contents

သတင်းများ

အာကာသယာဉ်ထဲမှာ လူ့သမိုင်းမှတ်တမ်းစာကြည့်တိုက် ထည့်သွင်းလွှတ်တင်ခဲ့

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Shwemom

ယခုလအစမှာ ကမ္ဘာမြေပြင်ပေါ်က ထွက်ခွာခဲ့တဲ့ SpaceX ရဲ့ Falcon Heavy အာကာသယာဉ် သတင်းအသစ် ဖြစ်ပါတယ်။ FH ထဲမှာ Tesla Roadster ကားအနီရောင်လေးကို Starman ဆိုတဲ့ လူရုပ်နဲ့ ထည့်ပေးလိုက်ပါတယ်။Roadster ကားရဲ့ အထဲမှာတော့ ဆောက်သမ်တန်တက္ကသိုလ်က ပညာရှင်တွေ ပြုလုပ်ထားတဲ့ စီဒီပြားလေးတစ်ချပ်ကို ထည့်ပေးလိုက်တာပါ။



စီဒီပြားအသေးလေးထဲမှာ Isaac Asimov ရဲ့ သိပ္ပံဆန်းကြယ်စာအုပ်အပါအဝင် လူသားမျိုးနွယ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ထည့်ထားပြီး Arch Mission ဖောင်ဒေးရှင်းက ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ရှေးလူမျိုးတွေကလည်း သူတို့သမိုင်းကို ကျောက်စာရေးပြီး ချန်ခဲ့ကြသလိုပဲ အခုလည်း ၎င်းနည်းတူပြုလုပ်ခြင်းဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။



စီဒီချပ်လေးက လူသားတွေ တီထွင်ထားတဲ့ အချက်အလက်သိုလှောင်ပစ္စည်းတွေထဲမှာ အကြံ့ခိုင်ဆုံးဖြစ်ပြီး သလင်းကျောက်စီလီကာဖန်သားနဲ့ ပြုလုပ်ထားကာ အာကာသထဲမှာ နှစ်ပေါင်းသန်း (၁၄၀)အထိ မပျက်စီးနိုင်ကြောင်း သိရပါတယ်။ အခုလို စာကြည့်တိုက်သဖွယ် အချက်အလက်တွေကို ထည့်သွင်းတင်လွှတ်လိုက်တဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ပြင်ပ နေအဖွဲ့အစည်းထဲမှာ လူ့သမိုင်းမှတ်တမ်းကို ရှိစေချင်ခြင်းကြောင့်ဖြစ်ပါတယ်။



Arch Mission ဖောင်ဒေးရှင်းက လနဲ့ အင်္ဂါဂြိုဟ်တို့ပေါ်သို့လည်း အခုလို အချက်အလက်စာကြည့်တိုက်စီဒီ ပို့လိုကြောင်း ပြောပါတယ်။ အခုဆိုရင် FH အာကာသယာဉ်နဲ့ တင်လွှတ်ခဲ့တဲ့ Roadster ကားနဲ့ လူရုပ် Starman တို့ဟာ အာကာသထဲက အခြားအရာဝတ္ထုများကဲ့သို့ပင် လှည့်လည်သွားလာနေပါပြီ။


Elon Musk/ Instagram

အာကာသထဲက Roadster ရဲ့ တည်နေရာကို GPS စနစ်နဲ့ သိရှိနေနိုင်သေးပေမယ့် အာကာသထဲက ဖိအားတွေ၊ အပူလှိုင်းတွေကြောင့် အချိန်မရွေးတည်နေရာ မှားယွင်းပြမှုတွေ ရှိလာတော့မှာဖြစ်ပြီး အင်္ဂါဂြိုဟ်ကနေ လမ်းကြောင်းချော်သွားပြီဖြစ်တဲ့ Roadst ရဲ့ မိုင်သန်း (၂၅၀)ခရီးဟာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်ကြသေးပါဘူး။ Roadster ဟာ လမ်းကြောင်းနဲ့ ဝေးသွားတဲ့အလျောက် အာကာသထဲရှိ ဥက္ကာခဲများနဲ့ အပူလှိုင်းများရဲ့ ဒဏ်ကိုတော့ ခံရဦးမှာဖြစ်ကြောင်း ပညာရှင်များရဲ့ ဖော်ပြချက်အရ သိရပါတယ်။


White (Shwemom)


Ref: Dailymail UK


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။