Lotayamm

search
မာတိကာ

contents

သတင်းများ

ရည်းစားမရှိရင်မနေတတ်သူတွေဆိုတာ

နေ့ရက်:
Apr 15, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

ပြောရရင်တော့ Player တွေပေါ့။ သူတို့ကရည်းစားမရှိရင်မနေတတ်ဘူးဆိုတာ ကားပိုင်တဲ့သူကကားမရှိပဲမနေတတ်သလိုပါပဲ။အနားမှာတစ်ယောက်ယောက်ရှိနေဖို့က သူတို့ရဲ့မဟာလိုအပ်ချက်ကြီးတစ်ခုဖြစ်နေတတ်ပါတယ်။ဒါကြောင့်ရည်းစားကြာကြာမမြဲပါဘူး။တစ်ယောက်ယောက်နဲ့ပြတ်ပြီးသွားရင်လည်း အချိန်မဆိုင်းပဲ ချက်ချင်းကိုနောက်တစ်ယောက်ရသွားတတ်သူတွေပါ။ ဘယ်သူဆိုတာကအရေးမကြီးဘူးလေ အရေးကြီးတာက တစ်ယောက်ယောက်အနားမှာရှိနေဖို့ပဲမဟုတ်လား။ဒီိလိုလူမျိုးတွေက အသိညဏ်ပညာနုံ့နဲ့တဲ့အပြင် ဆင်ခြင်တုံတရားလည်းသိပ်ပြီးမရှိသူတွေပါ။ဘဝမှာဘယ်အရာကိုမှသိပ်ပြီးအလေးထားတတ်သူတွေမဟုတ်ပဲသူအဆင်ပြေစေဖို့ပဲ ရှေ့တန်းတင်တွေးတောတတ်သူတွေဖြစ်တာကြောင့် ဘယ်တော့မှယောင်ယမ်းပြီးမပက်သက်မိဖို့သတိကြီးကြီးထားသင့်တဲ့လူမျိုးတွေပါ။ ဒါကြောင့် သင့်ကိုချဉ်းကပ်လာတဲ့သူဟာ ရည်းစားမရှိပဲမနေတတ်တဲ့သူဟုတ်မဟုတ် လေ့လာအကဲဖြတ်ဖို့အတွက် ရည်းစားလက်မဲ့မနေတတ်သူတွေရဲ့ ဝိသေသလက္ခဏာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


 


သူတို့က ကပ်တွယ်တတ်တယ်



ကပ်တွယ်တယ်ဆိုတာ အသည်းအသန်ချစ်ပြတာကိုခေါ်ပါတယ်။အဲ့ဒီ့ရည်းစားမှမရှိရင်မနေတတ်တော့သလို.. လမ်းခွဲပေးလိုက်ရရင် သူတို့ရဲ့ကမ္ဘာကြီးပျက်သုဉ်းမှောင်မိုက်သွားတော့မလိုလို၊ခုချက်ချင်းပဲ suicide လုပ်လိုက်တော့မလိုလိုတွေဟန်ဆောင်တတ်ကြပါတယ်။တစ်စုံတစ်ယောက်နဲ့ချစ်သူဖြစ်နေချိန်မှာဆိုလည်းအဲ့ဒီိ့လူမှတစ်ပါးအခြားမရှိ သိပ်ချစ်၊အသည်းအသန်ချစ်မတရားချစ်၊မဟားတရားချစ်ဆိုတဲ့ပုံမျိုးဖမ်းတတ်ကြပါတယ်။


 


ခံစားပေါက်ကွဲပြတတ်ကြတယ်



သင့်ကိုတစ်စုံတစ်ယောက်ကလာချဉ်းကပ်တဲ့အခါ သင်လုပ်သင့်တဲ့အရာကတော့ သူတို့ရဲ့အရင်ရည်းစားတွေနဲ့တုန်းက ဘယ်လိုနေခဲ့သလဲဆိုတာလေ့လာဖို့ပါပဲ။ခုလို Facebook တွေ Instagram တွေအသုံးတွင်ကျယ်နေတဲ့ခေတ်ကြီးမှာ သူတို့အရင်ရည်းစားနဲ့တုန်းက Status တွေ Photo တွေကိုရှာကြည့်ဖို့က ဘာမှခက်ခဲမယ်မဟုတ်ပါဘူး။သူက ရည်းစားနဲ့ရန်ဖြစ်ချိန်မှာ သိပ်ကိုခံစားနေရကြောင်း သူကဘယ်လိုချစ်တာနားလည်ပေးတာကို သူ့ရည်းစားကဘယ်လိုဆိုးကြောင်းတွေ လူမှုကွန်ယက်ပေါ်မှာတင်လေ့ရှိတယ်ဆိုရင်တော့ သတိထားပါတော့။အဲ့ဒါဟာ သင်သူ့ကိုပြန်ကြိုက်လိုက်ရင်ဖြစ်လာမယ့်သင့်ရဲ့အနာဂတ်ဖြစ်နေတာကြောင့်ပါပဲ။


