Lotayamm

search
မာတိကာ

contents

သတင်းများ

အစားနဲ့ပါးစပ်မပြတ်တဲ့ အလေ့အထကို ဘယ်လိုပြင်ဆင်ကြမလဲ

နေ့ရက်:
Jan 14, 2018


အမျိုးအစား :
နေ့စဉ်ဘဝ
Trend Myanmar

ဆိတ်ပါးစပ်လိုတစွတ်စွတ်စားနေမိတဲ့ သူလေးတွေရှိကြလား။ အစားအစာဟာလူနဲ့တည့်တယ် အစာလည်းဆေး ဆေးလည်းအစာ ဘာညာသာရကာဆောင်ပုဒ်တွေကို လက်ကိုင်ထားပြီး

စွတ်စားနေတဲ့ ညဏ်ကောင်းသူလေးတွေရေ… တန်ဆေးလွန်ဘေးဆိုတာလေးလည်းသတိထားကြပါဦးနော်။ အချိန်ရှိသရွေ့တစ်ခုခုမှ ဝါးမနေရရင်မနေနိုင်တာကတော့ သင့်အစာအိမ်ကို

ညှဉ်းဆဲရာကျသလို သင့်ပိုက်ဆံအိတ်အတွက်လည်းအခြေအနေမကောင်းပါဘူး။ မကောင်းတဲ့ အဆီပါတဲ့အစာတွေပိုစားမိရင် မလိုလားအပ်တဲ့ ရောဂါဘယတွေလည်းဝင်လာနိုင်တာမို့

ကိုယ့်စိတ်ကိုထိန်းချုပ်ကြရအောင်နော်။ လက်ထဲကမုန့််ကိုချပြီး စာကိုသေချာဖတ်နော်၊လိမ်မာတယ်။


ဟုတ်ပြီ။ ကဲ…. အစားမြင် လျှာသပ်ချင်ဖြစ်နေတဲ့၊အလိုလိုကို အစာတစ်ခုခုကပါးစပ်ထဲရောက်နေတတ်တဲ့အဖြစ်ကို ဘယ်လိုထိန်းချုပ်ကြမလဲဆိုတော့……


 


စားဖို့အချိန်ယူပြင်ဆင်ရတဲ့ အစားအစာတွေစားပါ


မစားပဲမနေနိုင်ဘူးဆိုရင် အစိမ်းဖြတ်မဖြတ်ပဲ တဖြည်းဖြည်းချင်း လျှော့စားကြမယ်နော်။ စားဖို့အချိန်ယူပြင်ဆင်ရတဲ့ အစားအစာဆိုတာ အဆာပလာတွေအစုံရှိမှစားလို့ရမယ့် ထမင်းလိပ်လိုမျိုး၊အစုံသုပ်လိုမျိုး၊ဒါမှမဟုတ် အခွံခွာရတဲ့ သစ်သီးတွေလိုမျိုး၊ စားဖို့အရေးကိုပြင်ဆင်နေရဦးမယ့်အတွက် စားချင်စိတ်လည်းလျော့နည်းသွားမှာဖြစ်သလို လုပ်ရင်းကိုင်ရင်းနဲ့ပါးစပ်ထဲကောက်ထည့်မိမှာတွေလည်းရှိတော့ တော်ရုံဗိုက်ပြည့်ပြီး အများကြီးမစားမိတော့ဘူးပေါ့။


 


အာရုံထွေပြားပြီးမစားပါနဲ့ 


TV ကြည့်ရင်းစားတာတို့ ဖုန်းပြောရင်းစားတာတို့ သီချင်းနားထောင်ရင်း စာအုပ်ဖတ်ရင်းစားတာတို့ မလုပ်ပါနဲ့။ အာရုံများတာက ဘယ်တစ်ခုကိုမှလည်းဖြစ်ဖြစ်မြောက်မြောက်သတိမထားမိနိုင်ပဲ အကုန်လုံးကိုလွတ်သွားတတ်ပါတယ်။ ကိုယ်စားနေတဲ့အရာအပေါ်အာရုံထားခြင်းက စားရတာအရသာပိုရှိပြီး

အများကြီးပြည့်အင့်နေအောင်စားမိတာမျိုးလည်းမဖြစ်စေပါဘူး။


 


အကန့်အသတ်နဲ့စားပါ


သင်စားတဲ့အရာကိုအကန့်အသတ်ထားဖို့ကြိုးစားကြည့်ပါ။ အာလူးကြော်စားမယ်ဆိုပါတော့ အာလူးကြော်ဘူးက ကြီးတယ်ဆိုရင် တစ်ဘူးလုံးကြီး ထိုင်စားနေတာမျိုးမလုပ်ပါနဲ့။ နည်းနည်းလေးခွ

ထည့်ပြီးစားပါ။ ထပ်မယူဖို့လည်း ဆုံးဖြတ်ချက်ချထားပါ။


 


ဘာမှဝယ်မထားပါနဲ့


ကိုယ့်စိတ်ကိုမထိန်းနိုင်ဘူးဆိုရင်တော့ အိမ်မှာဘာမှကိုဝယ်မထားပါနဲ့တော့။ ဘာမှမရှိတာကြီးကို ဘာသွားစားရမှာလဲ နော့။


 


သွားတိုက်လိုက်ပါ


ဒါကတော့ ညဘက်ကို တစ်ခုပြီးတစ်ခုစားမိနေတဲ့ လူတွေအတွက်ပါ။ တစ်ခုခုကိုဝရုံလောက်စားပြီးတာနဲ့ သွားသာတန်းတိုက်လိုက်ပါတော့။ သွားတိုက်ဆေးအနံ့တွေနဲ့ သင်ဘာမှထပ်စားချင်တော့

မယ်မဟုတ်ပါဘူး။