Lotayamm

search
မာတိကာ

contents

သတင်းများ

မြဝတီ-ကော့ကရိတ် အမြန်လမ်း၌ ယာဉ်တိုက်မှုဖြစ်၊ ခုနစ်ဦး ဒဏ်ရာရရှိ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
 
ဖြစ်စဉ်မှာ မြဝတီ-ကော့ ကရိတ်အမြန်လမ်းမကြီးကီလိုမီတာ (၁၄ဝ)နှင့် (၁၄၁)ကြား ကော့နွဲကျေးရွာ အနီးတွင် ဖေဖော်ဝါရီ ၁၂ရက် ညနေ ၆နာရီခွဲက ယာဉ်တိုက်မှု ဖြစ်ကြောင်းသတင်းအရ ကော့ ကရိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးထူး အောင်ရွှေနှင့်ယာဉ်ထိန်းတပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်ပွားရာ နေရာသို့ သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာ မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ခရီးသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနစ်ဦး တင်ဆောင်၍ ယာဉ် မောင်းစောသောရေ(၃၁)နှစ် မောင်းနှင်သောယာဉ်အမှတ် 7L/---Frontier Navara အမျိုးအစား ရွှေအိုရောင်ယာဉ်သည် အခင်း ဖြစ်ရာနေရာအရောက် ရှေ့မှသွား
နေသော Honda Fit အဖြူရောင် ယာဉ်အားကျော်တက်ရာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်ဘက်မှ ယာဉ် မောင်း တေဇ(၅၃)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 5J/ ---- Canter အမျိုးအစားအဖြူ ရောင်ယာဉ်အားတိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ရွှေအို ရောင်ယာဉ်ပေါ်ပါခရီးသည်များ ဖြစ်ကြသည့် ကော့ကရိတ်မြို့ ကော့ ဝါလဲကျေးရွာနေ ဖွေးတူးလူး(၇ဝ)နှစ်အပါအဝင် ခရီးသည်အမျိုးသမီးခုနစ်ဦးမှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ကြပြီး ကော့ကရိတ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကားများဖြင့် ကော့ကရိတ်ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ကော့ ကရိတ်မြို့ ကော့ဝါလဲကျေးရွာနေ ယာဉ်မောင်း စောသောရေ(၃၁)နှစ်အား ရဲအုပ်သန်းနိုင်ရွှေက တရား လိုပြုလုပ်တိုင်ကြားရာ ကော့ကရိတ် မြို့မရဲစခန်းမှ ယာဉ်(ပ)၁၂/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၂၇၉/ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
 
KKTM(MWD)
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။