contents

သတင္းမ်ား

တစ္ေယာက္အတြက္တစ္ေယာက္အရွိမျဖစ္လုိအပ္ေနတဲ႔ခ်စ္သူေတြဆိုတာ

ေန႔ရက္:
Apr 15, 2018


အမ်ိဳးအစား :
ေန႔စဥ္ဘ၀
Trend Myanmar

လူတစ္ေယာက္ကိုျကိုက္ရ ခ်စ္ရတာမခက္ေပမဲ႔ ဒီလူတစ္ေယာက္လံုးဟာ ကုိယ႔္ဘ၀အတြက္မပါမျဖစ္ဆိုတဲ႔စိတ္မ်ိဳးျဖစ္ဖို႕ဆိုတာမလြယ္ေလာက္ပါဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ရံုျကိုက္ရံုတင္မကပဲတစ္ေယာက္အတြက္တစ္ေယာက္ မရွိမျဖစ္လိုအပ္တဲ႔ခ်စ္သူေတြဆိုတာ ဘယ္လိုခ်စ္သူမ်ိဳးေတြလဲဆိုတာ...

(၁) တစ္ေယာက္အားနည္းခ်က္ကိုတစ္ေယာက္နားလည္နုိင္သူ

လူတိုင္းမွာ အေမွာင္ျခမ္းနဲ႕အလင္းျခမ္းဆိုတာရွိျပီသားပါ။ လူေတာ္ေတာ္မ်ားမ်ားဟာ အမ်ားျမင္သာတဲ႔ကိုယ္႔ရဲ႕အလင္းျခမ္း ရွင္းရွင္းေျပာရရင္ကိုယ္႔ရဲ႕ေကာင္းကြက္ေတြကိုသေဘာက်နွစ္ျခိဳက္တတ္ျကပါလိမ္႔မယ္။ ဒါေပမဲ႔ တစ္ျခားတစ္ဖက္မွာရွိတဲ႔ကိုယ္႔ရဲ႕အေမွာင္ျခမ္းတစ္နည္းအားျဖင္႔ ကိုယ္႔ရဲ႕အားနည္းခ်က္ေတြကုိ လက္ခံေပးဖို႕ျကေတာ႔တြန္႕ဆုတ္တတ္ျကပါတယ္။ ဒီလိုလူတကာ ျကိုက္ဖို႕ခံယဥ္းလွတဲ႔ကိုယ္႔ဘ၀ရဲ႕အေမွာင္ျခမ္းကိုေတာင္လက္ခံအားေပးနိုင္မဲ့သူမ်ိဳး နဲ႕ခ်စ္သူျဖစ္ေနျပီဆုိရင္ေတာ႔ ဒီလူတစ္ေယာက္ဟာ ကိုယ္႔ဘ၀အတြက္ မရွိမျဖစ္လိုအပ္တဲ႔ သူတစ္ေယာက္ျဖစ္ေနပါျပီ။

(၂) အခက္ခဲတိုင္းကိုအတူတူျကိုးစားျဖတ္ေက်ာ္သူ

တစ္ေယာက္ေပၚတစ္ေယာက္မရွိမျဖစ္လိုအပ္တဲ႔ခ်စ္သူေတြဆိုတာ သာတဲ႔ခ်ိန္သာတူတူေနျကျပီးနာက်င္ရတဲ႔ အခ်ိန္ခက္ခဲေနရတဲ႔အခ်ိန္ေတြမွာ ေတာင္တစ္ေယာက္နားကတစ္ေယာက္ခြာဖို႕၀န္မေလးျကပါဘူး။ တစ္ခါတစ္ရံေပ်ာ္စရာေတြျကီးပဲရွိေနျပီးျပည္႔စံုေနျကတဲ႔ အတြဲေတြဟာ တကယ္တန္း

ခက္ခဲျကပ္တည္းတဲ႔ ဘ၀အခ်ိဳးေကြ႕ေတြေရာက္တဲ႔ အခါ မတြန္းလွန္နုိင္တာမ်ိဳးေတြသည္းမခံနိုင္တာမ်ိဳးေတြျဖစ္သြားတတ္ျကပါတယ္။

