contents

သတင်းများ

အလုပ်ထုတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိဟုဆိုကာ မြောက်ဦးမြို့နယ်မှ အလယ်တန်းပြဆရာမတစ်ဦး သတင်းစာရှင်း၊ အချက်အလက်ခိုင်လုံသောကြောင့် အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတုံ့ပြန်

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
yangonmedia
ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်အောက် တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည် နယ်မြောက်ဦးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာမဒေါ်အေးမြ သိန်းစာသင်နေစဉ် အလယ်တန်းပြ ဆရာမဖြစ်သူ ဒေါ်နုနုနှင့် သမီးဖြစ် သူအလယ်တန်းပြဆရာမ ဒေါ်မီမီ ကျော်တို့က ဝင်ရောက်ကာရိုက်နှက် ခဲ့ကြောင်း၊ ဆရာမ ဒေါ်အေးမြသိန်း က မြို့နယ်ပညာရေးမှူးရုံးသို့ အရေး ယူပေးရန်တင်ပြသည့်အတွက် ရခိုင်ပြည်ပညာရေးမှူးရုံးမှ ရှေးဦး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တာဝန်ပေးခဲ့ ပြီး ရှေးဦးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ကြောင်း၊ ရှေးဦးစုံစမ်းစစ်ဆေးမှု ပြုလုပ်သည့် အစီရင်ခံစာအရ ရခိုင်ပြည်နယ်ပညာ ရေးမှူးရုံးမှ ဌာနဆိုင်ရာ စုံစမ်းစစ် ဆေးမှု ထပ်မံပြုလုပ်ခဲ့ရာ ဝင်ရောက် ရိုက်နှက်သူ ဆရာမဒေါ်နုနုနှင့် အရိုက် အနှက်ခံရသူ ဆရာမဒေါ်အေးမြသိန်း တို့ကို ကျူရှင်ပြသခြင်းနှင့် စာသင် ခန်းအတွင်း ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် တစ်ဆင့်နိမ့် ရာထူးလျှော့ချကာ ကျောင်း ပြောင်းရွှေ့ခန့်ထားခဲ့ ကြောင်း၊ ဆရာမ ဒေါ်မီမီကျော်မှာ မူ မိခင်ဒေါ်နုနုအား တားဆီးရန် ဝင်ရောက်လာခြင်း ဖြစ်သည့်အတွက် အပြစ်ပေးခြင်းမခံရကြောင်း သိရ သည်။
ဆရာမဒေါ်နုနုသည် မူလတန်း ပြအဖြစ် ရာထူးလျှော့၍ပြောင်းရွှေ့ ခန့်ထားသော အထက (ခွဲ)ညောင် ပင်လှသို့ အလုပ်တာဝန်ထမ်းဆောင် နေသော်လည်း ဒေါ်အေးမြသိန်းအ နေဖြင့် မူလတန်းပြရာထူးအဖြစ် လျှော့ ၍ပြောင်းရွှေ့ခန့်ထားသော အလက (ခွဲ)ချောင်းသစ်သို့ အလုပ်ဝင်ရောက် ခြင်းမရှိသည့်အပြင် သက်သေမပြ သနိုင်သည့်အချက်များ ပါဝင်သော တိုင်ကြားစာဖြင့် ထပ်မံတိုင်ကြား သဖြင့် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေး မှုထပ်မံပြုလုပ်ကြောင်း၊ ဌာနဆိုင်ရာ စစ်ဆေးချက်အရ တိုင်ကြားမှုမှာ မှန် ကန်ခြင်းမရှိသည့်အတွက် မိမိအ ထက်အရာရှိများအား ဂုဏ်သိက္ခာ ကျဆင်းစေရန် မဟုတ်မမှန်လုပ်ကြံ ၍နည်းမျိုးစုံဖြင့် တိုင်ကြားခြင်း၊ ပြောင်းရွှေ့ခံရသော ကျောင်းတွင် အလုပ်ဝင်ရောက်မှု မရှိခြင်းတို့အ တွက် အခြေခံပညာဦးစီးဌာနသို့ တင်ပြပြီး ဦးစီးဌာနမှ ရာထူးမှထုတ် ပယ်ရန် ညွှန်ကြားချက်အရ ထုတ် ပယ်ခဲ့ရခြင်းဖြစ်ကြောင်း ရခိုင်ပြည် နယ် ပညာရေးမှူးရုံးမှ သိရသည်။
