Lotayamm

search
မာတိကာ

contents

သတင္းမ်ား

ကုိယ္ၾကိတ္သေဘာက်ေနတဲ႔ေကာင္ေလးဆီက စကားစေျပာတာလုိခ်င္ရင္ ဒါေလးေတြမွတ္ထားေနာ္

ေန႔ရက္:
Jun 12, 2018


အမ်ိဳးအစား :
ေန႔စဥ္ဘ၀
Trend Myanmar

မိန္းကေလးတိုင္းမွာ ကုိယ္ၾကိတ္သေဘာက်ေနတဲ႔လူဆီက အရင္ဆံုးစကားလာေျပာတာ၊ စာပုိ႔တာကုိ ပုိျပီးလိုခ်င္တဲ႔စိတ္မ်ိဳးရွိၾကပါတယ္။ကုိယ္ကေတာ့ သေဘာက်ေပမဲ႔ အရင္ဆံုးစျပီး သြားမေျပာခ်င္တဲ႔စိတ္ကေလးကလည္းရွိေနပါေသးတယ္။သူ႔ဘက္ကအရင္ဆံုးစကားလာေျပာတာမ်ိဳးလုိခ်င္တယ္ဆုိရင္ ဒီနည္းလမ္းေလးေတြက သင့္အတြက္ေကာင္းေကာင္း ကူညီေပးႏုိင္ပါလိမ့္မယ္။


သင္သေဘာက်ေနတဲ႔သူနဲ႔ အျပင္မွာလူခ်င္းျမင္ေတြ႔ဖူးရင္ ဒီနည္းလမ္းေလးေတြက ပုိျပီးအဆင္ေျပႏုိင္ပါတယ္။ဥပမာ အလုပ္ခြင္မွာစေတြ႔ၾကတာျဖစ္ေစ၊ေကာ္ဖီဆုိင္တစ္ဆုိင္မွာ အျမဲေတြ႔ေနက်ျဖစ္ေစ ဒီနည္းလမ္းေတြကိုသံုးေပးရင္သူ႔ဘက္ကသင့္ကုိစျပီးဆက္သြယ္ ဖုိ႔ၾကိဳးစားလာပါလိမ့္မယ္။



၁)မ်က္လံုးခ်င္းဆံုျပီး  ျပံဳးျပပါ။

ေယာက်္ားေလးတစ္ေယာက္ဟာ သူနဲ႔မ်က္လံုးခ်င္းဆံုမိလုိ႔အၾကည့္လြႊဲသြားတဲ႔မိန္းကေလးထက္ မ်က္လံုးခ်င္းဆံုရင္လႊဲမသြားပဲ ျပံဳးျပတတ္တဲ႔မိန္းကေလးေတြကုိ ပုိျပီးေဖာ္ေရြႏွစ္လိုပါတယ္တဲ႔။ တကယ္လို႔ သင္သေဘာက်တဲ႔သူနဲ႔မ်က္လံုးခ်င္းဆံုမိတဲ႔အခါ ေရွာင္ဖုိ႔မၾကိဳးစားပဲ ၅စကၠန္႔ေလာက္

မ်က္လံုးခ်င္းဆံုၾကည့္ပါ။ျပီးရင္ေတာ့ အနည္းငယ္ျပံဳးျပလိုက္ဖုိ႔ပါပဲ။ဒါက သင့္ဘက္က သူ႔ကိုစိတ္၀င္ စားေၾကာင္းအမူအရာနဲ႔အရိပ္အျမြက္ေျပာျပလိုက္တာလည္းျဖစ္ပါတယ္။


၂)ယံုၾကည္မႈထားပါ။

ဘယ္အရာမဆုိ ေမ်ွာ္လင့္ခ်က္ထားရင္ေအာင္ျမင္မႈရႏုိင္ပါတယ္။သင္သေဘာက်ေနတဲ႔သူဆီက အရင္ဆံုးစကားလာေျပာတာမ်ိဳးျဖစ္ေစခ်င္ရင္ သင့္ဘက္က ေသြးေအးျပီးကုိယ့္ကုိယ့္ကုိယ္ ယံုၾကည္မႈ အျပည့္ရွိေနဖုိ႔ကအရမ္းအေရးၾကီးပါတယ္။



