Lotayamm

search
မာတိကာ

contents

သတင်းများ

ရန်ကုန်တွင် ထန်းတပင်မြို့အနီးဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်၊ ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
အဆိုပါငလျင်မှာ ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့၏အရှေ့ တောင်ဘက် နှစ်မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး အင်အားနည်းသော်လည်း ရန်ကုန် မြို့မှာ ဗဟိုချက်နှင့်နီးသည့်အတွက် ပြည်သူများသိသိသာသာခံစားလိုက် ရခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေ ငလျင်ဌာနခွဲမှသိရသည်။
''အခု လှုပ်သွားတဲ့ငလျင်က အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၉ အဆင့်ရှိပါတယ်။ အင်အားသေးပေ မယ့်လည်း ရန်ကုန်မြို့ကဗဟိုချက် နဲ့ နီးတဲ့အတွက် သတိပြုမိကြတာ ဖြစ်ပါတယ်။ အဲဒီဘက်အခြမ်းတွေ က ပြတ်ရွေ့ကြောအသေးလေးတွေ ပဲရှိပါတယ်။ နာမည်လည်းမရှိပါ ဘူး''ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင် ဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာယဉ်မျိုးမင်း ထွေးက ဒီမိုကရေစီတူဒေးသို့ ပြော သည်။
ဇန်နဝါရီ ၁၂ ရက် မြန်မာ စံတော်ချိန် ဝဝ နာရီ ၅၆ မိနစ် ၂၃ စက္ကန့်အချိန်ကလည်း ဖြူးမြို့၏ အနောက်-အနောက်တောင် ဘက် ၁၇ မိုင်ခန့်အကွာကိုဗဟိုပြု၍ အင် အားရစ်ခ်ျတာစကေး ၆ ဒသမ သုညအဆင့် အင်အားအသင့်အ တင့်ရှိသော မြေငလျင်တစ်ခု လှုပ် ရှားခဲ့ရာ ရန်ကုန်မြို့နေထိုင်သူများ အနေဖြင့် ငလျင်တုန်ခါမှုကို ခံစား ခဲ့ရခြင်းကြောင့် ယခုငလျင်လှုပ်ခတ် မှုအပေါ် ပိုမိုစိုးရိမ်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး စမ်း ချောင်းမြို့နယ်တွင် နေထိုင်သူ ဒေါ် ဖြူဖြူက ''အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၉ အဆင့်ဆိုပေမယ့် တော်တော်ကိုသိသာပါတယ်။ ဘုရား သောက်တော်ရေခွက်ထဲက ရေတွေ တောင် ဖိတ်တယ်။ မှန်ရှိုးကေ့စ်က မှန်တွေတောင် အသံမြည်တယ်။တော်တော်ကိုသိသိသာသာ လှုပ် သွားတာဖြစ်ပါတယ်''ဟု ဒီမိုကရေ စီတူဒေးသို့ ပြောသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း ''ကျွန်မ တို့က ခြောက်ထပ်မှာနေတော့ ငလျင် ကိုပိုသိသိသာသာ ခံစားလိုက်ရ တယ်။ ကျွန်မတို့နေတဲ့ တိုက်ကြီး တော်တော်ခါသွားတာ၊ ပိုဆိုးတာ က တစ်နေ့ကတင်လှုပ်ခဲ့တဲ့ ငလျင် ကလည်း သိသိသာသာဆိုတော့ ပိုပြီး ကြောက်လန့်မိတာပါ''ဟုပြော သည်။
ဇန်နဝါရီ ၁၂ ရက်က ဖြူးငလျင် ၏ နောက်ဆက်တွဲငလျင်များအ ဖြစ် ဖြူးမြို့၏အနောက် -အနောက် တောင်ဘက် ၂၄ မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်းအားရစ်ခ်ျတာ စကေး ၅ ဒသမ ၃ရှိ အင်အားအ သင့်အတင့်ရှိ မြေငလျင်တစ်ကြိမ်၊ ဖြူးမြို့၏ အနောက် -အနောက် တောင်ဘက် ၁၆ မိုင်ခန့်အကွာ အင်အားရစ်(ခ်ျ)တာစကေး ၅ ဒသမ ၃ ရှိ အင်အားအသင့်အတင့်ရှိ မြေ ငလျင်တစ်ကြိမ်၊ ဖြူးမြို့၏အနောက် ဘက် ၂၅ မိုင်ခန့်အကွာ အင် အားရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် တစ်ကြိမ်၊ ဖြူးမြို့၏ အနောက်ဘက် ၂၅ မိုင်ခန့်အကွာတွင် အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ရှိ အင်အားအနည်းငယ်ရှိ မြေငလျင် တစ်ကြိမ်၊ ဖြူးမြို့၏ အနောက် တောင်ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၆ ရှိ အင်အားအနည်း ငယ်ရှိသော မြေငလျင်တစ်ခုလည်း လှုပ်ခတ်သွားခဲ့သေးကြောင်း သိရ သည်။
ငလျင်ဆိုသည်မှာ ကြိုတင်ခန့် မှန်းလို့မရခြင်းကြောင့် ငလျင်နှင့် ပတ်သက်ပြီး ထုတ်ပြန်လမ်းညွှန် ပေးထားချက်များကို လိုက်နာ ဆောင်ရွက်သင့်ကြောင်းလည်း သိ ရသည်။
AA, DemocracyToday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။