Lotayamm
search
မာတိကာ
contents
သတင်းများ
သူတကယ်ချစ်တဲ့အခါဒီအရာတွေသင့်ကိုတောင်းဆိုလာပါလိမ့်မယ်
နေ့ရက်:
Jul 9, 2018
အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar
ချင်ခဲ့ကြတာပါ။
Unicode
သင့်ချစ်သူကသင့်ကိုတကယ်ကြီးချစ်မိလာတဲ့အခါ ဒီလိုအရာတွေကို သင့်ဆီကနေတောင်းဆိုလာမယ် ဆိုတာသင်ယုံလိုက်ပါ။ လူတစ်ယောက်ကို တကယ်ချစ်လာမိတဲ့သူတိုင်းသူတို့ချစ်မိသွားတဲ့သူဆီကဒီလိုအရာလေးတွေကို လိုချင်တတ်ကြပါတယ်။ ဆိုတော့သင့်ကိုလူတစ်ယောက်ကဒီလိုအရာတွေတောင်းဆိုလာပြီလား (ဒါမှမဟုတ်) သင်ကရောလူတစ်ယောက်ဆီက ဒီလိုအရာမျိုးတွေကိုလိုချင်တပ်မက်နေမိပြီလားသေချာပါတယ်ဒါဆိုရင်တော့ သင်တို့တကယ်ချစ်တတ်နေကြပါပြီ…
(၁) သင်နဲ့ပတ်သတ်တဲ့ အသေးမွှားကိစ္စလေးတွေကအစသူ့ကိုပြောပြစေချင်လာတယ်
သင်နဲ့ပတ်သတ်တဲ့အသေးမွှားကိစ္စလေးတွေကအစသူ့ကိုပြောပြမှသဘောကျတယ်။ ကိုယ်ကအရေးမပါဘူးထင်လို့မပြောခဲ့ပင်မဲ့ ဒါလေးသူမသိရပါလားဆိုပြီး စိတ်ခုနေတတ်ကြတဲ့အမျိုးတွေပါ။ အထင်တော့မလွဲလိုက်ပါနဲ့ဒါကသူသင့်ကိုသိပ်ချစ်လို့ဖြစ်ပေါ်လာတဲ့ခံစားချက်ကြီးပါ။
(၂) သင်နဲ့ပတ်သတ်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သူပဲခံစားချင်တယ်
သင်နဲ့ပတ်သတ်တဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေကိုသူများနဲ့မျှဝေယူရတာမကြိုက်ပဲသူတစ်ယောက်တည်းခံစားချင်တတ်ကြပါတယ်။ အထူးသဖြင့်ဆိုးဝါးတဲ့အခြေနေတွေမှာ တစ်ပါးသူရဲ့အကူညီကိုမယူစေလိုပဲသူပေးတဲ့ကူညီနဲ့တင်သင့်ကို အေးချမ်းပြည့်စုံချင်တတ်ကြတာပါ။ အတ္တကြီးတယ်လို့ထင်ရပင်မဲ့သင့်ရဲ့ ဒုက္ခရောက်နေချိန်မှာ တစ်ယောက်တည်းသောမျှဝေခံစားသူဖြစ်
ချင်ခဲ့ကြတာပါ။
(၃) သူ့တစ်ယောက်တည်းကိုပဲချစ်မြတ်နိုးဖို့အောက်ကျခံပြီးတောင်းခံခဲ့ဖူးမယ်
သူ့တစ်ယောက်တည်းကိုပဲ ချစ်မြတ်နိုးဖို့သင့်ဘဝမှာသူ့ကိုပဲချစ်ပေးဖို့ပါးစပ်ကမပြောဖူးဆိုရင်တောင်အမူအယာမျိုးစုံနဲ့သင်သိလာအောင်လုပ်ပြလေ့ရှိပါတယ်။ ရှင်းရှင်းပြောရရင်သင့်ရဲ့နောက်ဆုံးအချိန်ထိသူတစ်ယောက်တည်းပို်င်ဆိုင်ချင်တာပါပဲ။
(၄) သူ့ရဲ့နာကျင်ချိန်တိုင်းမင်းကိုအနားမှာရှိနေစေချင်ခဲ့တယ်
သူ့ရဲ့နာကျင်ခံစားနေရတဲ့အချိန်မှာ သူ့နာကျင်မှုကို ထုတ်မပြရက်ခဲ့ရင်တောင်မှ ဒီလိုအချိန်တွေကိုသင်နဲ့တူတူဖြတ်သန်းချင်တတ်ကြတယ်။ သူ့ရဲ့ပူလောင်မှုတွေကို ငြိမ်းအေးစေတဲ့အရာလေးက သင်ဖြစ်နေတယ်ဆိုတာ သူသာသိပါတယ်။
(၅) မင်းရဲ့သဝန်တိုမှုတွေ မင်းအချစ်တွေ မင်းဆီကချစ်ခြင်းမေတ္တာတွေကိုသူတစ်ယောက်တည်းပိုင်ဆိုင်ချင်လာတယ်
သင်ဟာ တစ်ယောက်ယောက်ကို သဝန်တိုမယ်စိတ်ပူမယ် ဆိုရင်တောင် အဲ့လူကသူပဲဖြစ်ချင်တတ်ပါတယ်။ တစ်ခြားသူကို သဝန်တိုတာ စိတ်ပူတာ ကြင်နာတာတွေ သူမျှဝေမပေးချင်တတ်ပါဘူး။
ဒါဆိုသေချာပါပြီ သူ့နှုတ်ကဖွင့်ပြောစရာမလိုလောက်အောင်ကိုပဲသူသင့်ကိုနက်နက်နဲနဲချစ်နေခဲ့ပါပြီ…
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။