၃)သူ႔ဘက္က သူငယ္ခ်င္းေတြနဲ႔ရယ္ရယ္ေမာေမာစကားေျပာပါ။

ဒီအခ်က္ကေတာ့ သူ႔ဘက္ကသူငယ္ခ်င္းေတြနဲ႔ သင္သိထားတယ္ဆုိရင္ သံုးႏုိင္ဖုိ႔ပါ။သ၀န္တိုတယ္ ဆိုတာ သိပ္ျပီးေတာ့မေကာင္းလွပါဘူး။ဒါေပမဲ႔တစ္ခါတစ္ရံက်ေတာ့ အသံုး၀င္ပါတယ္။ သူ႔သူငယ္ခ်င္းေတြ နဲ႔ရယ္ရယ္ေမာေမာစကားေျပာေပးမယ္ဆုိရင္ သူ႔ဘက္က သင့္ကုိသတိေတာ့ ထားမိသြားမွာပါပဲ။သူ႔ကိုက်ေတာ့ ပလစ္ထားျပီး သူငယ္ခ်င္းေတြနဲ႔က်ေတာ့ ရယ္ေမာေနတယ္ ဆိုျပီးေတာ့ေပါ့။အဲ႔ဒီအခါ သူ႔ဘက္က သင္နဲ႔ဆက္သြယ္ဖုိ႔ၾကိဳးစားလာပါလိမ့္မယ္။

ဒါေပမဲ႔လည္း ဒီအခ်က္ကေသခ်ာမလုပ္ႏိုင္ရင္သူ႔ဘက္ကအထင္အျမင္လြဲသြားႏုိင္ပါတယ္။ တကယ္လို႔သင့္ဘက္ကယံုၾကည္ခ်က္မရွိဘူးဆုိရင္ေတာ့မလုပ္တာအေကာင္းဆံုးပါ။ မဟုတ္ရင္ ဆက္ျပီးေရွ႔ဆက္လို႔မရပဲျဖစ္သြားပါလိမ့္မယ္။


၄)Body Language

အျပဳအမူေတြက စကားလံုးေတြထက္ပိုျပီးစကားေျပာတယ္ဆုိသလို သူ႔ဘက္ကစျပီး စကားေျပာတာ၊ဆက္သြယ္တာလိုခ်င္ရင္ သင့္ဘက္ကအျပဳအမူေတြကုိသတိထား သင့္ပါတယ္။တစ္ခ်ိဳ႔အျပဳအမူေတြကသူ႔ကုိစိတ္မ၀င္စားတဲ႔သေဘာ၊ဂရုမစိုက္တဲ႔သေဘာမ်ိဳးျဖစ္ေစပါတယ္။တစ္နည္းအားျဖင့္သူ႔ကုိေရွ႔မဆက္နဲ႔လို႔ေျပာတဲ႔အျပဳအမူေတြေပါ့။ဥပမာ သူနဲ႔ေတြ႔ဆံုခ်ိန္မွာ ဖုန္းကုိအခ်ိန္ျပည့္ၾကည့္ေနတာမ်ိဳး၊သူနဲ႔သင့္ၾကားမွာတစ္ခုခုအကာအရံ ထားလိုက္တာမ်ိဳး စတာေတြကအထင္အျမင္လြဲေစႏုိင္တဲ႔အျပဳအမူေတြပါ။


၅)ကလူက်ီစယ္စကားဆုိပါ။

ကလူက်ီစယ္တဲ့စကားအနည္းငယ္က ဘယ္သူ႔ကိုမွမနာက်င္ေစပါဘူး။ တကယ္လို႔ သူနဲ႔ႏွစ္ေယာက္တည္းမျဖစ္မေနစကားေျပာျဖစ္ၾကတဲ႔အခါ၊သူငယ္ခ်င္းေတြနဲ႔အုပ္စုဖြဲ႔စကားေျပာေနတုန္း သူပါ၀င္လာတဲ႔ အခါ သူနဲ႔ကလူက်ီစယ္စကားအနည္းငယ္ေျပာဆုိပါ။ဒီလုိေျပာဆုိတာက

သင္ဟာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္တဲ႔သူတစ္ေယာက္အျဖစ္ သူ႔မ်က္စိထဲျမင္ေစသလုိ သင္နဲ႔စကားေျပာရ တာေပ်ာ္ရႊင္တဲ႔အတြက္အဲ႔ဒီေပ်ာ္ရႊင္မႈကုိသူကလက္လႊတ္ခံမယ္ မထင္ပါဘူး။သူ႔ဘက္က က်ီစယ္ေနာက္ေျပာင္တဲ႔အခါမွာလည္း ခပ္တည္တည္မေနပဲသူ႔ကိုျပန္ျပီး က်ီစယ္ေနာက္ေျပာင္ လိုက္တာကသင္တုိ႔ႏွစ္ေယာက္ၾကားမွာ နီးစပ္မႈအစပ်ိဳးလိုက္တာပါပဲ။



