contents

သတင်းများ

ညဏ်ရည်မြင့်သူတွေသာ တွေ့ကြုံရတဲ့အခက်အခဲတွေ

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

ဘယ်လိုပါလိမ့်။ ညဏ်ရည်မြင့်တယ်လည်းပြောသေးတယ် အခက်အခဲကလည်းတွေ့သေးသတဲ့။ ဘယ့်နှာကြီးတုန်း။ အပြစ်တင်မစောပါနဲ့လေ။ ညဏ်ရည်မြင့်သူတွေလည်း ဦးနှောက်ကသာ သူများထက်သာနေတာ လူကတော့ လူထဲကလူပဲဖြစ်တဲ့အတွက် အခက်အခဲတွေကြုံရပါတယ်။သာမန်လူတွေလို ညည်းမနေတတ်တာရယ်အချစ်ရေးကိုမှ အခက်အခဲကြီးတွေ့လှပါပြီ။ဒီတောင်ကိုမောင်ကျော်မယ် မြင်းမိုရ်မို့လားတို့ ဘာတို့ အထာကျကျ အော်ဟစ်ညည်းညူနေတာမျိုးမလုပ်တတ်တာကြောင့်ပါ။သင်က ညဏ်ရည်မြင့်သူတစ်ယောက်ဆိုရင်တော့ ဖော်ပြပါအခက်အခဲတွေတစ်ခုမဟုတ်တစ်ခုကြုံရမှာအမှန်ပါပဲ။ ကံကောင်းရင် အတွဲလိုက်ကြီးတွေတောင်ကြုံရနိုင်သေး အဟေးဟေး။

ညဏ်ရည်မြင့်သူတွေသာ တွေ့ကြုံရတတ်တဲ့အခက်အခဲတွေကတော့….


 


အလ္လာပသလ္လာပတွေ မပြောချင်ဘူး


ဟုတ်ပါတယ်။ ထမင်းစားပြီးပြီလားကစလို့ ဘယ်မင်းသမီးကတော့ဖြင့်ဘယ်လို ညက ဘာပွဲရှုံးသွားတယ်ကွာတို့လိုမျိုး ဘယ်တော့မှမတိမ်ကောသွားတဲ့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုထဲ ဘယ်လိုမှအံမဝင်ပါဘူး။ သာမန်စကားဝိုင်းတွေက သင့်ကိုမဆွဲဆောင်နိုင်တော့တာကြာခဲ့ပြီဆိုရပါမယ်။ သင့်ခေါင်းထဲတွေးနေတာတွေက ဒုံးပျံထွင်ဖို့လို အာကာသလေ့လာရေးတို့လိုဘာမှအကြီးကြီးတွေမဟုတ်ရင်တောင်မှ နေ့တဓူဝပြောဆိုနေရတဲ့ ထမင်းစားရေသောက်စကားတွေကို သင်ငြီးငွေ့ပါတယ်။ ပဋိသန္တာရစကားတွေကို အပိုအလုပ်တွေလို့ယူဆပြီး အလကားနေအပြန်အလှန်မြှောက်ပင့်ပြီး စိတ်ထဲကကြိတ်ပြိုင်နေကြတဲ့ မြို့ပြခင်မင်မှုတွေဆက်ဆံရေးတွေကို သင်စက်ဆုပ်ပါတယ်။ လိုရင်းတိုရှင်းပြောစရာရှိပြော လုပ်စရာရှိလုပ်ပြီး ခပ်အေးအေးပဲနေချင်သူပါ။


 


အချို့အရာတွေကို တုံ့ပြန်မှုနောက်ကျလာတယ်


လူကတိတ်တိတ်ဆိတ်ဆိတ်လေးနေချင်လို့ပါဆိုမှ ဘေးမှာအော်ကျယ်အော်ကျယ် ဟောင်ဖွာဟောင်ဖွာနဲ့ စကားလာများနေကြရင်တော့ နားနှစ်ဖက်ပိတ်ပြီးသာအော်ငိုလိုက်ချင်တော့တာပါပဲ။ တစ်ခါတစ်လေကျလည်း ကိုယ့်ဘေးကလူကပြောချင်တာပြော ကိုယ်ကလည်းတွေးချင်ရာတွေးနဲ့ သူတို့မေးတဲ့မေးခွန်းတွေကိုအဖြေနောက်ကျလာမယ်။သတိမထားမိလုက်ဘူး။အဲဒီမှာ လူမှုရေးခေါင်းပါးတယ်တို့ ဂေါက်ကြောင်နေလားမသိဘူးတို့ လျှောက်ပြောကြတော့တာပဲ။သူတို့စိတ်နဲ့မတွေ့ရင် ရှုတ်ချတတ်တဲ့ လူ့အဖွဲ့အစည်းကြီးက ကြောက်ဖို့ကောင်းပါလားနော်။


 