''ကျွန်မကကျူရှင်လည်းမသင် ပါဘူး။ အမိန့်ချခဲ့တဲ့အတိုင်း ၂ဝ၁၇ ဧပြီလ ၄ ရက်နေ့မှာ မြောက်ဦး မြို့နယ်အလက(ခွဲ)မှာ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ အလုပ်ဝင်ကြောင်း ကျောင်းအုပ်ကြီးရဲ့ ထောက်ခံချက် လည်းရှိပါတယ်။ ကျွန်မကိုဘာလို့ ရိုက်နှက်ခဲ့တာလဲဆိုတာလည်း ဒီနေ့ အထိနားမလည်ခဲ့ပါဘူး။ ခိုက်ရန်ဖြစ် ပွားတာလည်းမဟုတ်ပါဘူး။ ကျွန်မက အရိုက်ခံခဲ့ရတာပါ။ ကျွန်မဘက်က ဘာမှပြန်မလုပ်ခဲ့ပါဘူး''ဟု သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သူ ဒေါ်အေးမြ သိန်းက ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ရခိုင်ပြည်နယ်ပညာရေးမှူးရုံးအ နေဖြင့် ဆရာမဒေါ်အေးမြသိန်း သည် ကျူရှင်ပြသခြင်းနှင့် စာသင် ခန်းအတွင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ပညာရေးဌာန၏ ဆုံးဖြတ်ချက်များကို လိုက်နာမှုမရှိခြင်း၊ အထက်အရာရှိ များအား မဟုတ်မမှန်ဂုဏ်သိက္ခာကျ ဆင်းစေရန် နည်းမျိုးစုံဖြင့် ကြံစည် ဆောင်ရွက်နေခြင်းကြောင့် လက်ရှိ ရာထူးမှ ထုတ်ပယ်ခဲ့ရခြင်းဖြစ်ကြောင်း ဒီမိုကရေစီတူဒေး၏ဆက်သွယ်မေး မြန်းမှုအပေါ် ဇန်နဝါရီ ၁၃ ရက်က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဒေါ်အေးမြသိန်းအနေဖြင့် မဟုတ်မမှန်ဘဲ ဆက်လက်စွပ်စွဲပြော ဆိုနေမှုများရှိပါက ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးအနေဖြင့် တရား ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ် ကြောင်းလည်း ဦးစိန်ထွန်းလှက ဆို သည်။
''သူတို့ကျူရှင်သင်ပါတယ်။ သင်လို့သက်ဆိုင်ရာငွေပေးတဲ့အ ခါမှာ ဒေါ်နုနုကိုရသင့်ရထိုက်တဲ့ ငွေ မပေးဘူး။ ငွေသုံးသောင်းကျော် လောက်ဖြတ်ထားတယ်လို့ပြော တယ်။ အဲဒါအချေအတင်ပြောပြီး ဖြစ်ကြတာခင်ဗျ။ ကျောင်းအုပ်ဆ ရာကြီးလည်း သက်သေရှိပါတယ်။ သူတို့ကျူရှင်သင်တာ။ သူ့ကိုအ လုပ်ဖြုတ်တာ ကျူရှင်ကိစ္စကြောင့် မ ဟုတ်ဘူး။ သူကအထက်ကအကြီး အကဲတွေကို သိက္ခာကျအောင် အ မျိုးမျိုးစွပ်စွဲတယ်။ သူတိုင်တာတွေ ကိုလာစစ်တယ်။ စစ်တော့သူတိုင်တဲ့ အချက်တွေကို တစ်ချက်မှသက်သေ မပြနိုင်ဘူး။ အဲဒါနဲ့သူ့ကိုအလုပ် ဖြုတ်လိုက်တာ။ ကျွန်တော်တို့က တော့ ဆက်လက်စွပ်စွဲနေဦးမယ်ဆို ရင်တော့ တရားဥပဒေအရပဲ ဆောင် ရွက်သွားပါ့မယ်''ဟု ဦးစိန်ထွန်းလှ ကဆက်လက် ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သူ ဒေါ်အေးမြသိန်းသည် ရခိုင် ပြည်နယ်ပညာရေးဌာနတွင်လုပ် သက်(၃၄)နှစ်ကျော် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ 
ATK, DemocracyToday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။