၆)ဆုိရွယ္မီဒီယာမွာ သူသတိထားမိေအာင္လုပ္ပါ။

ဒီေန႔ေခတ္ၾကီးထဲမွာေဖ့ဘြတ္ခ္မသံုးတဲ႔သူဆုိတာမရွိပါဘူး။တကယ္လုိ႔ သူ႔သူငယ္ခ်င္းတစ္ေယာက္ ေယာက္နဲ႔သူငယ္ခ်င္းျဖစ္ထားရင္ပုိျပီးေတာင္လြယ္ကူပါတယ္။သူ႔သူငယ္ခ်င္းေတြနဲ႔ရင္းရင္းႏွီးနွီးေနာက္ေျပာင္တဲ႔ေကာမန္႔ေတြ သူျမင္တဲ႔အခါ သင့္ကိုစျပီး add လာပါလိမ့္မယ္။ဒါဆုိရင္ သူစျပီးစကားလာေျပာ ဖုိ႔က မေ၀းေတာ့ပါဘူး။သူအြန္လိုင္းမွာအျမဲရွိတတ္တဲ႔အခိ်န္ေလာက္မွန္းျပီး သင္လည္းအြန္လိုင္းမွာရွိေနဖို႔ေတာ့လိုပါတယ္။


၇)တကယ္လို႔သူ႔ဘက္က စကားလာေျပာတဲ႔အခါ မလြဲေအာင္ဂရုစုိက္ပါ။

ဆုိလိုတာကေတာ့ သူ႔ဘက္ကစကားလာေျပာတဲ႔အခိ်န္နဲ႔ကပ္သီးေလး သင္မီးမစိမ္းသြားဖုိ႔ပါပဲ။ သူ႔ခမ်ာ အားတင္းျပီးစကားလာေျပာတာျဖစ္ေပမဲ႔သင့္ဘက္ကသူ႔စာကုိမျမင္တာ၊အြန္လိုင္းပိတ္သြား တာေတြျဖစ္သြားတဲ႔အခါသင္သူ႔ကိုစကားမေျပာခ်င္လုိ႔ေရွာင္သြားတယ္ထင္ပါလိမ့္မယ္။အဲ႔ဒါေၾကာင့္သူအြန္လိုင္းမွာရွိတဲ႔အခ်ိန္၊သင္လည္းရွိေနဖုိ႔လိုအပ္ပါတယ္။သူ႔ဘက္ကစာပို႔တဲ႔အခိ်န္ သင္က အြန္လုိင္းမွာရွိေပမဲ႔ ခ်က္ခ်င္းစာမျပန္ျဖစ္တာမ်ိဳး၊သူ႔စာေရာက္တဲ႔အခ်ိန္ သူ႔ကိုစာအရင္မျပန္ပဲ ေကာမန္႔ေတြ Rp ျပန္ေနတာမ်ိဳးသူသတိထားမိသြားရင္ေတာ့ ေရွ႔ဆက္ဖုိ႔အလားအလာက သိပ္မရွိႏုိင္ပါဘူး။အစေကာင္းမွအေႏွာင္းေသခ်ာဆိုတဲ႔ စကားလည္း ရွိတယ္မဟုတ္လား။


၀ိႈက္တင္း ေဘဘီတို႔ <3


Unicode


မိန်းကလေးတိုင်းမှာ ကိုယ်ကြိတ်သဘောကျနေတဲ့လူဆီက အရင်ဆုံးစကားလာပြောတာ၊ စာပို့တာကို ပိုပြီးလိုချင်တဲ့စိတ်မျိုးရှိကြပါတယ်။ကိုယ်ကတော့ သဘောကျပေမဲ့ အရင်ဆုံးစပြီး သွားမပြောချင်တဲ့စိတ်ကလေးကလည်းရှိနေပါသေးတယ်။သူ့ဘက်ကအရင်ဆုံးစကားလာပြောတာမျိုးလိုချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက သင့်အတွက်ကောင်းကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။


သင်သဘောကျနေတဲ့သူနဲ့ အပြင်မှာလူချင်းမြင်တွေ့ဖူးရင် ဒီနည်းလမ်းလေးတွေက ပိုပြီးအဆင်ပြေနိုင်ပါတယ်။ဥပမာ အလုပ်ခွင်မှာစတွေ့ကြတာဖြစ်စေ၊ကော်ဖီဆိုင်တစ်ဆိုင်မှာ အမြဲတွေ့နေကျဖြစ်စေ ဒီနည်းလမ်းတွေကိုသုံးပေးရင်သူ့ဘက်ကသင့်ကိုစပြီးဆက်သွယ် ဖို့ကြိုးစားလာပါလိမ့်မယ်။


