Lotayamm

search
မာတိကာ

contents

သတင္းမ်ား

ေသာကေရာက္ေနတဲ႔သူကိုအားေပးတဲ႔အခါ

ေန႔ရက္:
Apr 15, 2018


အမ်ိဳးအစား :
ေန႔စဥ္ဘ၀
Trend Myanmar

ပတ္၀န္းက်င္အသိုင္း၀ိုင္းမွာလည္း အားေပး နွစ္သိမ္႔ျခင္းဆိုတာ မရွိမျဖစ္အေရးပါအရာေရာက္တဲ႔ အရာတစ္ခုပါပဲ။ ကိုယ္႔သူငယ္ခ်င္းေတြျကားကိုယ္႔ေဆြမ်ိဳးသားခ်င္းေတြ မိတ္ေဆြေတြျကားထဲက စိတ္ေသာကေရာက္ေနတဲ႔သူေတြနဲ႕ဆံုတဲ႔အခါ ဘယ္လိုနည္းလမ္းေကာင္းေတြနဲ႕အားေပးနွစ္သိမ္႔သင္႔သလဲဆိုတာ…

(၁) စိတ္ေသာကေရာက္ရျခင္းရဲ႕အေျကာင္းကိုနားလည္ေအာင္လုပ္ပါ

စိတ္ညစ္ျပီးေသာကေရာက္ေနတဲ႔သူဟာ ဘာေျကာင္းေျကာင္႔ ဘယ္လိုခံစားေနရျပီး ဘယ္လိုေသာကမ်ားေနတယ္ဆိုတာကိုသိေအာင္အရင္လုပ္ပါ။ဒါမွသူစိတ္ညစ္တဲ႔ အေျကာင္းနဲ႕ပတ္သတ္ျပီးကိုယ္႔ဘက္ကဘယ္လိုနွစ္သိမ္႔စကားမ်ိဳးေျပာေပးနိုင္မယ္ဆိုတာကို စဥ္းစားလို႕ရမွာပါ။ တစ္ခါတေလ

အေျကာင္းအရာကို ေသခ်ာမသိပဲ ကူညီလိုစိတ္နဲ႕နွစ္သိမ္႔စကားေျပာရင္းကေနပိုဆိုးတဲ႔ေျခေနျဖစ္တတ္တာေတြလည္းရွိနိုင္တာမို႕အေျကာင္းရာကိုေသခ်ာသိပါေစ။

(၂) ကိုယ္ခံစားဖူးတာနဲ႕တူရင္ မေတြ႕ျကံုေတြမ်ွေ၀ရင္းကိုယ္ပါခံစားလုိက္ပါ

သူစိတ္ညစ္ေသာကေရာက္ေနတဲ႔အေျကာင္းအရာမ်ိဳးကိုယ္႔ပတ္၀န္းက်င္မွာ ဒါမွမဟုတ္ကိုယ္ကိုယ္တုိုင္ျဖစ္ဘူးတာမ်ိဳးဆိုရင္ ကိုယ္႔တုန္းက အျဖစ္ပ်က္ေတြကိုSharing လုပ္ရင္း ကိုယ္ပါသူနဲ႕အတူတူ လုိက္ေရာျပီးခဏတာခံစားေပးလိုက္ပါ။ တစ္ေယာက္တည္းေသာကမ်ားေနတာထက္ေျပာရင္းဆိုရင္းမေဖာ္နဲ႕ခံစားရတာပိုေနသာပါတယ္။

(၃) ေကာင္းတဲ႔ဘက္ကေတြးဖုိ႕တိုက္တြန္းပါ

ျဖစ္ပ်က္ခဲ႔တဲ႔ေသာကေတြနဲ႕ပတ္သတ္ျပီး အေကာင္းဘက္ကေနျကည္႔ေပးျပီးး ဘယ္လို အေကာင္းဆံုးျမင္ေပးရင္ေကာင္းမယ္ဆုိတာမ်ိဳးတိုက္တြန္းပါ။ မီးေလာင္ရာေလပင္႔သလို ပို၀မ္းနည္းေအာင္မ်ိဳးမလုပ္ပဲ ျဖစ္လာတဲ႔ေသာကေတြ မျကာခင္ျပီးဆံုးသြားမွာပါ ဆိုတဲ႔ စိတ္မိ်ဳး ၀င္လာေအာင္တြန္းအားေပးပါ။

