contents

သတင်းများ

တကယ်ရှိမရှိအငြင်းပွားနေကြဆဲ ဒဏ္ဍာရီလာ သတ္တဝါကြီးများအကြောင်း

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

လောကမှာ တစ်ချို့အရာတွေက ရှိနေပေမယ့်လည်း မမြင်ရသလို၊ မမြင်ရတိုင်းလည်း မရှိဘူးလို့ ပြောလို့မရတာတွေ အများကြီးပါပဲ။ အခုလည်း တကယ်ရှိ၊ မရှိသေသေချာချာ မပြောနိုင်ပဲ အငြင်းပွားနေကြဆဲ ဒဏ္ဍာရီလာသတ္တဝါတွေ ရှိနေပါတယ်။ သင်ရော တကယ်ရှိမယ်လို့ ထင်ပါသလား။ သင်သိတဲ့ အကြောင်းလေးတွေကိုလည်း မျှဝေပေးခဲ့ပါဦး။


(၁) ဇာမဏီငှက်



ဇာမဏီငှက်ဟာ သူ့ရဲ့ထည်ဝါလှပမှုကြောင့် နာမည်ကျော်ကြားတဲ့ ငှက်ဖြစ်ပါတယ်။ သူ့ရဲ့ဇစ်မြစ်ကတော့ တိတိကျကျမသိရပေမယ့် ဂရိ၊ အီဂျစ်နဲ့ အိန္ဒိယဖက်က စတင်ခဲ့တာဖြစ်ပါတယ်။ သူဟာ မီးလျှံနဲ့တောက်ပနေပြီး ဘုန်းကြီးခြင်းကို ကိုယ်စားပြုတဲ့ ငှက်တစ်မျိုးဖြစ်ပါတယ်။ သူဟာ နေနတ်မင်းကြီး ရာ နဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတယ်လို့လည်း ဆိုကြပါတယ်။ တစ်ချို့ကလည်းသူဟာ တစ်လောကလုံးမှာ တစ်ကောင်ပဲရှိတယ်၊ ဘယ်တော့မှမသေတော့သလို နှစ်တွေထောင်ချီကြာလို့ အိုလာတဲ့အခါ သူ့ကိုသူ မီးနဲ့ဆေးကြောပြီး အတောင်သစ်တွေပြန်ပေါက်စေကာ အသစ်တဖန်ပြန်လည်နုပျိုသွားတယ်လို့ ဆိုကြပါတယ်။


(၂) စင်တော်ခေါ် မြင်းတစ်ပိုင်းလူတစ်ပိုင်း



ဒီသတ္တဝါဟာလည်း ဂရိလူမျိုးတွေရဲ့ ယုံကြည်မှုထဲက တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ တိုက်ခိုက်ရေးရာမှာ ကျွမ်းကျင်တဲ့ စစ်သည်တွေလို့လည်း ဆိုကြပါတယ်။


(၃) ရေသူမ



ရေသူမနဲ့ပတ်သက်ပြီး ပုံပြင်တွေ၊ အဆိုတွေအများကြီးတော့ရှိပေမယ့် တကယ်ရှိလား မရှိလားဆိုတာကိုတော့ ဘယ်သူမှတိတိကျကျ မပြောနိုင်ပါဘူး။ တစ်ချို့ကလည်း ရှိကိုရှိမယ်လို့ ယုံကြည်ကြလို့ ယနေ့ထိတိုင် ရှာဖွေနေကြဆဲဖြစ်ပါတယ်။


(၄) နဂါး



လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀၀၀)ကျော်လောက်ကတည်းက နဂါးအကြောင်းကို တွင်ကျယ်စွာ ပြောဆိုနေကြပေမယ့် တကယ်ရှိခဲ့မရှိခဲ့ဆိုတာကတော့ ဘယ်သူမှ အတိအကျမသိနိုင်သေးပါဘူး။ နဂါးတွေဟာ ပါးစပ်ကနေ မီးတောက်သို့မဟုတ် သေစေနိုင်တဲ့ အဆိပ်ပြင်းတွေကို မှုတ်ထုတ်နိုင်ပြီး ပျံနိုင်တဲ့သတ္တဝါကြီးဖြစ်တယ်လို့ အားလုံးက ထင်မြင်နေတာဖြစ်ပါတယ်။


(၅) Sphinx



ခြင်္သေ့ခန္ဓာကိုယ်နဲ့ လူခေါင်းရှိတဲ့ ဒီသတ္တဝါဟာ အီဂျစ်နိုင်ငံကအစပြုလို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော်လောက်ကတည်းက ပြောစမှတ်တွင်ခဲ့တာဖြစ်ပါတယ်။ ဒီသတ္တဝါတွေရဲ့မျက်နှာဟာ မိန်းမလည်းရှိသလို၊ ယေက်ျားလည်းရှိပါတယ်။ တကယ်ရှိခဲ့မရှိခဲ့ဆိုတာကတော့ ဘယ်သူမှမသိပါဘူး။


Em Em


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။