အပန်ပြေစေမယ့် သီချင်းလေးတွေ




Cornell တက္ကသိုလ်က စမ်းသပ်ချက်အရ စိတ်အပန်းပြေစေတဲ့ သီချင်းလေးတွေ နားထောင်ပေးခြင်းကလည်း ဝိတ်ချရမှာ အထောက်ကူဖြစ်စေတယ်တဲ့။ အဓိကကတော့ စိတ်ဖိစီးမှုမများစေတာပါ။ ပျော်ရွှင်နေတဲ့ဟော်မုန်းတွေက သရေစာမုန့်တွေထက် ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေမယ့် အစားစာတွေစားဖို့ တွန်းအားပေးနေပါလိမ့်မယ်။


တစ်ခါတစ်လေ စိတ်အလိုလိုက်မိတာလေးတွေကို လက်ခံပါ




စိတ်အလိုလိုက်ပြီး မဟုတ်တာတွေ စားမိတဲ့အခါ စားသလောက် ငါလေ့ကျင့်ခန်းပြန်လုပ်မယ်လို့

စိတ်သွင်းထားပါ။ ငါဒါကို စားလိုက်မိပြီဆိုပြီး စိတ်ထဲ တွေးပူနေတာမျိုး မဖြစ်စေချင်ပါ။ စိတ်ထဲ ပေါ့ပေါ့ပါးပါးပဲ တွေး ။ လေ့ကျင့်ခန်း နှစ်ဆပြန်လုပ်လိုက်ရင် ဒီကယ်လိုရီတွေ တဖြည်းဖြည်း ပြန်ကျသွားနိုင်ပါတယ်။ အဓိက ကိုယ့်ရဲ့စိတ်ပါပဲ။ ကိုယ့်စိတ် ကိုယ်နိုင်ရင် ဘာမဆိုဖြစ်နိုင်တယ် ။ ဒီတော့ ပျော်ပျော်ရွှင်ရွှင်လေးပဲ ဒီနည်းလမ်းတွေနဲ့ ဝိတ်ချကြလိုက်ရအောင်နော်…


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။