(၄) အျဖစ္ပ်က္ေတြသာဓကေတြနဲ႕ဥပမာေပးပါ

သူခံစားေနရတဲ႔ေသာကမ်ိဳးေတြကို ခံစားဖူးတဲ႔သူေတြကို ဥပမာျပျပီးသူတို႕ေတာင္အခုဆို ဘယ္လိုျပန္ရပ္တည္ေနျကတာဆိုတာမ်ိဳး၊ ဘယ္လိုေျဖရွင္းလုိက္ရင္အဆင္ေျပမွာပါဆိုတာမ်ိဳး ေနာင္နွစ္အနည္းငယ္ျကာရင္ အခုခံစားေနရတာေတြက ျပန္ေတြးရင္းျပံဳးစရာျဖစ္ေနမယ္ဆိုတာမ်ိဳးေျပာျပီးအားေပးေပးပါ။

(၅) စိတ္ေတြျပန္လည္ရွင္သန္လာေအာင္ဆြဲေတာင္ပါ

ဒီေသာကျကားေတြကလြတ္ေျမာက္တဲ႔စကားမ်ိဳးေတြ ေျပာေပးပါ။ အတူတူလုပ္လုိ႕ရတဲ႔စိတ္လြတ္ကိုယ္လြတ္ေပ်ာ္စရာေတြကို အတူတူလုိုက္ေပ်ာ္လိုက္လုပ္ေပးပါ။ စိတ္ပိုင္းဆိုင္ရာတင္ မကပဲ ရုပ္ပိုင္းဆုိင္ရာပါ ပိုျပီးလန္းဆန္းလာေအာင္ စိတ္ျကည္နူးစရာ ေပ်ာ္ရႊင္စရာေတြကိုသူ႕ေရွ႕ခဏခဏေရာက္ေအာင္ဖန္တီးေပးျပီးေလာကမွာဒီလိုေပ်ာ္စရာေတြလည္းရွိလာတယ္ဆိုတာကိုသိျမင္လာေအာင္လုပ္ေပးပါ။


Unicode


ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာလည်း အားပေး နှစ်သိမ့်ခြင်းဆိုတာ မရှိမဖြစ်အရေးပါအရာရောက်တဲ့ အရာတစ်ခုပါပဲ။ ကိုယ့်သူငယ်ချင်းတွေကြား

ကိုယ့်ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေကြားထဲက စိတ်သောကရောက်နေတဲ့သူတွေနဲ့ဆုံတဲ့အခါ ဘယ်လိုနည်းလမ်းကောင်းတွေနဲ့အားပေးနှစ်သိမ့်သင့်သလဲဆိုတာ…

(၁) စိတ်သောကရောက်ရခြင်းရဲ့အကြောင်းကိုနားလည်အောင်လုပ်ပါ

စိတ်ညစ်ပြီးသောကရောက်နေတဲ့သူဟာ ဘာကြောင်းကြောင့် ဘယ်လိုခံစားနေရပြီး ဘယ်လိုသောကများနေတယ်ဆိုတာကိုသိအောင်အရင်လုပ်ပါ။

ဒါမှသူစိတ်ညစ်တဲ့ အကြောင်းနဲ့ပတ်သတ်ပြီးကိုယ့်ဘက်ကဘယ်လိုနှစ်သိမ့်စကားမျိုးပြောပေးနိုင်မယ်ဆိုတာကို စဉ်းစားလို့ရမှာပါ။ တစ်ခါတလေအကြောင်းအရာကို သေချာမသိပဲ ကူညီလိုစိတ်နဲ့နှစ်သိမ့်စကားပြောရင်းကနေပိုဆိုးတဲ့ခြေနေဖြစ်တတ်တာတွေလည်းရှိနိုင်တာမို့အကြောင်းရာကိုသေချာသိပါစေ။

