contents

သတင်းများ

ရှေးဟောင်းပစ္စည်း စုဆောင်းထားသူများ မိမိပိုင်ဆိုင်သည့် ပစ္စည်းများကို တရားဝင် မှတ်ပုံတင်ခြင်း အခမဲ့ဆောင်ရွက်နိုင်၊ ခိုးယူခံရခြင်းမှ တရားဝင် ကာကွယ်ပေးခြင်းနှင့် နိုင်ငံတကာပြပွဲတွင် ပြသခွင့်ရရှိမည်

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
''ရှေးဟောင်းပစ္စည်းဝတ္ထု တွေကိုတချို့တွေက ဝါသနာအရ ဝယ်ယူစုဆောင်းထားတာတွေရှိတယ်။ ဒီလိုစုဆောင်းထားတဲ့သူ တွေအနေနဲ့ကိုယ့်ပစ္စည်းကို တ ရားဝင်မှတ်ပုံတင်ထားနိုင်ပါပြီ။မှတ် ပုံမတင်ထားရင် တရားမဝင်ရှေး ဟောင်းပစ္စည်းလက်ဝယ်ထားရှိတဲ့အတွက် အရေးယူခံရနိုင်ပါတယ်။ တကယ်လို့ တရားဝင်မှတ် ပုံတင်ထားမယ်ဆိုရင်ခိုးယူခံရရင် ရဲကိုတိုင်ကြားနိုင်ပြီး တရားဥပဒေအရ အကာအကွယ်ရမယ်။ နိုင်ငံတကာပြပွဲတွေမှာသွားရောက်ပြသခွင့်ရှိမယ်။ ပြတိုက်တွေမှာလည်း ပြသနိုင်မယ်''ဟု ရှေးဟောင်း သု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဆွေးနွေးပွဲတွင် ပြောသည်။ အဆိုပါဆွေးနွေးပွဲကို ဖေ ဖော်ဝါရီ ၁၃ ရက် မှ ၁၅ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ၁၃ ရက် ဆွေးနွေးပွဲတွင် ယူနက်စကိုမှ ပညာရှင်များကလည်း မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် ကျန်ရှိနေသည်များကို ဆွေးနွေးခဲ့ကြသည်။
''မြန်မာနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ အင်မတန်စိတ်အားထက်သန်တာကိုတွေ့ရပါတယ်။ ယူနက်စကို ရဲ့တွေ့ရှိချက်အရ စေတီတော်နဲ့ ဘုန်းကြီးကျောင်းတွေမှာရှိတဲ့ ရှေး ဟောင်းဝတ္ထုပစ္စည်းတွေကို စာရင်း ကောက်ယူထားနိုင်ခြင်းမရှိတဲ့အတွက် ခိုးယူခံနေရတာတွေများနေပါတယ်။ မြန်မာနိုင်ငံက စာရင်းပြုစုထားမှသာ အခြားနိုင်ငံများကို ရောက်သွားရင် ယူနက်စကိုကပြန် လည်တောင်းယူပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ရဟန်းသံဃာ တော်တွေကို ဒီလိုအသိပညာမျိုး တွေ သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနကပေးဖို့ လိုအပ် နေပါသေးတယ်။ စာရင်းသေချာ ပြုစုပြီး မှတ်ပုံတင်ထားဖို့လည်းလိုပါတယ်''ဟု ယူနက်စကိုမှ ပညာရှင် Etienne Clement ကပြောသည်။
လှည်းကူးသမိုင်းပြတိုက်တည် ထောင်သော ဆရာတော်တစ်ပါးကလည်း'' ဆရာတော်တို့ပြတိုက်မှာပြမယ့်ပစ္စည်းလေးတွေ အခုမှတ်ပုံတင်လိုက်ပါပြီ။မှတ်ပုံတင်ထားရင် ပိုအကာအကွယ်ရမယ်ထင်လို့ပါ''ဟု မိန့်ကြားသည်။ အရေအတွက်နည်းပါးလှသည့် ဘိုးဘွားပိုင်ပစ္စည်းများကိုမူ ခြွင်းချက်အနေဖြင့် မှတ်ပုံတင်စ ရာမလိုကြောင်းသိရသည်။ ''ဘိုးဘွားပိုင်ပစ္စည်းတွေ ဥပမာ ရွှေဘီးတို့ ရွှေဘယက်တွေ တစ်ခု နှစ်ခုလောက်ကိုတော့ မှတ်ပုံတင်စရာမလိုပါဘူး။ ကိုယ်ကြိုက်နှစ်သက်လို့ဝယ်ထားတာတွေ၊ ပြတိုက်လုပ်ဖို့ဝယ်ထားတာတွေဆို ရင်တရားဝင်မှတ်ပုံတင်ထားရင် ပို ကောင်းပါမယ်''ဟု ဦးကျော်ဦးလွင်က ပြောသည်။
တရားဝင်မှတ်ပုံတင်ခြင်းကို တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနခွဲတိုင်းက အိမ်တိုင်ရာရောက်အခမဲ့ဝန်ဆောင်မှု ဖြင့် မှတ်ပုံတင်ပေးသွားမည်ဖြစ် ကြောင်းနှင့်(၁)ပရိုင်းမိတ်များ၊(၂) အချို့သည် ရှားပါးသောပစ္စည်းများ ဖြစ်၍ နိုင်ငံပိုင်အဖြစ်သာထားရှိမည်ဖြစ်ကာ မည်သူ၊ မည်သည့် အဖွဲ့အစည်းမှပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ခွင့်မရှိကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ သိရသည်။
TTHL
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။