၁)မျက်လုံးချင်းဆုံပြီး ပြုံးပြပါ။

ယောကျ်ားလေးတစ်ယောက်ဟာ သူနဲ့မျက်လုံးချင်းဆုံမိလို့အကြည့်လွွှဲသွားတဲ့မိန်းကလေးထက် မျက်လုံးချင်းဆုံရင်လွှဲမသွားပဲ ပြုံးပြတတ်တဲ့မိန်းကလေးတွေကို ပိုပြီးဖော်ရွေနှစ်လိုပါတယ်တဲ့။ တကယ်လို့ သင်သဘောကျတဲ့သူနဲ့မျက်လုံးချင်းဆုံမိတဲ့အခါ ရှောင်ဖို့မကြိုးစားပဲ ၅စက္ကန့်လောက်

မျက်လုံးချင်းဆုံကြည့်ပါ။ပြီးရင်တော့ အနည်းငယ်ပြုံးပြလိုက်ဖို့ပါပဲ။ဒါက သင့်ဘက်က သူ့ကိုစိတ်ဝင် စားကြောင်းအမူအရာနဲ့အရိပ်အမြွက်ပြောပြလိုက်တာလည်းဖြစ်ပါတယ်။


၂)ယုံကြည်မှုထားပါ။

ဘယ်အရာမဆို မျှော်လင့်ချက်ထားရင်အောင်မြင်မှုရနိုင်ပါတယ်။သင်သဘောကျနေတဲ့သူဆီက အရင်ဆုံးစကားလာပြောတာမျိုးဖြစ်စေချင်ရင် သင့်ဘက်က သွေးအေးပြီးကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိနေဖို့ကအရမ်းအရေးကြီးပါတယ်။


၃)သူ့ဘက်က သူငယ်ချင်းတွေနဲ့ရယ်ရယ်မောမောစကားပြောပါ။

ဒီအချက်ကတော့ သူ့ဘက်ကသူငယ်ချင်းတွေနဲ့ သင်သိထားတယ်ဆိုရင် သုံးနိုင်ဖို့ပါ။သဝန်တိုတယ် ဆိုတာ သိပ်ပြီးတော့မကောင်းလှပါဘူး။ဒါပေမဲ့တစ်ခါတစ်ရံကျတော့ အသုံးဝင်ပါတယ်။ သူ့သူငယ်ချင်းတွေ နဲ့ရယ်ရယ်မောမောစကားပြောပေးမယ်ဆိုရင် သူ့ဘက်က သင့်ကိုသတိတော့ ထားမိသွားမှာပါပဲ။သူ့ကိုကျတော့ ပလစ်ထားပြီး သူငယ်ချင်းတွေနဲ့ကျတော့ ရယ်မောနေတယ် ဆိုပြီးတော့ပေါ့။အဲ့ဒီအခါ သူ့ဘက်က သင်နဲ့ဆက်သွယ်ဖို့ကြိုးစားလာပါလိမ့်မယ်။

ဒါပေမဲ့လည်း ဒီအချက်ကသေချာမလုပ်နိုင်ရင်သူ့ဘက်ကအထင်အမြင်လွဲသွားနိုင်ပါတယ်။ တကယ်လို့သင့်ဘက်ကယုံကြည်ချက်မရှိဘူးဆိုရင်တော့မလုပ်တာအကောင်းဆုံးပါ။ မဟုတ်ရင် ဆက်ပြီးရှေ့ဆက်လို့မရပဲဖြစ်သွားပါလိမ့်မယ်။


၄)Body Language

အပြုအမူတွေက စကားလုံးတွေထက်ပိုပြီးစကားပြောတယ်ဆိုသလို သူ့ဘက်ကစပြီး စကားပြောတာ၊ဆက်သွယ်တာလိုချင်ရင် သင့်ဘက်ကအပြုအမူတွေကိုသတိထား သင့်ပါတယ်။တစ်ချို့အပြုအမူတွေကသူ့ကိုစိတ်မဝင်စားတဲ့သဘော၊ဂရုမစိုက်တဲ့သဘောမျိုးဖြစ်စေပါတယ်။တစ်နည်းအားဖြင့်သူ့ကိုရှေ့မဆက်နဲ့လို့ပြောတဲ့အပြုအမူတွေပေါ့။ဥပမာ သူနဲ့တွေ့ဆုံချိန်မှာ ဖုန်းကိုအချိန်ပြည့်ကြည့်နေတာမျိုး၊သူနဲ့သင့်ကြားမှာတစ်ခုခုအကာအရံ ထားလိုက်တာမျိုး စတာတွေကအထင်အမြင်လွဲစေနိုင်တဲ့အပြုအမူတွေပါ။