(၃) ဘယ္လိုရုပ္ပိုင္းဆိုင္ရာေျပာင္းလဲမႈပဲျဖစ္ျဖစ္အခ်င္းခ်င္းလက္ခံနုိ္င္သူ

တစ္ေယာက္ေပၚတစ္ေယာက္တကယ္ခ်စ္တဲ႔စံုတြဲတိုင္းဟာ အျပင္ရုပ္ပိုင္းဆိုင္ရာဘယ္လုိေျပာင္းလဲေျပာင္းလဲသူတုိ႕အတြက္ေတာ႔ထူးျခားမႈမရွိပါဘူး။ စျကိုက္တုန္းေလာက္မလွလုိ႕ စျကိုက္တုန္းကေလာက္ျကည္႔မေကာင္းလို႕ဆိုတာမ်ိဳးေတြတစ္ေယာက္ေပၚတစ္ေယာက္မရွိတတ္ျကပဲ

တစ္ေယာက္ကိုတစ္ေယာက္ဘယ္အခ်ိန္ျကည္႔ျကည္႔ေအးခ်မ္းျပီး ခ်စ္စရာေကာင္းတယ္လုိ႔ခံစားမိေနတတ္ျကသူေတြပါ။

(၄) အခ်ိန္ျကာေတာင္မေျပာင္းလဲသူ

တစ္ေယာက္ေပၚတစ္ေယာက္တကယ္လိုအပ္တဲ႔သူေတြဟာ အခ်ိန္ေတြနာရီေတြေျပာင္းလဲျပီး တစ္ေယာက္နဲ႔တစ္ေယာက္အေ၀းမွာေနခဲ႔ရရင္ေတာင္ကိုယ္႔ခ်စ္သူကလြဲလို႕တစ္ျခားသူကိုစိတ္ထဲသြင္းလို႕လံုး၀မရတာေျကာင္႔ ေဖာက္ျပန္ဖို႕စိတ္ကစားမိဖို႕ဆိုတာေ၀းလာေ၀းပါ။

(၅) အနာဂတ္Planတိုင္းမွာထည္႔သြင္းစဥ္းစားသူ

တစ္ေယာက္ရဲ႕စိတ္ကူးအနာဂတ္တိုင္းမွာတစ္ေယာက္ပါျပီး တစ္ေယာက္ရဲ႕အနာဂတ္ေရွ႕ေရးေတအထဲမွာတစ္ေယာက္ပါျပီ ဆိုရင္ေတာ႔ေသခ်ာပါျပီ ဒီအတြဲဟာ တစ္ေယာက္မရွိရင္တစ္ေယာက္မျဖစ္ တစ္ေယာက္ကိုတစ္ေယာက္တကယ္လိုအပ္တဲ႔အတြဲျဖစ္ေနပါျပီ။

တြဲဖုိ႕လြယ္ ျကိုက္ဖို႕လြယ္ ခ်စ္ဖို႕လြယ္သလို ကြဲဖို႕လည္းလြယ္ကူတဲ႕ေခတ္အေျခေနျကီးမွာ ကိုယ္႔ဆီမွာ လက္မလႊတ္သင္႔တဲ႔ တစ္ေယာက္ကိုတစ္ေယာက္တကယ္လုိအပ္တဲ႔ခ်စ္သူမ်ိဳးရွိေနျပီဆိုရင္ေတာ႔ သင္တကယ္ကံေကာင္းတဲ႔သူျဖစ္ေနပါျပီ…


Unicode


လူတစ်ယောက်ကိုကြိုက်ရ ချစ်ရတာမခက်ပေမဲ့ ဒီလူတစ်ယောက်လုံးဟာ ကိုယ့်ဘဝအတွက်မပါမဖြစ်ဆိုတဲ့စိတ်မျိုးဖြစ်ဖို့ဆိုတာမလွယ်လောက်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ချစ်ရုံကြိုက်ရုံတင်မကပဲတစ်ယောက်အတွက်တစ်ယောက် မရှိမဖြစ်လိုအပ်တဲ့ချစ်သူတွေဆိုတာ ဘယ်လိုချစ်သူမျိုးတွေလဲဆိုတာ…

(၁) တစ်ယောက်အားနည်းချက်ကိုတစ်ယောက်နားလည်နိုင်သူ

လူတိုင်းမှာ အမှောင်ခြမ်းနဲ့အလင်းခြမ်းဆိုတာရှိပြီသားပါ။ လူတော်တော်များများဟာ အများမြင်သာတဲ့ကိုယ့်ရဲ့အလင်းခြမ်း ရှင်းရှင်းပြောရရင်ကိုယ့်ရဲ့ကောင်းကွက်တွေကိုသဘောကျနှစ်ခြိုက်တတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ကိုယ့်ရဲ့အမှောင်ခြမ်းတစ်နည်းအားဖြင့် ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံပေးဖို့ကြတော့တွန့်ဆုတ်တတ်ကြပါတယ်။ ဒီလိုလူတကာ ကြိုက်ဖို့ခံယဉ်းလှတဲ့ကိုယ့်ဘဝရဲ့အမှောင်ခြမ်းကိုတောင်လက်ခံအားပေးနိုင်မဲ့သူမျိုး နဲ့ချစ်သူဖြစ်နေပြီဆိုရင်တော့ ဒီလူတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။

