Lotayamm

search
မာတိကာ

contents

သတင်းများ

တကယ်အားကျသင့်တဲ့စုံတွဲတွေဆိုတာ

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

         တစ်တွဲနဲ့တစ်တွဲ ချစ်ပုံ ချစ်နည်းခြင်းမတူသလို ဖန်တီးတည်ဆောက်ထားတဲ့ RS ပုံစံတွေကလည်းမတူကြပါဘူး။ ကိုယ့်အတွဲမှာ ကိုယ့်ချစ်သူက ဘာမရှိလို့ဟိုဘက်တွဲမှာ ကတော့ဘယ်လိုတွေပြည့်စုံလို့ဆိုပြီးတစ်ချို့သောသူတွေရဲ့ အတွင်းစိတ်မှာ အားကျမှုတွေ မနာလိုမှုတွေ ဖြစ်များလာပြီး ကိုယ်တိုင်တည်ဆောင်ထားတဲ့RS အပေါ် ယုံကြည်မှုတွေပျက်ပြယ် တက်ပါတယ်။ ဆိုတော့စုံတွဲတိုင်း ရဲ့ကောင်းတာလေးတွေကိုပဲ မြင်ပြီး အားကျစိတ် မနာလိုစိတ်တွေမထားပဲ တကယ် အတုယူအားကျသင့်တဲ့စုံတွဲ ဖြစ်အောင်နေပါ။ တကယ်အားကျသင့်တဲ့စုံတွဲတွေဆိုတာ…

(၁) တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိတယ်

RS တစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ။ သစ္စာ မရှိပဲ ဖောက်ပြန်ခြံခုံနေတဲ့ အတွဲတွေများ နေတဲ့အချိန်မှာ ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေနေမျိုးရောက်ရောက် ကိုယ့်ထက် ဘယ်လောက်သာတဲ့သူပဲတွေ့တွေ့ မပြယ်သောမေတ္တာနဲ့ ကိုယ့်အပေါ် တန်ဖိုးထားပြီး ချစ်မြတ်နိုးတာပါလိမ့်မယ်။

(၂) တစ်ယောက်နဲ့တစ်ယောက် လေးစားတယ်

တစ်ယောက်လုပ်ဆောင်တဲ့ အလုပ်တစ်ခုအပေါ် တစ်ယောက်က အကောင်းမြင်ပေးပြီး ယုံကြည်ပေးခြင်းဟာ အားကျစရာပါ။ တစ်ယောက်ရဲ့ အားနည်းချက်ကိုပဲထောက်ပြနေတာမျိုးမဟုတ်ပဲ

တစ်ယောက် ရဲ့ယုံကြည်ရာကို လိုက်ယုံကြည်ပေးနိုင်ကြပါတယ်။

(၃) ကြင်နာတယ်

တစ်ယောက်ပေါ်တစ်ယောက် ဘယ်အချိန်ရောက်ရောက် ဖေးမကူညီပြီး ကြင်နာပေးတက်ကြတယ်။ ဥပမာ-ကားလမ်းဘေးမှာ လမ်းလျှောက်ရင် မိန်းကလေးကို အထဲဝင်ခိုင်းတာမျိုး၊ ကိုယ့်ကောင်လေးအလုပ်ရှုပ်နေလို့ စားရမှာမေ့နေတဲ့အခါ စားစရာလုပ်ပြီး လာပို့ပေးတာမျိုး ၊ ဒီလို အမူရာလေးတွေဟာ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရတဲ့ ကြင်နာမှုတွေပါ။ ဒီလိုတစ်ယောက်ပေါ်တစ်ယောက်ကြင်နာတဲ့စုံတွေးလေးတွေဟာ ချစ်စရာကောင်းပြီး အားကျစရာလည်းကောင်းပါတယ်။

(၄) ရည်ရွယ်ချက်ခိုင်မာတယ်

နှစ်ဦးသားရှေ့ဆက်ရမဲ့ ဘ၀ခရီး အတွက် စဉ်းစားထားတာတွေရှိတယ်။ ရည်ရွယ်ထားတာတွေရှိတယ်။ ရည်ရွယ်ချက်တိုင်းကို အကောင်ထည်ဖော်ပေးဖို့အတွက်လည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း ဖြစ်မြောက်လာသည်ထိ လက်တွဲမဖြုတ်ပဲ ကြိုးစားကြတယ်။

(၅) ပျော်ရွှင်စွာနေထိုင်တယ်

တွေ့ဆုံရန်ခက်ခဲတဲ့လူ့ဘ၀တိုတိုလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ပျော်စရာကောင်းတဲ့ အချိန်လေးတွေဖန်တီးပြီး နေထိုင်ကြတယ်။ ရန်ဖြစ်ဒေါသတွေထွက်လည်း နောက်ဆုံးမခွဲနိုင်ပဲ တစ်ယောက်နားမှာပဲတစ်ယောက်ရပ်တည်ကြတယ်။

(၆) တစ်ယောက်စိတ်ကိုတစ်ယောက်သိတယ်

ကိုယ့်ချစ်သူဘာလိုအပ်နေလဲ ဘာလုပ်ပေးရမလဲ အမြဲ အတွေးထဲမှာရှိပြီး ချက်ချင်းထလုပ်ပေးဖို့အဆင်သင့်မဖြစ်သေးရင်တောင် တစ်ချိန်ချိန်မှာဖြစ်အောင်လုပ်ပေးတက်ကြတယ်။

တစ်စုံတစ်ယာက်နဲ့သင်ချစ်နေတဲ့အချိန်မှာ အပေါ်ကအချက်တွေတိုင်း သင်တို့RS ဘ၀က ဖြစ်နေတယ်ဆိုရင် တစ်ခြားစုံတွဲတွေ တစ်ခြားဘ၀တွေကို ထိုင်အားကျနေစရာမလိုပါဘူး။ တကယ်ပြီးပြည့်စုံပြီးလူတိုင်းအားကျသင့်တဲ့အေးချမ်းတဲ့RSဘ၀ကို ရထားပြီးသားဖြစ်နေလို့ပါ။ ကောင်းမွန်တဲ့RSဘ၀တွေကို တည်ဆောက်ပြီး လူတိုင်းတကယ်အားကျသင့်တဲ့စုံတွဲတွေဖြစ်ကြပါစေလို့ဆုတောင်းရင်း…