(၂) ကိုယ်ခံစားဖူးတာနဲ့တူရင် မတွေ့ကြုံတွေမျှဝေရင်းကိုယ်ပါခံစားလိုက်ပါ

သူစိတ်ညစ်သောကရောက်နေတဲ့အကြောင်းအရာမျိုးကိုယ့်ပတ်ဝန်းကျင်မှာ ဒါမှမဟုတ်ကိုယ်ကိုယ်တိုုင်ဖြစ်ဘူးတာမျိုးဆိုရင် ကိုယ့်တုန်းက အဖြစ်ပျက်တွေကိုSharing လုပ်ရင်း ကိုယ်ပါသူနဲ့အတူတူ လိုက်ရောပြီးခဏတာခံစားပေးလိုက်ပါ။ တစ်ယောက်တည်းသောကများနေတာထက်ပြောရင်းဆိုရင်းမဖော်နဲ့ခံစားရတာပိုနေသာပါတယ်။

(၃) ကောင်းတဲ့ဘက်ကတွေးဖို့တိုက်တွန်းပါ

ဖြစ်ပျက်ခဲ့တဲ့သောကတွေနဲ့ပတ်သတ်ပြီး အကောင်းဘက်ကနေကြည့်ပေးပြီးး ဘယ်လို အကောင်းဆုံးမြင်ပေးရင်ကောင်းမယ်ဆိုတာမျိုးတိုက်တွန်းပါ။ မီးလောင်ရာလေပင့်သလို ပိုဝမ်းနည်းအောင်မျိုးမလုပ်ပဲ ဖြစ်လာတဲ့သောကတွေ မကြာခင်ပြီးဆုံးသွားမှာပါ ဆိုတဲ့ စိတ်မျိုး ဝင်လာအောင်တွန်းအားပေးပါ။

(၄) အဖြစ်ပျက်တွေသာဓကတွေနဲ့ဥပမာပေးပါ

သူခံစားနေရတဲ့သောကမျိုးတွေကို ခံစားဖူးတဲ့သူတွေကို ဥပမာပြပြီးသူတို့တောင်အခုဆို ဘယ်လိုပြန်ရပ်တည်နေကြတာဆိုတာမျိုး၊ ဘယ်လိုဖြေရှင်းလိုက်ရင်အဆင်ပြေမှာပါဆိုတာမျိုး နောင်နှစ်အနည်းငယ်ကြာရင် အခုခံစားနေရတာတွေက ပြန်တွေးရင်းပြုံးစရာဖြစ်နေမယ်ဆိုတာမျိုးပြောပြီးအားပေးပေးပါ။

(၅) စိတ်တွေပြန်လည်ရှင်သန်လာအောင်ဆွဲတောင်ပါ

ဒီသောကကြားတွေကလွတ်မြောက်တဲ့စကားမျိုးတွေ ပြောပေးပါ။ အတူတူလုပ်လို့ရတဲ့စိတ်လွတ်ကိုယ်လွတ်ပျော်စရာတွေကို အတူတူလိုုက်ပျော်လိုက်လုပ်ပေးပါ။ စိတ်ပိုင်းဆိုင်ရာတင် မကပဲ ရုပ်ပိုင်းဆိုင်ရာပါ ပိုပြီးလန်းဆန်းလာအောင် စိတ်ကြည်နူးစရာ ပျော်ရွှင်စရာတွေကိုသူ့ရှေ့ခဏခဏရောက်အောင်ဖန်တီးပေးပြီးလောကမှာဒီလိုပျော်စရာတွေလည်းရှိလာတယ်ဆိုတာကိုသိမြင်လာအောင်လုပ်ပေးပါ။


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။