(၂) အခက်ခဲတိုင်းကိုအတူတူကြိုးစားဖြတ်ကျော်သူ

တစ်ယောက်ပေါ်တစ်ယောက်မရှိမဖြစ်လိုအပ်တဲ့ချစ်သူတွေဆိုတာ သာတဲ့ချိန်သာတူတူနေကြပြီးနာကျင်ရတဲ့ အချိန်ခက်ခဲနေရတဲ့အချိန်တွေမှာ တောင်တစ်ယောက်နားကတစ်ယောက်ခွာဖို့ဝန်မလေးကြပါဘူး။ တစ်ခါတစ်ရံပျော်စရာတွေကြီးပဲရှိနေပြီးပြည့်စုံနေကြတဲ့ အတွဲတွေဟာ တကယ်တန်း

ခက်ခဲကြပ်တည်းတဲ့ ဘဝအချိုးကွေ့တွေရောက်တဲ့ အခါ မတွန်းလှန်နိုင်တာမျိုးတွေသည်းမခံနိုင်တာမျိုးတွေဖြစ်သွားတတ်ကြပါတယ်။

(၃) ဘယ်လိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုပဲဖြစ်ဖြစ်အချင်းချင်းလက်ခံနို်င်သူ

တစ်ယောက်ပေါ်တစ်ယောက်တကယ်ချစ်တဲ့စုံတွဲတိုင်းဟာ အပြင်ရုပ်ပိုင်းဆိုင်ရာဘယ်လိုပြောင်းလဲပြောင်းလဲသူတို့အတွက်တော့ထူးခြားမှုမရှိပါဘူး။ စကြိုက်တုန်းလောက်မလှလို့ စကြိုက်တုန်းကလောက်ကြည့်မကောင်းလို့ဆိုတာမျိုးတွေတစ်ယောက်ပေါ်တစ်ယောက်မရှိတတ်ကြပဲ

တစ်ယောက်ကိုတစ်ယောက်ဘယ်အချိန်ကြည့်ကြည့်အေးချမ်းပြီး ချစ်စရာကောင်းတယ်လို့ခံစားမိနေတတ်ကြသူတွေပါ။

(၄) အချိန်ကြာတောင်မပြောင်းလဲသူ

တစ်ယောက်ပေါ်တစ်ယောက်တကယ်လိုအပ်တဲ့သူတွေဟာ အချိန်တွေနာရီတွေပြောင်းလဲပြီး တစ်ယောက်နဲ့တစ်ယောက်အဝေးမှာနေခဲ့ရရင်တောင်ကိုယ့်ချစ်သူကလွဲလို့တစ်ခြားသူကိုစိတ်ထဲသွင်းလို့လုံးဝမရတာကြောင့် ဖောက်ပြန်ဖို့စိတ်ကစားမိဖို့ဆိုတာဝေးလာဝေးပါ။

(၅) အနာဂတ်Planတိုင်းမှာထည့်သွင်းစဉ်းစားသူ

တစ်ယောက်ရဲ့စိတ်ကူးအနာဂတ်တိုင်းမှာတစ်ယောက်ပါပြီး တစ်ယောက်ရဲ့အနာဂတ်ရှေ့ရေးတေအထဲမှာတစ်ယောက်ပါပြီ ဆိုရင်တော့သေချာပါပြီ ဒီအတွဲဟာ တစ်ယောက်မရှိရင်တစ်ယောက်မဖြစ် တစ်ယောက်ကိုတစ်ယောက်တကယ်လိုအပ်တဲ့အတွဲဖြစ်နေပါပြီ။

တွဲဖို့လွယ် ကြိုက်ဖို့လွယ် ချစ်ဖို့လွယ်သလို ကွဲဖို့လည်းလွယ်ကူတဲ့ခေတ်အခြေနေကြီးမှာ ကိုယ့်ဆီမှာ လက်မလွှတ်သင့်တဲ့ တစ်ယောက်ကိုတစ်ယောက်တကယ်လိုအပ်တဲ့ချစ်သူမျိုးရှိနေပြီဆိုရင်တော့ သင်တကယ်ကံကောင်းတဲ့သူဖြစ်နေပါပြီ…


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။