တစ်ခုခုလုပ်နေရင်းနဲ့ စိတ်ဝင်စားမှုလျော့နည်းလာမယ်


ကိုယ်လုပ်နေတဲ့အလုပ်က ပုံမှန်နေ့စဉ်မပြောင်းလဲတဲ့အလုပ်ဖြစ်နေရင် ဒုက္ခနဲ့လှလှတွေ့တာပါပဲ။ ဟင်းချက်တာတို့ စာရေးတာတို့ဆိုရင်တော့တစ်မျိုးပေါ့နော် နှစ်ခုလုံးက အနုပညာကိုး။ အဲ…

စာရင်းလုပ်ရတာတို့ စီမံခန့််ခွဲရတာတို့ဆိုရင်တော့ သေပြီဆရာပဲ။ လုပ်နေရင်းနဲ့ကိုပျင်းလာမယ်။ငါဒါကြီးဘာလို့လုပ်မိနေတာပါလိမ့်တို့ တွေးစပြုလာမယ်။စိတ်ပျက်လက်ပျက်ဖြစ်လာပါလိမ့်မယ်။

ဘာလို့ဆို သင်က ပြောင်းလဲနေတဲ့ စိန်ခေါ်မှုအသစ်အသစ်တွေကိုမှ ရင်ဆိုင်ချင်တဲ့လူ၊ဒီလိုမှမဟုတ်လည်းကိုယ့်အိပ်ခန်းလေးထဲမှာကိုယ် နဖူးပေါ်လက်တင်နေချင်တဲ့သူကိုး။


 


တစ်စုံတစ်ယောက်ကို ချစ်မိဖို့ခက်ခဲလာမယ်


အဲဒါက ပြဿနာအကြီးကြီးပါ။ သင့်အနေနဲ့ ရည်းစားတွေဟောတစ်ယောက်ဟောတစ်ယောက်ပြောင်းနေတဲ့ သူငယ်ချင်းတွေကို တအံ့တသြကြည့်မိနေမယ်။သင့်အတွက်တော့ ရည်းစားထားဖို့ဆိုတာအတော်ကြီးစဉ်းစားဆုံးဖြတ်ရမယ့်ကိစ္စဖြစ်နေတာကိုး။ သင်က အလကားအချိန်ကုန် စိတ်ပင်ပန်းပြီးဘာမှလည်းအဖတ်တင်မကျန်ရစ်မယ့် အပျော်ရည်းစားတွေလည်းထားချင်သူမဟုတ်ပေဘူး။

ဒီလိုပဲ အတည်ရည်းစားထားဖို့ကျ ဘဝတစ်လျှောက်လုံး အရာရာအဆင်ပြေဖို့ ကြိုတွေးရတာတွေရှိလာမယ်၊အဓိကက တစ်စက္ကန့်ကိုတစ်မျိုးပြောင်းနေနိုင်တဲ့သင့် စိတ်ခံစားချက်တွေကို ကိုင်တွယ်နိုင်

မယ့်သူဖြစ်ဖို့ သင့်အူကြောင်ကြောင်အတွေးအခေါ်တွေတိုင်းကို နားလည်နိုင်မယ့်သူ၊သင်နဲ့အပြန်အလှန် ပြောဆိုဆွေးနွေးနိုင်တဲ့သူနဲ့ ဘာမဟုတ်တဲ့အရာလေးတွေကိုကပ်သီးကပ်သတ်တွေလိုက်

စဉ်စားနေမိတဲ့အခါ သင့်ခေါင်းကိုခပ်ဖွဖွပွတ်ပြီး ပြုံးပြမယ့်သူ၊သင်ဘယ်လောက်ဆိုးဆိုး ကြောင်တိကြောင်တောင်တွေလုပ်လုပ် သင့်လက်ကိုဘယ်တော့မှလွှတ်ချမှာမဟုတ်ဘူးလို့ သင့်စိတ်ထဲအပြည့်အဝယုံကြည်စိတ်ချနိုင်မယ့်သူ ဖြစ်ဖို့ (ကိုယ်တို့တွေက ကိုယ်ကိုဘယ်တော့မှလွှတ်မချမယ့်သူကိုချစ်မိဖို့ထက် ကိုယ်ကချစ်မိတဲ့လူက ကိုယ့်ကိုဘယ်တော့မှ လွှတ်ချမှာမဟုတ်ဘူးလို့ ယုံကြည်နိုင်ဖို့က ပိုလိုအပ်ပါတယ်။ နောက်မှသာအဲဒီလူကလွှတ်ချသွားလို့ အကျနာတာက ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့) ။အဲဒီလိုလူမျိုးတွေ့ဖို့ကလည်း လွယ်တဲ့ကိစ္စမဟုတ်လေတော့ ကိုယ်တို့လိုညဏ်ကောင်းသူလေးတွေဟာ တော်ရုံနဲ့ ရည်းစားမရတဲ့ အောင်ဖေကတ်တွေဖြစ်နေလေရောပေါ့။


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။