၅)ကလူကျီစယ်စကားဆိုပါ။

ကလူကျီစယ်တဲ့စကားအနည်းငယ်က ဘယ်သူ့ကိုမှမနာကျင်စေပါဘူး။ တကယ်လို့ သူနဲ့နှစ်ယောက်တည်းမဖြစ်မနေစကားပြောဖြစ်ကြတဲ့အခါ၊သူငယ်ချင်းတွေနဲ့အုပ်စုဖွဲ့စကားပြောနေတုန်း သူပါဝင်လာတဲ့ အခါ သူနဲ့ကလူကျီစယ်စကားအနည်းငယ်ပြောဆိုပါ။ဒီလိုပြောဆိုတာက

သင်ဟာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတစ်ယောက်အဖြစ် သူ့မျက်စိထဲမြင်စေသလို သင်နဲ့စကားပြောရ တာပျော်ရွှင်တဲ့အတွက်အဲ့ဒီပျော်ရွှင်မှုကိုသူကလက်လွှတ်ခံမယ် မထင်ပါဘူး။သူ့ဘက်က ကျီစယ်နောက်ပြောင်တဲ့အခါမှာလည်း ခပ်တည်တည်မနေပဲသူ့ကိုပြန်ပြီး ကျီစယ်နောက်ပြောင် လိုက်တာကသင်တို့နှစ်ယောက်ကြားမှာ နီးစပ်မှုအစပျိုးလိုက်တာပါပဲ။


၆)ဆိုရှယ်မီဒီယာမှာ သူသတိထားမိအောင်လုပ်ပါ။

ဒီနေ့ခေတ်ကြီးထဲမှာဖေ့ဘွတ်ခ်မသုံးတဲ့သူဆိုတာမရှိပါဘူး။တကယ်လို့ သူ့သူငယ်ချင်းတစ်ယောက် ယောက်နဲ့သူငယ်ချင်းဖြစ်ထားရင်ပိုပြီးတောင်လွယ်ကူပါတယ်။သူ့သူငယ်ချင်းတွေနဲ့ရင်းရင်းနှီးနှီးနောက်ပြောင်တဲ့ကောမန့်တွေ သူမြင်တဲ့အခါ သင့်ကိုစပြီး add လာပါလိမ့်မယ်။ဒါဆိုရင် သူစပြီးစကားလာပြော ဖို့က မဝေးတော့ပါဘူး။သူအွန်လိုင်းမှာအမြဲရှိတတ်တဲ့အချိန်လောက်မှန်းပြီး သင်လည်းအွန်လိုင်းမှာရှိနေဖို့တော့လိုပါတယ်။


၇)တကယ်လို့သူ့ဘက်က စကားလာပြောတဲ့အခါ မလွဲအောင်ဂရုစိုက်ပါ။

ဆိုလိုတာကတော့ သူ့ဘက်ကစကားလာပြောတဲ့အချိန်နဲ့ကပ်သီးလေး သင်မီးမစိမ်းသွားဖို့ပါပဲ။ သူ့ခမျာ အားတင်းပြီးစကားလာပြောတာဖြစ်ပေမဲ့သင့်ဘက်ကသူ့စာကိုမမြင်တာ၊အွန်လိုင်းပိတ်သွား တာတွေဖြစ်သွားတဲ့အခါသင်သူ့ကိုစကားမပြောချင်လို့ရှောင်သွားတယ်ထင်ပါလိမ့်မယ်။အဲ့ဒါကြောင့်သူအွန်လိုင်းမှာရှိတဲ့အချိန်၊သင်လည်းရှိနေဖို့လိုအပ်ပါတယ်။သူ့ဘက်ကစာပို့တဲ့အချိန် သင်က အွန်လိုင်းမှာရှိပေမဲ့ ချက်ချင်းစာမပြန်ဖြစ်တာမျိုး၊သူ့စာရောက်တဲ့အချိန် သူ့ကိုစာအရင်မပြန်ပဲ ကောမန့်တွေ Rp ပြန်နေတာမျိုးသူသတိထားမိသွားရင်တော့ ရှေ့ဆက်ဖို့အလားအလာက သိပ်မရှိနိုင်ပါဘူး။အစကောင်းမှအနှောင်းသေချာဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။


၀ိှုက်တင်း ဘေဘီတို့ <3



ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။