 


Single is the best,No girlfriend – no problem စတဲ့ စာတန်းပါ ဦးထုပ်တွေ အဝတ်အစားတွေသူ့မှာရှိတယ်



အဲ့ဒါနဲ့ဓာတ်ပုံတွေဘာတွေရိုက်ပြီး Social Media တွေပေါ်တင်မယ်။ပြီးတော့ရည်းစားရသွားရင်လည်းအဲ့ဒါတွေကို သူက စွန့်ပစ်မယ်မဟုတ်ပါဘူး။ရည်းစားနဲ့ပြတ်သွားရင် အချိန်မရွေးပြန်ဝတ်ပြီး Single ဖြစ်ကြောင်းကြော်ငြာရဦးမှာလေ။


 


မှီခိုလွန်းတယ်



သူတို့က ရည်းစားထားပြီး ရည်းစားကိုအမေလိုသဘောထားတတ်သူတွေပါ။ သူတို့ကိုအစစအရာရာလိုက်ပြီးဂရုစိုက်ပြုလုပ်ပေးနေတတ်တဲ့ရည်းစားကိုပဲထားတတ်ကြပါတယ်။အဲ့ဒီ့ရည်းစားနဲ့ပြတ်သွားခဲ့ရင်လည်း နောက်ထပ်ရည်းစားတစ်ယောက်ကို အဲ့လိုလူမျိုးကိုပဲလိုက်ရှာပြီိးထားတတ်ကြတာပါ။သူတို့ရဲ့လက်သုံးစကားက ဟိုဟာလေးတော့လုပ်ပေးပါဦး၊ဒါလေးကူညီပါဦးဆိုတာမျိုးတွေပါ။ ပိုက်ဆံမကုန်ပဲ အိမ်အကူတစ်ယောက်ငှားထားတဲ့နည်းလမ်းဆိုပါတော့။


 


စိတ်အခြေခံဆိုးရွားတယ်


သူတို့က သင်နဲ့ချစ်သူဖြစ်သွားခဲ့ရင် အပြင်ပန်းသာချစ်သယောင်ဟန်ဆောင်နေပြီိး သင့်ဘက်ကသူ့ကိုဂရုစိုက်ဖို့ပျက်ကွက်တဲ့အခါဖြစ်စေ သင်နဲ့ကတောက်ကဆဖြစ်တဲ့အခါဖြစ်စေ အခြားသူတွေကိုတိုင်တည်ပြောဆိုပြီး သူတို့အပြစ်ကိုသင့်အပြစ်ဖြစ်အောင်လုပ်ဖို့ဝန်မလေးမယ့်သူတွေပါ။ ဒီလိုလူမျိုးနဲ့တွဲပြီးပြတ်သွားခဲ့ရမယ်ဆိုရင်တော့ သင့်မှာပတ်ဝန်းကျင်မှာ ယုတ်မာဆိုးရွားတဲ့အမြင်နဲ့ကျန်ခဲ့ရမှာဖြစ်ပြီး သူကပဲ အပြစ်ကင်းစင်သနားစရာကောင်းသူလေးအသွင်နဲ့နေခဲ့မှာလည်းဖြစ်ပါသေးတယ်။မပြတ်ဘူးဆိုပြန်တော့လည်း အမျိုးမျိုးစိတ်ဆင်းရဲအောင်လုပ်နေမှာပဲလေ။ ဒါကြောင့် ဒီလိုစိတ်အခြေခံဆိုးရွားပြီးအခြေခံလူ့ကျင့်ဝတ်မရှိတဲ့သူတွေနဲ့ အနည်းဆုံးခြောက်ပေအကွာကရှောင်တာကောင်းပါတယ်။


 


ရည်းစားမရှိရင်မနေတတ်တဲ့ရည်းစားလက်မဲ့တွေကို ရိပ်မိသိရှိပြီးကြိုတင်ရှောင်ရှားနိုင်ကြပါစေ။


 


Unicode Format




 






 






 






 






 








နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။